images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့်မော်တော်ယာဉ်ကိုင်တွယ်အသုံးပြုမှု စာတွေ့သင်တန်းဖွင့်
မျိုးညွန့်ရွှေ(မိုးနဲ) Monday, 25 June 2018

ရှမ်းပြည်နယ်(တောင်ပိုင်း)လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် မြန်မာ နိုင်ငံရဲတပ်ဖွဲ့နှင့် နမ့်ခုံးရှမ်း များ ပရဟိတအသင်းတို့ပူးပေါင်းမှုဖြင့် လမ်းအသုံးပြုသူ ပြည်သူများ၊ ယာဉ်မောင်းသူများ ယာဉ်အန္တရာယ် ကင်းရှင်းစေရေးနှင့် မော်တော်ယာဉ်မောင်းနှင်ထိန်းသိမ်းမှု စာတွေ့ သင်ကြားခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ် ကမ္ဘောဇခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးစိုးထွဋ်က အဖွင့်အမှာစကားပြောကြားပြီး လင်းခေးခရိုင် ခရိုင်ယာဉ်ထိန်းရဲ တပ်ဖွဲ့မှ ရဲအုပ်မျိုးလှိုင်ဝင်းက ယာဉ်အန္တရာကင်းရှင်းရေးဆိုင်ရာ သိကောင်းစရာများကို လည်းကောင်း၊ Cargo Link Pongrawe Logistics Company Limited မှယာဉ်မောင်းနည်းပြ စိုင်းÓဏ် လင်းဟန်က ယာဉ်တိုက်မှုများမှကာကွယ်ခြင်း၊ မော်တော်ယာဉ် မောင်းနှင်နေစဉ် အိပ်ငိုက်ခြင်းကြောင့် ဖြစ်ပေါ်နိုင်သောဆိုးကျိုးများ၊ ရာသီဥတုအမျိုးမျိုးတွင် မော်တော်ယာဉ်ထိန်းသိမ်းကိုင်တွယ်မှုများကို စာတွေ့အဖြစ် သင်ကြားပို့ချပေးခဲ့သည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ လင်းခေးခရိုင် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်နမ့်ခုံးရှမ်းများပရဟိတ အသင်းဥက္ကဋ္ဌနှင့် အသင်းဝင်များ၊ ဒေသခံပြည်သူများ စုစုပေါင်း ၆ဝ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။