images
UN
UN
အထက်မင်းလှမြို့နယ် လင်းကယ်ကျေးရွာအဝင်ကွန်ကရစ်ရေကျော်တံတားအခိုင်အမာတံတားဖြစ်ရန် ဒေသခံများလိုလားp
ဒေသခံများ Sunday, 01 July 2018
မကွေးတိုင်းဒေသကြီးအထက် မင်းလှမြို့နယ် လင်းကယ် ကျေး ရွာအုပ်စုလင်းကယ်ကျေးရွာအရှေ့ ဘက်ရွာအဝင်ကွန်ကရစ်ရေကျော် တံတားမိုးများစဉ်ချောင်းရေတိုက် စားကာ လုံးဝ ပျက်စီးသွားပြီး ကျေးရွာလူထုလုပ်အားဖြင့် ယာယီ သွားလာနိုင်အောင်ဆောင်ရွက်ထား ရသဖြင့် ယခင်ထက် ပိုမိုကောင်း မွန်သော တံတားတစ်ခု ရရှိရေး ဒေသခံများက လိုလားလျက် ရှိ ကြောင်းလင်းကယ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအေးသောင်းက ပြောသည်။
ဦးအေးသောင်းက ''လင်း ကယ်ကျေးရွာနဲ့ပတ်ဝန်းကျင်ကျေး ရွာတွေက ဒီတံတားကို အားထား ပြီးသွားလာနေကြတာပါ။ လင်း ကယ် အထက်တန်းကျောင်းကို လာတက်တဲ့ ပတ်ဝန်းကျင်ရွာတွေ က ကျောင်းသားကျောင်းသူတွေ ရော လင်းကယ်အနောက်ဘက် ကကျေးရွာတွေရော ဒီတံတားကို အသုံးပြုနေကြတာပါ။ အထူး သဖြင့် အရေးပေါ်လူနာတွေ ဆေးရုံ ဆေးခန်း အချိန်မီရောက်ဖို့ ဒီ တံတားက အရေးပါပါတယ်''ဟု ပြောသည်။
အဆိုပါ ကွန်ကရစ်ရေကျော် တံတားကို ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာ နှစ်က ကျပ်သန်း၂ဝ အကုန်အကျ ခံ တည်ဆောက်ပေးခဲ့ခြင်းဖြစ် ကြောင်း၊ ယမန်နှစ်ဇူလိုင်တွင် ပေ ၂ဝ၊ သြဂုတ်တွင် ပေ ၂ဝ နှင့် ယခုနှစ် မေ ၂၉ရက်တွင် ၆၅ပေ ချောင်းရေကြီး၍ တိုက်စားပြိုပျက် ခဲ့ကြောင်း၊ လက်ရှိတွင် ဒေသခံ များ၏လုပ်အား၊ ငွေအားဖြင့်သွား လာ၍ရအောင် ဆောင်ရွက်ထား ကြောင်း၊ ကားကြီးများသွားလာ ၍မရကြောင်း၊ သက်ဆိုင်ရာတာ ဝန်ရှိသူများ လာရောက်ကြည့်ရှု စစ်ဆေးပြီး အသစ်တည်ဆောက် မည်ဆိုသော်လည်း ယနေ့ထိတိုင် ဆောင်ရွက်ပေးမှု မပြုနိုင်သေး ကြောင်း၊ အဆိုပါ ကွန်ကရစ် ရေ ကျော်တံတားသည် အရှည်ပေ ၁ဝဝ၊ အကျယ် ၁၈ ပေ၊ ထုလေး ပေခွဲဖြစ်ကြောင်း၊ လင်းကယ်ရွာ ဘက်မှ ပေ ၂ဝကို ဒေသခံများက ကိုယ်ထူကိုယ်ထလုပ်ခဲ့ကြောင်း၊ အရှည်ပေပေါင်း ၁၂ဝ ရှိကြောင်း နှင့် ပျက်စီးသွားသော ကွန်ကရစ် ရေကျော်တံတားထက် ပိုမိုခိုင်ခံ့ ကောင်းမွန်သောတံတားမျိုး အသစ် တည်ဆောက်ပေးရန် ဒေသခံများ က လိုလားလျက်ရှိကြကြောင်း သိရသည်။