images
UN
UN
ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ အကျိုးတူပူးပေါင်း၍ မုံရွာ-ဟုမ္မလင်း ခရီးလမ်းပြေးဆွဲမည်
သုခ Thursday, 28 June 2018
ပြည်တွင်းရေကြောင်းပို့ဆောင် ရေးနှင့် မိုးမြင့်ကြယ်ကုမ္ပဏီတို့ အကျိုးတူပူးပေါင်း၍ချင်းတွင်းဌာန ခွဲမှ မုံရွာ-ဟုမ္မလင်း ခရီးစဉ်ကို (လူစီး/ကုန်တင်) နှစ်ထပ်ပင်လုံ ရေယာဉ်ဖြင့် ဇူလိုင် ၂ရက်(တနင်္လာ နေ့)မှစတင်၍ ပြေးဆွဲသွားမည်ဖြစ် ကြောင်း ပြည်တွင်းရေကြောင်း ပို့ ဆောင်ရေး၏ ထုတ်ပြန်ချက်အရ သိရသည်။
၎င်းအပြင်ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးနှင့် ကြည်သာအောင် ကုမ္ပဏီတို့ အကျိုးတူပူးပေါင်း၍ ချမ်းငြိမ်းရေယာဉ်ဖြင့် ဇူလိုင်၅ရက် (ကြာသပတေးနေ့)မှစတင်၍ပြေး ဆွဲသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ ခရီးစဉ်များကို တစ် ပတ်လျှင် နှစ်ခေါက်နှုန်းဖြင့် အပတ် စဉ် တနင်္လာ၊ ကြာသပတေးနေ့ များ၌ မုံရွာမြို့မှ နံနက် ၆ နာရီတွင် ထွက်ခွာပြီး အဆန်ခရီးကို နှစ်ည အိပ် သုံးရက်ဖြင့်လည်းကောင်း၊ အပတ်စဉ် တနင်္လာ၊ သောကြာနေ့ များ၌ ဟုမ္မလင်းမြို့မှ နံနက် ၇ နာရီတွင် ပြန်လည်ထွက်ခွာပြီး အစုန်ခရီးကို တစ်ညအိပ် နှစ်ရက် ခရီးဖြင့်လည်းကောင်း စုစုပေါင်း အသွား/အပြန် ငါးရက်ကြာမြင့် မည်ဖြစ်ပြီး ခရီးလမ်းတစ်လျှောက် မင်းကင်းမြို့၊ ကလေးဝမြို့၊ မော် လိုက်မြို့၊ ဖောင်းပြင်မြို့၊ သောင် သွပ်ဆိပ်ကမ်းများတွင် ဆိုက်ကပ် ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။