images
UN
UN
လူကုန်ကူးမှု မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကျင်းပ
ဥမ္မာဝင်း(ဝက်လက်) Wednesday, 04 July 2018
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘို ခရိုင် လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေး ရဲတပ်ဖွဲ့ရဲအုပ်ဇော်မျိုးသန့်၊ တာဝန်ခံရွှေဘို(ဆန့်ထုတ်)ဦးဆောင် မှုဖြင့် လှတောရဲကင်းရဲစခန်းမှူး ရဲအုပ်အောင်ဝင်းဇော်တို့သည် လူ ကုန်ကူးမှု၊မူးယစ်ဆေးဝါးအန္တရာယ် အကြောင်း သိကောင်းစရာများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးဟောပြောခြင်းနှင့် လက် ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ဝက်လက်မြို့နယ် လှတော ကျေး ရွာ အခြေခံပညာအထက်တန်း ကျောင်းခန်းမ၌ကျင်းပသည်။
ဟောပြောပွဲတွင် ရွှေဘိုခရိုင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ရဲအုပ်ဇော်မျိုးသန့်၊ တာ ဝန်ခံ၊ ရွှေဘို(ဆန့်ထုတ်)က လူကုန် ကူးမှုအကြောင်း၊ မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း သိကောင်း စရာများကိုလည်းကောင်း၊လှတော ရဲကင်းရဲစခန်း ရဲအုပ်အောင်ဝင်း ဇော်က ယာဉ်စည်းကမ်း၊လမ်းစည်း ကမ်း ဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောကြသည်။
အဆိုပါအသိပညာပေးဟော ပြောပွဲအခမ်းအနားသို့ လှတော အခြေခံပညာအထက်တန်းကျောင်း အုပ်ဆရာမကြီး ဒေါ်ချိုချိုသက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော် မြင့်၊ ကျောင်းသားကျောင်းသူ စုစုပေါင်း အင်အား ၄၂၇ ဦး တက်ရောက်ခဲ့ကြပြီး ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်း အသိပညာ ပေးလက်ကမ်းစာစောင်များပေးဝေ ခဲ့ကြောင်း လှတောရဲကင်းရဲစခန်း ၏ ပြောကြားချက်အရ သိရသည်။