images
UN
UN
အတွေ့အကြုံမှ သင်ယူရ
ချစ်နိုင်(စိတ်ပညာ) Sunday, 01 July 2018
'ချစ်သူငယ်ချင်း ကိုချစ်နိုင်ရေ'
'ဗျ-ဗျ'
'မင်းတယ်တော်ပါလားကွ'
'ဟ-အရင်းမရှိ အဖျားမရှိ။ ဘာများလဲ သူငယ်ချင်းရ။ရှင်းအောင်လင်းအောင် ပြောပြ စမ်းပါဦး'
'လွန်ခဲ့တဲ့သုံးရက်လောက်က မောင်ရင် ဘာလုပ်ခဲ့လဲ'
'သြော်-ဆီဒိုးနားဟိုတယ်၊ မင်းတုန်းခန်းမ မှာ မင်္ဂလာစေ့စပ်ကြောင်းလမ်းပွဲတစ်ခုတက်ခဲ့ တယ်'
'ဟုတ်ပြီ။ အဲဒီမှာ သူငယ်ချင်းက ဘာလုပ်ခဲ့ သလဲ''
''အင်း သိပါပြီ။ မောင်ရင်က ကိုယ်သတို့ သားလောင်းကိုယ်စားနားဖောက်၊ တောင်းရမ်းတဲ့ စကားပြောခဲ့တာကို ပြောတာမဟုတ်လား'
'ဟုတ်တယ်ဗျာ။ ကိုချစ်နိုင်ပြောဆိုတာ သိပ် ကောင်းတယ်။ မိန်းကလေးရှင်ဘက်က မိဘအုပ် ထိန်းသူကိုယ်စားလက်ခံကြောင်း ပြောကြားတဲ့ ကလေးအထူးကုပါရဂူပါမောက္ခဒေါက်တာရဲ၊ စာရေးဆရာလင်္ကာရည်ကျော်ကလည်း အထူး အပြောကောင်း၊ နှစ်ယောက်ပေါင်းတော့ ဒီစေ့စပ် ပွဲဟာ အတော်လှ၊ အတော်ကြည်နူးစရာကောင်း ပြီး ကျက်သရေရှိလှတယ်ဆိုပဲ'
'ကြားရတာဝမ်းသာပါတယ်ကွာ။ ကိုယ်ပြော တာဟာ ပရိသတ်နဲ့ဆီလျော်ပါရဲ့လား။ အခြေ အနေအချိန်အခါနဲ့ ပရိသတ်ရဲ့နားနဲ့ကိုက်ညီအံ ဝင်ခဲ့ပါရဲ့လား။ တုံ့ပြန်ချက်ကို သိချင်နေတာ။ သူငယ်ချင်းပြောပြတော့ အခုသိရတယ်။ ကျေး ဇူးတင်ပါတယ်'
'ကိုချစ်နိုင်က သတို့သားလောင်းဘက်က စေ့စပ်ကြောင်းလမ်းတဲ့စကားကို ဘယ်သူ့ကိုယ် စားပြောပေးရတာလဲ'
'ကိုယ်တို့ ၁၉၉၁-၁၉၉၂ က ဗိုလ်လောင်း သင်တန်းအပတ်စဉ်(၄၃)အတူတက်ခဲ့ကြတဲ့ ဗိုလ် မှူးကြီးတင်ဦးနဲ့ ဒေါ်တင်တင်နွယ်တို့ကိုယ်စား၊ ပြောခဲ့ရတာပါ'
'သတို့သားက ဗိုလ်မှူးကြီးတင်ဦးသားလား'
'ဟုတ်တယ်'
'သူကဘာလုပ်တာလဲ'
'ရုပ်ရှင်ဒါရိုက်တာ'
'နာမည်က-'
'ဏကြီးတဲ့'
'ဟေ ကိုယ်မကြည့်ဖူးဘူး။ မကြားဖူးဘူး'
'သူငယ်ချင်းက ရုပ်ရှင်လောကနဲ့ဝေးတယ် လေ။ရုပ်ရှင်ကားရော တစ်နှစ်နေလို့မှ တစ်ကား တောင်သွားမကြည့်ဖြစ်တဲ့ကောင်မဟုတ်လား'
'အေး၊ ဟုတ်သား။ သူတို့က လူငယ်လူသစ် တွေနေမှာပေါ့။ဒါပေမဲ့မြန်မာတိုင်းမ်၊ ဆဲဗင်းဒေး၊ သည်ဗွိုက်စ်စတဲ့သတင်းစာတွေမှာ ပုံတွေနဲ့တကွ သတင်းရေးတာဖတ်ရလို့ သတို့သမီးလောင်းက ယခုနှစ် အကယ်ဒမီဆုရတဲ့ရုပ်ရှင်မင်းသမီးလေး ပိုင်ဖြိုးသုဆိုတာတော့သိပါတယ်။


စာရေးဆရာမ ကြည်အေးရေးခဲ့တဲ့ 'မီ'ဆိုတဲ့ စာအုပ်ကိုရုပ်ရှင် ရိုက်နေတယ်ကြားတယ်''
''သြော်...သူငယ်ချင်းကရုပ်ရှင်နဲ့သိပ်အလှမ်း မဝေးဘူးပဲ''
''ကိုယ်ကဆရာမကြည်အေးရဲ့ဝတ္ထု တွေကို စွဲလမ်းခဲ့ဖူးတာမို့သတိပြုမိတာပါကွာ။ ကြည်အေး ရဲ့ဝတ္ထုတွေကဇာတ်လမ်းအားပြုတဲ့ သာမန်ဝတ္ထု ရှည်ပုံစံကျမျိုးမဟုတ်ဘူးသူငယ်ချင်းရ။ ရုပ်ရှင် ရိုက်ရင်ခက်ခဲလိမ့်မယ်လို့ ကိုယ်ထင်တယ်''
''အေးလေဒါရိုက်တာဏကြီးနဲ့ သူ့ချစ်သူ ဒေါက်တာပိုင်ဖြိုးသုတို့က ကြိုက်လို့ပဲရွေးပြီး ''မီ''ဝတ္ထုကို ရုပ်ရှင်ရိုက်နေကြပြီလေ။ လူငယ် ဆိုတာစွန့်စားရဲတယ်။ လမ်းသစ်ဖောက်ပြချင် တယ်မဟုတ်လား။ သူငယ်ချင်း ဘေးကစိတ် မပူပါနဲ့''
''မပူပါဘူးဗျာ။ရှုံးရှုံးမြတ်မြတ် ကိုယ်နဲ့လည်း မဆိုင်ပါဘူး။ဇာတ်အပိုင်းမှာ ကြည်အေးက(၁) ဇာတ်အပျိုးပိုင်း၊ (၂)ဇာတ်အတက်ပိုင်း၊ (၃)ဇာတ် ရှိန်အထွတ်ပိုင်း၊ (၄)ဇာတ်အဆင်းပိုင်းနဲ့ (၅)ဇာတ် သိမ်းပိုင်းဆိုတဲ့ပုံသေနည်းနဲ့ ရေးချင်မှသူရေးတာ။ ကြည်အေးကဗျာကအတွေးကော အရေးရောဆန်း သစ်သလိုဝတ္ထုတွေမှာလည်းထူးခြားတယ်။ လူရဲ့ အတွင်းစိတ်နေစိတ်ထားသဘော သဘာဝတွေကို ပိုမိုပြီးအသားပေးခံစား ရေးပြတတ်တယ်။ စာပေအနေနဲ့ သူရေးတာဖတ်လို့ ဆွဲဆောင်ပေ မယ့်ရုပ်ရှင်အနေနဲ့ကျ သရုပ်ဆောင်တွေလုပ်နိုင် မလုပ်နိုင်ကြည့်ရမှာပဲ''
''စိန်ခေါ်ပြီးကြိုးပမ်းကြည့်ကြတာပေါ့ ကွယ်။ ဒီလိုဆန်းသစ်တီထွင်တာ၊ ပြောင်း လဲတာကြိုဆိုရမှာပါ''
အေး...ပြောလက်စနဲ့သူငယ်ချင်းကို ချီးကျူး တဲ့စကားတောင်အစပျောက်သွားတယ်။ အဲဒီပွဲကို ကိုယ်မတက်ရပါဘူး။ တစ်ဆင့်စကားကြားရတာ ပါသူများပြောတာ''
''အေးလေကွာ ဘယ်သူပြောတာလဲ သိပါ ရစေ''
''ရုပ်ရှင်မင်းသား ကိုလူမင်းနဲ့ ကိုခန့်စည်သူ တို့ပြောဆိုနေကြတဲ့စကားဝိုင်းမှာ ကိုယ်ကမတော် တဆဘေးက စားပွဲဝိုင်းမယ်ရှိနေလို့ သူငယ်ချင်း တို့ ဆရာလင်္ကာရည်ကျော်တို့ အပြောကောင်းကြပုံ ချီးမွမ်းနေတာကိုမထင်မှတ်ဘဲကြားခဲ့ရတာပါ။ ပိုလိုကလပ်ရက်စ်တောမှာပါ။ သိပြီလား''
''သိပြီ။ အဲဒီပွဲမှာ ကိုလူမင်းလာတယ်။ ဆီဒိုးနားမှာကိုယ်နဲ့ပွဲမစခင် စကားပြောဖြစ်ပါသေး တယ်''
''အေးပေါ့။ ကိုလူမင်းက ကိုခန့်စည်သူနဲ့ အခြားရုပ်ရှင်သရုပ်ဆောင်တွေအားလုံးကြားအောင် မောင်ရင်တို့နှစ်ယောက် အကြောင်းကို ချီးမွမ်းခန်း ဖွင့်နေတာ။ ခန့်စည်သူက ပြောတယ်။ 'အပြော ကောင်းမှာပေါ့။ နှစ်ယောက်စလုံးက အမျိုးသား စာပေဆုရ စာရေးဆရာတွေပဲတဲ့' နံဘေးမှာ အိချောပိုတို့လည်း ရှိကြတယ်''
''အေးကွာ။ မှန်တာတွေပြောတာ ပြောပါ လေ့စေ''
''ပြောပါစေလေလို့ လုပ်စမ်းပါ။ ကိုချစ်နိုင် က အရင်လည်း ဒီလိုပဲ ပြောဖူးသလား''
''ပြောဖူးတယ်။ တစ်ခါ၊ နှစ်ခါပါ''
''ဘယ်တုန်းကလဲ။ ဘယ်သူ့အတွက်လဲ''
''ပထမတစ်ကြိမ်က ပညာရေးဒုတိယဝန် ကြီး ဗိုလ်မှူးချုပ်အောင်မျိုးမင်းနဲ့ဒေါ်သဇင်တို့ရဲ့ သား စေ့စပ်ကြောင်းလမ်းပွဲမှာ ယောက်ျားလေး မိဘကိုယ်စား ပြောပေးရဖူးတယ်''
''သိတယ်။ ဗိုလ်ချုပ်အောင်မျိုးမင်းက ခွဲစိတ် အထူးကုပါရဂူဗိုလ်မှူးကြီးမြင့်အောင်ရဲ့သားပဲ။ ကိုချစ်နိုင်တို့ ခလရ(၄၁)မှာ ဗိုလ်ချုပ်အေဘယ်လ် တပ်ရင်းမှူးဘဝတုန်းကအတူတူလေးငါးနှစ်တိုက် ခဲ့ခိုက်ခဲ့ကြတဲ့ ရဲဘော်ရဲဘက်တွေမဟုတ်လား''
''ဟုတ်တယ်လေ။ ကိုအောင်မျိုးမင်းက လာ ပြီး အကူအညီတောင်းတော့ ငြင်းရမယ့်လူမှ မဟုတ်တာ။ ပြောဆိုပေးရတာပေါ့''
''နောက်တစ်ကြိမ်ကရော''
''ခလရ (၄၁)မှာ တစ်ရင်းတည်းအတူနေခဲ့ ကြတဲ့ OTS (၃၁)ဆင်း နောင်ကြီးဗိုလ်မှူးချစ် အောင်(ကျဆုံး)နဲ့ မမဒေါ်သုသုရည်တို့ရဲ့သား ဗျူ ဟာမှူးလူပျိုကြီးကို တောင်းရမ်းပြောဆိုပေးရတဲ့ ပွဲ''
''အခုတစ်ခါကတော့ တစ်ပတ်စဉ်တည်း ငယ်သူငယ်ချင်းရဲ့သားအတွက် တောင်းရမ်းပေးရ တာပေါ့။ ဟုတ်လား ကိုချစ်နိုင်''
''ဟုတ်ပါ့ဗျာ''
''သူငယ်ချင်းပြောတာကို ကောင်းတယ်လို့ ပရိသတ်က ပြောကြတာ ဘာဖြစ်လို့လဲ။ ဘာ ကြောင့်လဲ။ ပြောစမ်းပါဦး။ မောင်ရင့်အမြင်ကို''
''ကြိုတင်ပြင်ဆင်လို့ပါပဲ သူငယ်ချင်း''
''မောင်ရင်က သေသေချာချာ ပြင်ဆင်တာ လား''
''ပြောမယ့်စကားကို အဆင်ချောအောင်၊ အလင်္ကာမြောက်အောင်၊ ရသအနုပညာပါအောင်၊ စကားလုံး၊ အချက်အလက်၊ အချိတ်အဆက် ဆက်စပ်ဆီလျော်အောင်စာကြမ်းရေးရသေးတယ်''
''ဟေ...စာမူရေးရသေးသလား''
''ရေးမှတိကျတယ်ရေးပြီးအသံထွက်ဖတ်ရပါ တယ်။မချောရင်ပြင်။ ထပ်ရေးဖတ်။ စာ ချောပြီ ဆိုမှအလွတ်ရအောင်သုံးခေါက်လေးခေါက် (စာ ရွက်မကြည့်ဘဲပြောနိုင်အောင်)လေ့ကျင့်ရတယ်''
''ဟ...မလွယ်ပါကလား၊ ဆရာချစ်ရ''
''သူများတွေတော့မသိဘူး။ ကိုယ်ကတော့ တိတိကျကျ ပြင်ဆင်ပြီးမှပိုင်ပိုင်နိုင်နိုင် ပြောတတ် တယ်''
''ကောင်းတာပေါ့''
''အခမ်းအနားမှူးလုပ်တဲ့ ဦးကျော်စိုးဦး၊ ဟို နေ့ကပွဲဆို ဦးသိန်းလှမော်။ သူတို့ကိုလည်း မေးရ ပါတယ်။ တိုစေချင်သလား။ ရှည်မှသင့်မြတ်မှာ လား''
''သူတို့က ဘာပြောလဲ''
''ဆရာကြီးကြိုက်သလောက် ပြောပါ။ ပရိ သတ်က စိတ်ဝင်စားကြမှာပါတဲ့''
''ကိုချစ်နိုင်ပြောခဲ့တဲ့ကြောင်းလမ်းတောင်း ရမ်းနားဖောက်စကား စာမူလေးရှိသေးရင်ပြစမ်း ပါကွာ။ ဗဟုသုတအနေနဲ့ ကြည့်လို့ရမလား''
''ရပါတယ်။ သူငယ်ချင်းရာ ဒါပါပဲ''
(အောက်ပါအတိုင်း ကြိုတင်ပြင်ဆင်ခဲ့ပါရဲ့)
တောင်းရမ်းစကား
၁။ မြန်မာသက္ကရာဇ်၁၃၈ဝပြည့်နှစ် ပထမ ဝါဆို လဆန်း ၉ရက် ကြာသပတေးနေ့။ ခရစ်နှစ် ၂ဝ၁၈ ခုနှစ် ဇွန်လ ၂၁ရက်။ မင်္ဂလာကျက်သရေ အပေါင်းခညောင်းတဲ့ ယနေ့နံနက်ခင်းအချိန်အခါ ပါခင်ဗျာ...။ ဒီဧည့်ခံပွဲသို့ ယနြေ့<ွကရောက်ချီး မြှင့်ကြတဲ့ ဂုဏ်သရေရှိလူကြီးမင်းအပေါင်းတို့ကို ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဦးစွာပဏာမ မေတ္တာပို့သပါတယ်ခင်ဗျာ။
အားလုံးပဲ မင်္ဂလာပါ။ ချစ်ခင်လေးစားစွာ နှုတ်ခွန်းဆက်သပါတယ်။ကြွရောက်ချီးမြှင့်တာကို ကျေးဇူးအထူးတင်ပါတယ်။
၂။ ကျွန်တော်ကတော့ စစ်မှုထမ်းအငြိမ်းစား၊ ဒုတိယဗိုလ်မှူးကြီး ချစ်နိုင်ဖြစ်ပါတယ်။ စာပေရေးသားခြင်းနဲ့ အသက်မွေးဝမ်းကျောင်း နေတဲ့ စာရေးဆရာပါ။
ကျွန်တော်ဒီနေရာမှာ အစီရင်ခံပြောကြား မယ့် စကားကတော့ ကျွန်တော့်အကြောင်းအရာ မဟုတ်ပါ။