images
UN
UN
မိုးညှင်းမြို့နယ် နန်းမားဒေသတွင် မူးယစ်ဆေးဝါးကင်းစင်ပပျောက်ရေး ဆန္ဒဖော်ထုတ်
ကချင်မြေနဂါး Monday, 25 June 2018
ကချင်ပြည်နယ် မိုးညှင်းမြို့ နယ် နန်းမားဒေသတွင်နေထိုင်ကြ သည့်မိဘပြည်သူလူငယ်လူရွယ်များ မူးယစ်ဆေးဝါးသုံးစွဲမှု ကင်းလွတ် ပပျောက်စေရန်ရည်ရွယ်၍ဆန္ဒဖော် ထုတ်ပွဲကို ယမန်နေ့ နံနက် ၇ နာရီ တွင် နန်းမားဘူတာအနီး အောင် ဆန်းအားကစားကွင်း၌ ပြုလုပ်ခဲ့ ကြသည်။
အစီအစဉ်အရအောင်ဆန်းအား ကစားကွင်းတွင် လူစုဝေးခဲ့ကြပြီး သတ်မှတ်ချိန်နံနက် ၉နာရီခွဲအချိန် တွင် စနစ်တကျတန်းစီလှည့်လည် ကြပြီး ''မူးယစ်ဆေးဝါးရောင်းချ သူ ဒို့ရန်သူ''၊ ''မူးယစ်ဆေးဝါး ရောင်းချမှုပပျောက်ရေး ဒို့အရေး''၊ ''မူးယစ်ဆေးဝါးရောင်းချသူအား ကူညီပေးသူ ဒို့ရန်သူ''၊ ''နိုင်ငံ တော်မှထုတ်ပေးထားသော ဝရမ်း ကို မဆောင်ရွက်သူ အလိုမရှိ''၊ ''နန်းမားမြို့အား ဖျက်ဆီးသူ ထွန်း ထွန်းအလိုမရှိ''ဟူသော ကြွေး ကြော်သံများကြွေးကြော်ကာ သတ် မှတ်လမ်းကြောင်းအတိုင်း လှည့် လည်ခဲ့ကြသည်။ ထို့နောက် စုရပ် ဖြစ်သော အောင်ဆန်းအားကစား ကွင်းသို့ ပြန်လည်ရောက်ရှိကာ ဒေါ်ချိုချိုမြင့်က မူးယစ်ဆေးဝါး အန္တရာယ်အား ဟောဟြေခဲ့ပြီး ထိုသို့ငြိမ်းချမ်းစွာစီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ပွဲအား ဦးသန်းဇော် ဝင်းကဦးဆောင်ခဲ့ကြောင်းသိရသည်။
''ကျွန်တော်တို့ နန်းမားဒေသ မှာနေထိုင်ကြတဲ့ အိမ်ခြေရာခိုင်နှုန်း ၈ဝ က မိသားစုဝင်တိုင်းမှာ မူး ယစ်ဆေးစွဲသူတစ်ယောက်ထက် မက ပိုရှိနေပါတယ်။ နန်းမားမှာ မူးယစ်ဆေးဝါးဖြန့်ဖြူးမှုနဲ့ တရားခံ ပြေးဖြစ်တဲ့ထွန်းထွန်းဆိုသူကို ရဲ တပ်ဖွဲ့ကမိအောင် ဖမ်းဆီးနိုင်ခြင်း မရှိတဲ့အတွက် မူးယစ်ဆေးဝါး အန္တရာယ်က ပိုဆိုးလာတဲ့အတွက် အခုလိုဆန္ဒဖော်ထုတ်ရတာပါ''ဟု ဆန္ဒဖော်ထုတ်ပွဲတွင်ပါဝင်သူတစ်ဦး က ဟြေကြားခဲ့သည်။
ထို့အပြင် နန်းမားဒေသအုပ်ချုပ် ရေးမှူး ဦးခင်မောင်ဌေးက''နန်းမား ဒေသမှာမူးယစ်ဆေးစွဲသူ များဟြး လာတဲ့အတွက် ယခုလ ၁ ရက်မှာ ဘိန်းအစားထိုး မက်သဒုံးဆေးတိုက် ကျွေးခဲ့တာ ယခုလ ၂ဝ ရက် အထိ မက်သဒုံးသောက်သုံးသူ ၄ဝဝ ကျော်ရှိခဲ့ပါပြီ။ ဒါကြောင့် နန်းမား ဒေသမှာ မူးယစ်ဆေးဝါးအန္တရာယ် က စိုးရိမ်ရေအမှတ်ကို ရောက်ရှိ နေတဲ့အတွက် နိုင်ငံတော်ကအကြီး အကဲတွေသိအောင် လုပ်ဆောင်ဖြစ် တာပါ''ဟု ဟြေကြားခဲ့သည်။