images
UN
UN
ရွှေ့ပြောင်းသွားလာနေထိုင်သူများနှင့် ဆက်ဆံမှုပြုရာတွင် ထိရောက်သည့်အစီအစဉ်ကဏ္ဍအသစ်များစွာလိုအပ်လာဟုဆို
မောင်စိန်ဝင်း Wednesday, 04 July 2018
မြန်မာနိုင်ငံရှိ ဒစ်ဂျစ်တယ် မြင်ကွင်းမှာ လျင်မြန်စွာတိုးတက် ပြောင်းလဲလာသည့်အတွက် ပြည် တွင်းရှိ ရွှေ့ပြောင်းသွားလာနေထိုင် သူများနှင့် အဆက်အဆံပြုရာတွင် ထိရောက်သည့် အစီအစဉ်ကဏ္ဍ အသစ်များစွာ လိုအပ်လာကြောင်း(International Organization for Migration (IOM) နှင့် United States Agency for International Development (USAID) တို့က ထောက်ပံ့ထားသော လူကုန်ကူးမှု နှင့်အမြတ်ထုတ်ခံရမှုကာကွယ်ရေး ကမ်ပိန်းတစ်ခုဖြစ်သည့်IOM X အစီအစဉ်၏ ခေါင်းဆောင်Tara Dermottက ပြောကြားသည်။
ရန်ကုန်မြို့ မနော်ဟယ်ရီလမ်း တွင် ယမန်နေ့ နေ့လယ်ပိုင်းက ပြုလုပ်ခဲ့သော ''ကောင်းမွန်သော ရွှေ့ပြောင်းသွားလာနေထိုင်ရေးဆီ သို့''ဗီဒီယိုဇာတ်လမ်းများမိတ်ဆက် ခြင်းနှင့် မြန်မာနိုင်ငံ၏ ရွှေ့ပြောင်း သွားလာခြင်းအပေါ် မီဒီယာ၏ အကျိုးသက်ရောက်မှု အတိုချုံး စကားပြောခြင်းအစီအစဉ်၌ IOM X အစီအစဉ်၏ခေါင်းဆောင်Tara Dermott က ထိုကဲ့သို့ ပြောကြားခဲ့ ခြင်းဖြစ်ပြီး နည်းပညာတိုးတက်
ပြောင်းလဲလာမှုမှာ အရေးပါသော သတင်းအချက်အလက်များကို ပိုမို ရရှိလာစေပြီဖြစ်ကြောင်း၊ ယုံကြည် စိတ်ချရသည့် သတင်းအချက် အလက်များကို အွန်လိုင်းမှသော် လည်းကောင်း၊ မီဒီယာများမှသော် လည်းကောင်း လူအမြောက်အမြား မှ ယခင်ထက် ပိုမိုရှာဖွေလာကြ သည့်အတွက် လိုအပ်သည့် အရင်း အမြစ်များကို ဖြည့်ဆည်ပေးနိုင်ရန် နည်းပညာအခြေပြု နှစ်လမ်းသွား ဗျုဟာကို စတင်အသုံးပြုထားခြင်း ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။
အဆိုပါ နှစ်လမ်းသွားဗျူဟာ မှာ ရွှေ့ပြောင်းရာတွင် အရေးပါ သည့် အချက်အလက်များနှင့် တာဝန်ရှိ အစိုးရဝန်ထမ်းများ၏ အဆက်အသွယ်များကို ရွှေ့ပြောင်း သွားလာနေထိုင်သူများ ရရှိစေရေး နှင့် သိလိုရာများကို ကျင်လည်စွာ မေးမြန်းနိုင်မည့် 'မယ်ရွှေ့ပြောင်း' ဟုခေါ်သောFacebook Chat Box တစ်ခုကို ဖန်တီးခြင်းနှင့် မြန်မာဘာသာစကားဖြင့် ရေးထား သော လူမှုကွန်ရက် စာမျက်နှာ တစ်ခုကို တည်ဆောက်ထားခြင်း ဖြစ်ကြောင်း သိရသည်။
ရွှေ့ပြောင်းလုပ်သားများ ကြုံ တွေ့နေရသည့် ပြဿနာရပ်များ အား ဖော်ပြထားသော ဗီဒီယိုများ တွင် ရွှေ့ပြောင်းချင်သူများအတွက် ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ ကူညီရေးဗဟိုဌာနကို မည်သို့ သွား ရောက်နိုင်ပုံ၊ ၄င်းတို့နှင့် ၄င်းတို့ မိသားစုများအတွက်ပါ အဆိုးမှ ကောင်းသောအတွေ့အကြုံပြောင်း လဲမှုဖြစ်စေမည့် 'မယ်ရွှေ့ပြောင်း' ဟုခေါ်သော Facebook Chat Box ကိုလည်း မေးခွန်းများသွား ရောက်မေးမြန်းနိုင်ပုံတို့ကို ထည့် သွင်းဖော်ပြထားကြောင်း သိရ သည်။
အဆိုပါ 'မယ်ရွှေ့ပြောင်း' လူမှုကွန်ရက်စာမျက်နှာသည် ဝင် ရောက်ကြည့်ရှုသူများကို လုံခြုံစိတ် ချရသည့် ရွှေ့ပြောင်းသွားလာခြင်း ဆိုင်ရာအွန်လိုင်း သတင်းအချက် အလက်များဆီ ပို့ဆောင်ပေးမည် ဖြစ်ပြီး၊ အပြန်အလှန်စကားပြော လွယ်ကူသည့်စနစ်များ ပါဝင်ကာ ရွှေ့ပြောင်းသွားလာခြင်းနှင့် ဆက် နွှယ်သည့် အကြောင်းအရာခေါင်း စဉ်များမှတစ်ဆင့် သိရှိလိုသည် များကို ဖော်ပြပေးလျက်ရှိသည်။
လက်ရှိ အနေအထားအရ ဆိုရှယ်မီဒီယာနှင့်IOM X's Myanmar Website ၌ တင်ထား သောဗီဒီယို ဇာတ်လမ်းတွဲကိုဝင် ရောက်ကြည့်ရှုသူ ငါးသိန်းကျော် မျှရှိထားပြီဖြစ်ပြီး အခြားသော သတင်းအချက်အလက်များ သိရှိ ရန်နှင့်Make Migration Work ဗီဒီယိုများကိုဝင်ရောက်ကြည့်ရှုရန် အတွက်IOM.org/mm (မြန်မာ ဘာသာ) သို့မဟုတ်IOM.org/mm/Englishသို့ဝင်ရောက် ကြည့် ရှုနိုင်ကြကြောင်းနှင့် Facebookရှိ 'မယ်ရွှေ့ပြောင်း'နှင့် အပြန်အလှန် စကားပြောဆိုရန်Face book.com/ MissMigration တွင် ဝင်ရောက် ကြည့်ရှုနိုင်ကြကြောင်း သိရသည်။