images
UN
UN
ခရီးသွားလုပ်ငန်းမြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် မြန်မာ့ရိုးရာ အစားအစာများ ခင်းကျင်းပြသမည်
မောင်စိန်ဝင်း Monday, 02 July 2018
မြန်မာလူမျိုးများ၏ ရိုးရာ ဓလေ့ ထုံးတမ်းများ ပျောက်ကွယ် မသွားစေလိုသည့် ရည်ရွယ်ချက် ဖြင့် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၏ဦးဆောင်မှု၊ မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်မြန်မာ နိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များ အသင်း၏ ပူးပေါင်းဆောင်ရွက် မှုဖြင့် Green Season ကာလ အတွင်း ခရီးသွားလုပ်ငန်းမြှင့်တင် ရေးလှုပ်ရှားမှုတစ်ရပ် ဆောင်ရွက် ရန်အတွက် ပုဂံမြို့ရှိ လောကနန္ဒာ ဘုရား ပရိဝုဏ်၌ မြန်မာ့ရိုးရာ အစားအစာများကို သြဂုတ် ၁၈ ရက်မှ ၁၉ ရက်အထိ စည်ကားစွာ ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံစားသောက်ဆိုင် လုပ်ငန်းရှင်များအသင်းမှပူးပေါင်း ဆောင်ရွက်သော စေတီပုထိုးများ ပေါများသည့် ပုဂံမြို့ရှိ လောက နန္ဒာဘုရားပရိဝုဏ်၌ ခရီးသွား ရာသီဖြစ်သည့်အားလျော်စွာ လှေ လှော်အလှပြိုင်ပွဲများ၊ မြန်မာ့ယဉ် ကျေးမှုခြင်းလုံးအလှ ပြိုင်ပွဲများ အပါအဝင် သံဃာ အပါး ၂ဝဝ အား ဆွမ်းလောင်းပွဲများပါဝင်မည် ဖြစ်ပြီး လောကနန္ဒာ ဘုရားပွဲတော် ဈေး၌ အစားအစာပွဲတော်၊ မြန်မာ့ ရိုးရာအစားအစာများနှင့်ချက်ပြုတ် အစားအစာများ၊ မြန်မာ့ရိုးရာအချိုပွဲ များ၊တိုင်းရင်းသားအစားအစာများ နှင့်ဒေသထွက် ရိုးရာအစားအစာ များကို ခင်းကျင်းပြသမည်ဖြစ်ကာ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ ကယား
နှင့်ရှမ်းအစရှိသည့် ဟိုတယ်ဇုန် ငါးခုမှ ရိုးရာအစားအစာများအား ပြခန်းပေါင်း ၂ဝဖြင့် ခင်းကျင်း ပြသသွားမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များ အသင်းမှ အကြီးတန်းဒုဥက္ကဋ္ဌ(၂) ဒေါ်တင်မာမြင့်က ပြောသည်။
''အာနန္ဒာဘုရားပွဲတော်မှာ မြန်မာ့အစားအစာများကို ခင်းကျင်း ပြသရောင်းချဖို့ခုကတည်းက အစီ အစဉ်တွေပြုလုပ်နေပါပြီ။ခရီးသွား ရာသီဖြစ်တဲ့အတွက်ကြောင့် အရမ်း စည်ကားမှာမို့ အသင်းက ဇုန်တွေ ပူးပေါင်းပြီး ခင်းကျင်းပြသသွား မှာပါ၊။ ပြီးခဲ့တဲ့ သုံးနှစ်တုန်းက လည်း မဟာမဲခေါင်အာဆီယံ ဈေးရောင်းပွဲတော်မှာ မြန်မာ့အစား အစာများကို ခင်းကျင်းပြသခဲ့ပြီး လွန်ခဲ့တဲ့ ငါးနှစ်ကလည်း ပုဂံမြို့ အာနန္ဒာဘုရားပွဲတော်မှာ ခင်းကျင်း ပြသ ရောင်းချခဲ့ပါတယ်။ အရမ်း လည်း အောင်မြင်ခဲ့ပါတယ်''ဟု ၄င်းကပြောသည်။
စားသောက်ဆိုင်လုပ်ငန်းများ နိုင်ငံတကာအဆင့်မီဖွံ့ဖြိုးတိုးတက် စေရန်၊ စားသောက်ဆိုင်များ ဝန် ဆောင်မှုအရည်အသွေးမြင့်မားစေ ရန်နှင့် မြန်မာ့အစားအစာများကို ကမ္ဘာကသိအောင်ဖော်ဆောင်နေ သော မြန်မာနိုင်ငံစားသောက်ဆိုင် လုပ်ငန်းရှင်များအသင်းအား ပြီးခဲ့ သည့် ခုနစ်နှစ်က စတင်ဖွဲ့စည်း ခဲ့ခြင်းဖြစ်ပြီး ယခုအခါမန္တလေး ဇုန်၊ ပုဂံဇုန်၊ ရှမ်းပြည်နယ်ဇုန်၊ ကယား ပြည်နယ်ဇုန်၊ မွန်ပြည်နယ် ဇုန်နှင့် ကရင်ပြည်နယ်ဇုန်တို့တွင် အသင်းများဖွဲ့စည်းထားကာအသင်း သားအသင်းသူများအားနိုင်ငံတကာ နှင့်ချိတ်ဆက်ကာ သင်တန်းများပို့ ချပေးနေကြောင်း၊ ကချင်ပြည်နယ် ဇုန်၊ ရခိုင်ပြည်နယ်ဇုန်တို့ကိုလည်း ထပ်မံဖွဲ့စည်းရန်စီစဉ်ထားကြောင်း၊ ထို့ပြင် ပုဂံမြို့ရှိလောကနန္ဒာဘုရား ပွဲတော်မှာ ဒေသခံတောင်သူလယ် သမားများသီးနှံရိတ်သိမ်းပြီး ငွေရွှင် သည့် အချိန်ဖြစ်သည့်အတွက် ဈေးသည်များ ရောင်းဝယ်ဖောက် ကားရန်အချိန်ကောင်းပွဲတော်တစ် ခုပင်ဖြစ်ကြောင်း သိရသည်။