images
UN
UN
အဂတိလိုက်စားမှု ဆန့်ကျင်ခြင်း ပူးတွဲကြေညာချက်ရေးထိုးပွဲနှင့် စီးပွားရေးလုပ်ငန်းများဆိုင်ရာကျင့်ဝတ်များဖွံ့ဖြိုးလာစေခြင်းဆွေးနွေးပွဲကျင်းပ
အဖြူရောင် Monday, 02 July 2018
အဂတိလိုက်စားမှုအားဆန့်ကျင် ခြင်းပူးတွဲကြေညာချက်ရေးထိုးပွဲနှင့် စီးပွားရေးလုပ်ငန်းများဆိုင်ရာ ကျင့် ဝတ်များဖွံ့ဖြိုးလာစေခြင်း ဆွေးနွေး ပွဲအား ယနေ့နံနက် ၁ဝ နာရီမှ မွန်းတည့် ၁၂နာရီအထိ ကုန်သည် စက်မှုအသင်းချုပ် မင်္ဂလာခန်းမ၌ ကျင်းပခဲ့သည်။
နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်စေ ရန်ရည်ရွယ်ချက်ဖြင့်'ကုန်သည်စက် မှုအသင်းချုပ်'နှင့်'ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ အဂတိလိုက် စားမှုတိုက်ဖျက်ရေးကော်မရှင်'တို့မှ ပြည်တွင်းပုဂ္ဂလိက ကဏ္ဍစီးပွား ရေးလုပ်ငန်းများအကြား ကျင့်ဝတ် ပြည့်ဝသော စီးပွားရေးလုပ်ငနှ်း
အလေ့အကျင့်များ ဖွံ့ဖြိုးလာစေရန် အဂတိလိုက်စားမှုကို ဆန့်ကျင်ကြ ရန် အဂတိလိုက်စားမှုအားဆန့်ကျင် ခြင်း ပူးတွဲကြေညာချက်ကို ယနေ့ တွင် သဘောတူရေးထိုးကြခြင်း ဖြစ်သည်။

ရေးထိုးခြင်းအခမ်းအနားတွင် အသင်းချုပ်အကြံပေးပုဂ္ဂိုလ်ဒေါက် တာအောင်ထွန်းသက်က Developing Code of Conduct on Business Integrity (စီးပွားရေး လုပ်ငန်းများဆိုင်ရာကျင့်ဝတ်များ ဖွံ့ဖြိုးလာစေခြင်း) ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောခဲ့ပြီး အဂတိ လိုက်စားမှုကင်းရှင်းသောစီးပွားရေး လုပ်ငန်းပုံစံ(Business Model) မှာ ကောင်းမွန်သောစီးပွားရေးစီမံ အုပ်ချုပ်မှု(Business Model)၏ အဓိကကျသော လက္ခဏာတစ်ရပ် ဖြစ်ကြောင်း ပြောကြားသည်။
ထို့ပြင် နိုင်ငံတကာရင်းနှီး မြှုပ်နှံမှုရေစီးကြောင်းကိုကြည့်ပါ က တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော နိုင်ငံတကာ ကုမ္ပဏီကြီးများမှာ ရင်းနှီးမြှုပ်နှံမှုမပြုလုပ်ခင် ¤င်းတို့ ဝင်ရောက်လိုသောဈေးကွက်အတွင်း ရှိပြီး ကုမ္ပဏီများ၏ ကောင်းမွန် သော စီးပွားရေးစီမံအုပ်ချုပ်မှုရေ ချိန်ကို ဦးစွာလေ့လာကြကြောင်း၊ မြန်မာ့စီးပွားရေးကဏ္ဍ၏ရာခိုင်နှုန်း ၉ဝ ကျော်ရှိသော အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ မှာ အဂတိလိုက်စားမှုတွင် ပါဝင် ခြင်းမရှိကြရန် အလွန်အရေးကြီး ကြောင်းဟောပြောပွဲတွင်ပြောကြား ခဲ့သည်။
''အဂတိလိုက်စားမှုရဲ့ အဓိပ္ပာယ်ရှင်းလင်းချက်က ကျယ် ပြန့်ပါတယ်။ ဥပမာ-ငွေကြေး အပေးအယူနဲ့ လုပ်ငန်းအဆင်ပြေ ဖို့ ဆောင်ရွက်တာနဲ့ လုပ်ငန်း အဆင်ပြေဖို့ငွေပေးမှရမယ်ဆိုတာ ဟာ အဓိပ္ပာယ်မတူပါဘူး။
အခြေ အနေနှစ်ရပ်လုံးဟာ သက်ရောက်မှု တူကောင်းတူနိုင်ပါတယ်။ ဒါပေမဲ့ ရင်းမြစ်မတူပါဘူး။ သို့သော်နှစ်ရပ် လုံးဟာ အဂတိလိုက်စားတာပဲဖြစ် ပါတယ်။ ပေးသူ၊ ယူသူ နှစ်ဦး ကြားမှာ နှစ်ဖက်လုံးက ကျင့်ဝတ် ကိုလေးစားလိုက်နာရင် အတိုင်း ထက်အလွန်ပါ။ အနည်းဆုံး တစ် ဖက်ဘက်က ကျူးလွန်မှုမရှိဘူး ဆိုရင် ကောင်းမွန်တဲ့အခြေအနေလို့ ဆိုနိုင်ပါတယ်။ အခုလို အသိနဲ့ အလေ့အထတွေ သိရှိပြန့်ပွားဖို့လို အပ်ပါတယ်''ဟု အသင်းချုပ် အကြံပေးပုဂ္ဂိုလ် ဒေါက်တာအောင် ထွန်းသက်ကပြောကြားခဲ့သည်။
အဂတိလိုက်စားမှုကိုနားလည် ပြီးရှောင်ကြဉ်ခြင်းမှတစ်ဆင့်ကောင်း မွန်သော စီးပွားရေးစီမံအုပ်ချုပ်မှု အလေ့အကျင့်များ ဖွံ့ဖြိုးလာမှသာ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်နိုင်မည်ဖြစ်ကြောင်း၊ ထို နည်းတူ ပြည်တွင်းအသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ မှာလည်း နိုင်ငံတကာကုမ္ပဏီကြီး များနှင့် အကျိုးတူပူးပေါင်းနိုင်မည့် အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ် ကြောင်း သိရသည်။