images
UN
UN
ထီးလင်းရဲစခန်းတွင် သဘာဝဘေးကျရောက်က စနစ်တကျရွှေ့ပြောင်းနိုင်ရေးလေ့ကျင့်
တောင်သားမောင်သန်း Wednesday, 04 July 2018
သဘာဝဘေးအန္တရာယ်များ ကျရောက်မှုဖြစ်ပွားလာပါကရဲစခန်း အတွင်းရှိ တရားခံနှင့် လက်နက် ခဲယမ်းများ စနစ်တကျရွှေ့ပြောင်း သယ်ဆောင်နိုင်ရေးအတွက်သဘာဝ ဘေးလက်တွေ့ဇာတ်တိုက်လေ့ကျင့် ခြင်းကို ယမန်နေ့နံနက် ၉ နာရီက ဂန့်ဂေါခရိုင် ထီးလင်းမြို့မရဲစခန်း၌ ပြုလုပ်ခဲ့သည်။
ယင်းသို့သဘာဝဘေးလက်တွေ့ ဇာတ်တိုက်လေ့ကျင့်ရာတွင်ထီးလင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိဒ္ဓိ နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းမင်းတို့ကကြည့်ရှုစစ်ဆေးကြ ပြီး တပ်ဖွဲ့ဝင်များက အချုပ်ခန်း အတွင်းမှ တရားခံများအားထုတ် ယူ၍အချုပ်ကားပေါ်သို့ ရွှေ့ပြောင်း သယ်ဆောင်ခြင်း၊လက်နက်ခဲယမ်း များကို စနစ်တကျရွှေ့ပြောင်းခြင်း စသည်တို့ကို လက်တွေ့ဇာတ်တိုက် လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။