images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
ပေါင်မြို့နယ်တွင် မှုခင်းအသိပညာပေး ဟောပြောပွဲပြုလုပ်
နိုင်နိုင်(မွန်) Thursday, 05 July 2018
မွန်ပြည်နယ် ပေါင်မြို့နယ် ဇင်းကျိုက်မြို့ ဇင်းကျိုက်ရပ်ကွက်ရှိ အထက(ဇင်းကျိုက်)ရတနာမွန်ခန်းမ၌ ယမန်နေ့နံနက် ၁ဝနာရီခွဲက မှုခင်းအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ဟောပြောပွဲသို့ ပေါင် မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် ခင်မောင်ဝင်း၊ ဇင်းကျိုက်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီထွန်း၊ ဇင်းကျိုက်ရဲကင်းစခန်းမှူး ရဲအုပ် ရဲလင်းနောင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ အထက(ဇင်းကျိုက်)ကျောင်းအုပ် ဆရာကြီး ဦးသိန်းဟန်နှင့် ဆရာ ဆရာမများ၊ ကျောင်းသားကျောင်း သူများ ၂၅ဝခန့် တက်ရောက်ကြသည်။
ဟောပြောပွဲတွင်ရဲအုပ်ခင်မောင်ဝင်းက ယာဉ်စည်းကမ်းလမ်း စည်းကမ်းများနှင့်ပတ်သက်၍လည်းကောင်း၊ ရဲအုပ်ရဲလင်းနောင်က မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍လည်းကောင်း အသီးသီး ဟောပြောခဲ့ကြကြောင်း သိရသည်။