images
UN
UN
အိန္ဒိယနိုင်ငံ၏ ITEC/TCS Program ၂ဝ၁၈-၂ဝ၁၉ ပညာသင်ဆုများ လျှောက်ထားနိုင်
မေလွင် Thursday, 28 June 2018
အိန္ဒိယနိုင်ငံ Ministry of External Affairs မှ ၂ဝ၁၈-၂ဝ၁၉ ခုနှစ် ပညာသင်နှစ်အတွက် ပေး အပ်မည့် ITEC/TCS Program အတွက် ကာလတို ကာလရှည် ပညာသင်ဆုများကို သတ်မှတ် အရည်အချင်းများနှင့်ကိုက်ညီသည့် အသင်းချုပ် CEC/EC များ၊ ဝန် ထမ်းများ၊ ညီနောင်အသင်းများမှ ဝန်ထမ်းများ၊ ကုန်သည်စက်မှု အသင်းချုပ်အသင်းဝင်ကုမ္ပဏီများ ၏အဖွဲ့ဝင်များ သို့မဟုတ် ဝန်ထမ်း များမှ သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်း ခွင့်ပြုချက်ဖြင့် ယှဉ် ပြိုင်လျှောက်ထားနိုင်ကြောင်း ကုန် သည်စက်မှုအသင်းချုပ်မှသိရသည်။
ပညာသင်ဆုများသို့ လျှောက် ထားရန် စိတ်ဝင်စားသူများသည် အသေးစိတ်အချက်အလက်များ ကို www.itecgoi.in http://www.itecgoi.in/ နှင့် http://www.itecgoi.in/meaportal/register Applicant တွင် ဝင်ရောက် လေ့လာနိုင်ပြီး အသင်းချုပ်၏ ခွင့် ပြုချက်နှင့် လျှောက်ထားရမည်ဖြစ် သည်။
ခွင့်ပြုချက်ရယူလိုပါက အသင်း ချုပ်၊ အမှုဆောင်အရာရှိချုပ်ထံ လိပ်မူ၍ ကိုယ်တိုင်ရေး လျှောက် လွှာတစ်စောင်၊ ဓာတ်ပုံ၊ အသင်း ဝင်ကတ်မိတ္တူ၊ မှတ်ပုံတင် မိတ္တူ တို့ကို ပူးတွဲ၍ အသင်းချုပ်နှင့်ညီ နောင်အသင်းများမှအမှုဆောင်ဝန် ထမ်း၊ အသင်းချုပ်၏ အသင်းဝင် ကုမ္ပဏီများမှ အဖွဲ့ဝင်သို့မဟုတ် ဝန်ထမ်းဖြစ်ကြောင်း ထောက်ခံစာ စသည်တို့နှင့်အတူမိမိတို့၏ဘာသာ ရပ်များနှင့်သက်ဆိုင်သည့်သင်တန်း များကို လျှောက်ထားရမည်ဖြစ်ပြီး သတ်မှတ်လျှောက်လွှာများကို သင် တန်းမစမီနှစ်လကြိုတင်၍အသင်း ချုပ်၊ HRD ဌာနသို့ လျှောက်ထား ရမည်ဖြစ်ကြောင်း သိရသည်။