images
UN
UN
ဇူလိုင်လမှစ၍ပြည်တွင်းရေကြောင်းမှ မုံရွာ-ဟုမ္မလင်းခရီးစဉ်ပြေးဆွဲမည်
အေးချမ်းပိုပို Wednesday, 27 June 2018
ပြည်တွင်းရေကြောင်းပို့ဆောင် ရေးနှင့်မိုးမြင့်ကြယ်ကုမ္ပဏီ၊ ကြည် သာအောင်ကုမ္ပဏီတို့ဖြင့် အကျိုး တူပူးပေါင်း၍ မုံရွာ-ဟုမ္မလင်း ခရီးစဉ်ပြေးဆွဲမည်ဖြစ်ကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး မှ ယမန်နေ့သတင်းများအရ သိရ သည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာန၊ ပြည်တွင်းရေ ကြောင်းပို့ဆောင်ရေး၊ ချင်းတွင်း ဌာနခွဲမှ မုံရွာ-ဟုမ္မလင်းခရီးစဉ် အား ပြည်တွင်းရေကြောင်း ပို့ ဆောင်ရေးနှင့်မိုးမြင့်ကြယ်ကုမ္ပဏီ တို့ အကျိုးတူပူးပေါင်း၍ လူစီး/ ကုန်တင်နှစ်ထပ်ပင်လုံရေယာဉ်ဖြင့် ဇူလိုင် ၂ ရက်မှစတင်၍ လည်း ကောင်း၊ ပြည်တွင်းရေကြောင်းပို့ ဆောင်ရေးနှင့် ကြည်သာအောင် ကုမ္ပဏီတို့ အကျိုးတူပူးပေါင်း၍ ချမ်းငြိမ်းရေယာဉ်ဖြင့် ဇူလိုင် ၅ ရက်မှစတင်၍လည်းကောင်း၊ ရက် သတ္တတစ်ပတ်လျှင် နှစ်ခေါက်နှုန်း ဖြင့် အပတ်စဉ် တနင်္လာ၊ ကြာသပ တေးနေ့များ၌ မုံရွာမြို့မှ နံနက် ၆နာရီတွင်ထွက်ခွာပြီး အဆန်ခရီး ကို နှစ်ညအိပ် သုံးရက်ဖြင့်လည်း ကောင်း၊ အပတ်စဉ် တနင်္လာ၊ သောကြာနေ့များ၌ ဟုမ္မလင်းမြို့မှ နံနက် ၇ နာရီတွင် ပြန်လည် ထွက်ခွာပြီး အစုန်ခရီးကို တစ်ည အိပ် နှစ်ရက်ခရီးဖြင့်လည်းကောင်း၊ စုစုပေါင်းအသွားအပြန် ငါးရက် ကြာမြင့်မည်ဖြစ်ကြာင်း သိရသည်။
ခရီးလမ်းတစ်လျှောက် မင်း ကင်းမြို့၊ ကလေးဝမြို့၊ မော်လိုက် မြို့၊ ဖောင်းပြင်မြို့၊ သောင်သွပ်ဆိပ် ကမ်းများတွင်ဆိုက်ကပ်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။