images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
ငါန်းဇွန်မြို့၌ ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပ
သက်နောင်ဦး(ငါန်းဇွန်) Tuesday, 26 June 2018
မန္တလေးတိုင်းဒေသကြီး ငါန်း ဇွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၈နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများအား ၂ဝ၁၈- ၂ဝ၁၉ ပညာသင်နှစ်အတွက် ပညာ သင်စရိတ် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေး မှူး ဦးဇော်ဝင်းက အမှာစကား ပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေး မှူး ဦးဇော်ဝင်း၊ ဝန်ထမ်းမိသားစု စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အေးအေးမြိုင်နှင့်ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးဦးနေဝင်းမောင် တို့က ဝန်ထမ်းများ၏သားသမီးများ ဖြစ်သည့် မူလတန်းကျောင်းသား ကျောင်းသူ ၁၉ဦးအတွက် တစ်ဦး လျှင် ကျောင်းသုံးဗလာစာအုပ်များ နှင့်ပညာသင်စရိတ်ငွေကျပ် ၇ဝဝဝ၊ အလယ်တန်းကျောင်းသားကျောင်း သူ ၁၄ ဦးအတွက်တစ်ဦးလျှင် ကျောင်းသုံး ဗလာစာအုပ်များနှင့် ပညာသင်စရိတ်ငွေကျပ် ၁ဝဝဝဝ နှင့် အထက်တန်း ကျောင်းသား ကျောင်းသူ ခြောက်ဦးအတွက် တစ်ဦးလျှင် ကျောင်းသုံးဗလာ စာအုပ်များနှင့် ပညာသင်စရိတ်ငွေ ကျပ် ၁၅ဝဝဝ စုစုပေါင်း ဗလာ စာအုပ် ၃၉ ဒါဇင်နှင့် ပညာသင် စရိတ်ငွေကျပ် ၃၆၃ဝဝဝ ထောက်ပံ့ ပေးအပ်ပြီး ၂ဝ၁၇-၂ဝ၁၈ ပညာ သင်နှစ်တက္ကသိုလ်ဝင်တန်းဖြေဆို အောင်မြင်ခဲ့သော ကျောင်းသား ကျောင်းသူနှစ်ဦးအတွက် တစ်ဦး လျှင် ကျပ်ငါးသောင်း ထောက်ပံ့ ပေးအပ်ကြောင်း သိရသည်။