images
UN
UN
အသက် ၈၅ နှစ်နှင့်အထက် သက်ကြီး ရွယ်အိုပင်စင်ကို အောက်တိုဘာလမှ စတင်ပေးမည်
အေးချမ်းပိုပို Wednesday, 04 July 2018
အသက် ၈၅ နှစ်နှင့်အထက်ဘိုးဘွားများအတွက် သက်ကြီးရွယ်အို ပင်စင်ကို ယခုနှစ် အောက်တိုဘာလမှစတင်ပေးမည်ဖြစ်ကြောင်း လူမှု ဝန်ထမ်းဦးစီးဌာန ယနေ့သတင်းထုတ်ပြန်သည်။
၂ဝ၁၈ ခုနှစ် ဧပြီလမှစ၍ စက်တင်ဘာလအထိ ကြားကာလ ခြောက်လဖြစ်ကြောင်း၊ အဆိုပါကာလတွင် အသက် ၉ဝ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများကိုသာ အသက်ကြီး ရွယ်အိုပင်စင်ပေးမည်ဖြစ်ပြီး ၂ဝ၁၈ ခုနှစ်အောက်တိုဘာလမှစတင်၍ အသက် ၈၅ နှစ်နှင့် အထက် ဘိုးဘွားများကို သက်ကြီးရွယ်အိုပင်စင်ပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဘိုးဘွားများကို ယခင်က အသက် ၉ဝနှစ်နှင့် အထက်များ ကိုသာ သက်ကြီးပင်စင်ပေးခဲ့သော်လည်း ယခုဘဏ္ဍာနှစ်တွင် အသက် ၈၅ နှစ်နှင့်အထက်ဘိုးဘွားများကိုလည်းပင်စင်လစာပေးမည်ဖြစ်ကြောင်း၊ ဘိုးဘွားများ၏ပင်စင်များကို ကျပ်တစ်သောင်းဖြင့် သုံးလတစ်ကြိမ်ထုတ် ပေးခြင်းဖြစ်ပြီး ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ဘိုးဘွားခုနစ်သောင်းခန့် သာရှိသော်လည်း ယခု ၂ဝ၁၈-၂ဝ၁၉ဘဏ္ဍာနှစ်တွင် ခန့်မှန်းခြေတစ်သိန်း လေးသောင်းဝန်းကျင်ခန့်ရှိကြောင်း သိရသည်။