images
UN
UN
ရွှေကျင်မြို့နယ်တွင် လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် နေအိမ် ၁၁လုံး အမိုးလန်ပြိုကျပျက်စီး
ဇော်မျိုး(ရွှေကျင်) Monday, 02 July 2018
ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် တံခွန်တိုင်ကျေးရွာအုပ်စု နှင့် တောင်ဘက်ကျေးရွာအုပ်စုတို့တွင် ယမန်နေ့ ညနေ ၆နာရီခွဲခန့်က လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၁လုံး အမိုးလန်ပြိုကျပျက်စီးခဲ့ တယ်လို့ သိရသည်။ အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် ရွှေကျင် မြို့နယ် တံခွန်တိုင်ကျေးရွာအုပ်စု မောင်းရုံကျေးရွာတွင် သုံးပင်လေး ပင်သွပ်မိုး ပျဉ်ခင်းပျဉ်ကာ နေအိမ်တစ်လုံးနှင့် သုံးပင်ပတ်လည် သက်ငယ်မိုး ပျဉ်ခင်းထရံကာနေအိမ်တစ်လုံးမှာ လုံးပတ်ငါးပေအမြင့် ပေ ၄ဝခန့်ရှိ လက်ပံပင်လဲကျခဲ့မှုကြောင့် ပြိုကျပျက်စီးခဲ့ပြီး သုံးပင် ပတ်လည် သက်ငယ်မိုးပျဉ်ခင်းထရံကာ နေအိမ်တစ်လုံးမှာ လေပြင်း တိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့တယ်လို့ သိရသည်။ လေပြင်း ထန်ခြင်းကြောင့် တံခွန်တိုင်ကျေးရွာအုပ်စု မောင်းရုံကျေးရွာတွင်နေ အိမ်ငါးလုံးမှာ အမိုးလန်ပျက်စီးဆုံးရှုံးခဲ့ပြီး တောင်ဘက်ကျေးရွာအုပ်စု ဆိတ်ကလေးကျေးရွာတွင် သုံးပင်ပတ်လည် သွပ်မိုးပျဉ်ခင်း ထရံကာ နေအိမ်တစ်လုံးမှာ ပြိုကျပျက်စီးခဲ့ပြီး နေအိမ်ပြိုကျခဲ့ခြင်းကြောင့် အိမ်အောက်တွင်ထားရှိသော တရုတ်နိုင်ငံလုပ် DAYANG 110 ဆိုင်ကယ်ပေါ်ပိသဖြင့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါလေပြင်းထန်သောကြောင့် တောင်ဘက်ကျေးရွာအုပ်စု ဆိတ်ကလေးကျေးရွာတွင် သုံးပင်ပတ်လည်သွပ်မိုး ပျဉ်ခင်းထရံကာ နေအိမ်တစ်လုံးနှင့်သုံးပင်ပတ်လည် သက်ငယ်မိုး ပျဉ်ခင်းထရံကာ နေအိမ်တစ်လုံးပေါ်သို့ လုံးပတ်သုံးပေခန့်ရှိ ပျဉ်းမပင်လဲကျခဲ့မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ကာ ပျက်စီးဆုံးရှုံးမှုစုစုပေါင်းတန်ဖိုးငွေကျပ် ၉၆ဝဝဝဝ ပျက်စီးဆုံးရှုံးခဲ့တယ်လို့သိရပါသည်။ အဆိုပါလေပြင်းတိုက်ခတ်မှု ကြောင့် သစ်ပင်တွေလဲကျပြီး နေအိမ်များပျက်စီးဆုံးရှုံးခဲ့ကာ လူနှင့် တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။