images
UN
UN
ညောင်တုန်း-သာပေါင်း-ကန်ကြီးဒေါင့် ဆက်သွယ်ထားသော သဘာဝဓာတ်ငွေ့ ပိုက်လိုင်းပေါက်၍ ဓာတ်ငွေ့များစိမ့်ထွက်
ပြည့်ဖြိုးကျော်(ပန်းတနော်) Tuesday, 03 July 2018
ပန်းတနော်မြို့နယ် မြို့ကွက်သစ်ရပ်ကွက် အကွက်အမှတ်(၂) ရန်ကုန်-ပုသိမ်ကားလမ်းဘေး မိုင်တိုင်အမှတ်(၅ဝ/၈နှင့် ၅၁/၁) အကြားရှိ ညောင်တုန်း-သာပေါင်း-ကန်ကြီးဒေါင့် ဆက်သွယ်ထား သော (၁ဝ)လက်မ သဘာဝဓာတ်ငွေ့ပိုက်လိုင်းပေါက်၍ ယနေ့ နံနက် ၆ နာရီတွင် ဓာတ်ငွေ့များ စိမ့်ထွက်နေကြောင်း သတင်းရရှိ သဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးက အမြန်ပြန်လည်ပြင်ဆင်နိုင်ရန် အတွက် ညောင်တုန်းရေနံမြေသဘာဝဓာတ်ငွေ့စက်ရုံမှ အထွေထွေ မန်နေဂျာ ဦးသန်းနိုင်အား ဆက်သွယ်အသိပေးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး အင်ဂျင်နီယာမှူးဦးစည်သူ ခေါင်းဆောင် သော ပိုက်လိုင်းပြင်ဆင်ရေးအဖွဲ့သည် ဓာတ်ငွေ့ပိုက်လိုင်းပေါက်၍ ယိုစိမ့်သည့်နေရာသို့ရောက်ရှိပြီး ဓာတ်ငွေ့ပိုက်လိုင်းအား စတင်ပြင် ဆင်လျက်ရှိကြောင်းနှင့် ပြင်ဆင်ပြီးစီးမှုအခြေအနေကို ပြန်လည် တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။