images
UN
UN
မြစ်ကမ်းပါးတိုက်စားမှုကြောင့် ဓမ္မရံသီ(ရွှေဘုံသာ)မြစ်ကမ်းပါးပြန်ဘုရားကြီး ဧရာဝတီမြစ်ကမ်းပါးနှင့်ကပ်လျက်အနေအထားသို့ရောက်
ကိုထိန်(ငါ့သရောက်) Thursday, 05 July 2018
မကွေးတိုင်းဒေသကြီး ပခုက္ကူ ခရိုင် ရေစကြိုမြို့နယ် ဗလဗ ကျေးရွာအုပ်စု ဗလဗကျေးရွာ တွင်သက္ကရာဇ် ၅၅၇ ခုနှစ်က အလောင်းစည်သူမင်းကြီးနှင့် မောင်းမမိဿံများ တည်ထား ကိုးကွယ်ခဲ့သည့် Óတိကာရုံ ကျောင်းတိုက်ဝင်းအတွင်း ဓမ္မရံသီ (ရွှေဘုံသာ)မြစ်ကမ်းပါးပြန် ဘုရား နှင့် ဧရာဝတီမြစ်ကမ်းပါးကပ် လျက် အနေအထားသို့ရောက်ရှိနေ ပြီဖြစ်ကြောင်း သိရသည်။
မြစ်ကမ်းပါးပြိုကျမှုထိန်းသိမ်း နိုင်ရန် ဝါးဖောင် ၂၅ လုံး၊ တန်း ၅ဝအား မြစ်ကမ်းပါးတစ်လျှောက် မြစ်ကမ်းပါးနှင့်ကပ်လျက် တန်းစီ ချထားပြီး သစ်ကိုင်းသစ်ခက်များ ဝါးဖောင်ကြားသို့ ရေလှိုင်းပုတ်ပြီး မြစ်ကမ်းပြိုကျမှုသက်သာစေရန် ကျေးရွာသူ ကျေးရွာသားများက အင်တိုက်အားတိုက် လုပ်အားပေး လုပ်ဆောင်လျက်ရှိကြောင်း ရပ်မိ ရပ်ဖ ဦးအေးမောင်ထွန်းကပြော ပြသည်။ ''မြစ်ကမ်းပါးပြိုကျမှု ကြောင့် အိမ်ထောင်စု ၉ဝ ကျော် ရွှေ့ပြောင်းထားရပြီး အချို့ဝိုင်းဝယ် ယူနိုင်တဲ့ အိမ်ထောင်စုများက ဝယ်ယူနေထိုင်ပြောင်းရွှေ့ကြပေ မယ့် မဝယ်ယူနိုင်တဲ့ မိသားစုတွေ ကတော့ ဆွေမျိုးတွေအိမ်တွေမှာ ကပ်နေကြရတယ်။ ဧရာဝတီမြစ် ရေတိုက်စားခံရပြီး မြစ်ကမ်းပါးပြို ကျသည့် မြစ်ကမ်းပါး အနက် ပေ ၃ဝ လောက်ကနေတိုက်စားပြီး လုပ်ရကိုင်ရတာ အတော်ကိုခက်ခဲ တယ်''ဟု ဗလဗကျေးရွာနေ ဦးဇော်ဝင်းကပြောသည်။
မကွေးတိုင်းဒေသကြီး ရေ အရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဦးအောင် ကျော်တင့်နှင့် ဝန်ထမ်းများသည် ဗလဗကျေးရွာ မြစ်ကမ်းပါးတစ် လျှောက် မြစ်ကြောင်းတိုင်းတာ ခြင်းများပြုလုပ်ခဲ့ပြီး အနီးကပ်ကြီး ကြပ်လျက် မြစ်ကမ်းပါးတစ် လျှောက်ရှိ သစ်ပင်များ ပေ ၂ဝ အထိ ရှင်းလင်းဖယ်ရှားစေကာ မြစ်ကမ်းနဖူး အလေးချိန်ဝိတ်ရှိ သော အရာအားလုံးကို ရှင်းလင်း စေပြီး(Steel Cable Groyne) သုံး ချောင်းမှ လေးချောင်းအထိ စဉ်ပြီး ရေပေါ်ရေလွှဲလမ်းကြောင်း ပြုလုပ် ပေးမည်ဖြစ်ကြောင်း သိရသည်။
ရေစီးအားလျော့နည်းသွား သောအချိန်မှ မြစ်ကမ်းနဖူးအား (Slope)မြေညှိပြီး (Polyfelt) ခင်း အုပ်ခြင်းလုပ်ငန်းများဆောင်ရွက် မည်ဖြစ်ကြောင်း၊ ပြီးနောက် (Geobag) ဖိခြင်းလုပ်ငန်းများ ဆက်လက်လုပ်ဆောင်မည်ဖြစ် ကာ ဗလဗကျေးရွာ မြစ်ကမ်းပါး တစ်လျှောက် ပေ ၁၅ဝဝ မှ ပေ ၂ဝဝဝ အတွင်း ဆောင်ရွက်သွား လျက်ကြောင်း မကွေးတိုင်းဒေသ ကြီး ရေအရင်းအမြစ်နှင့်မြစ်ချောင်း များ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင် ကျော်တင့်အောင်က ရှင်းပြသည်။