images
UN
UN
လောကဓာတ်စကြဝဠာတိုက်ပေါင်း များစွာကြားရသောအသံ
မကြွယ်ကြွယ် Thursday, 05 July 2018
ထိုနေ့ကား ဝါဆိုလပြည့်နေ့ ဖြစ်လေ သည်။
သိဒ္ဓတ္ထမင်းသားသည် နံနက်ပိုင်းက ဥယျာဉ်တော်သို့ထွက်ခဲ့၏။ ကျယ်ဝန်း စိမ်းစိုသောပန်းမျိုးစုံတို့ကြောင့် မွှေးပျံ့ သော ရနံ့တို့ဖြင့် ကြည်နူးဖွယ်ကောင်း သောသာယာသောအသံတို့ဖြင့် ဟစ်ကြွေး အော်မြည်နေသော ကျေးငှက်တို့၏ တွန် ကျူးသံကြောင့် ဥယျာဉ်ကြီးတစ်ဝိုင်းလုံး ပင် မျက်စိပသာဒအားဖြင့်လည်းကောင်း၊ အနံ့အားဖြင့်လည်းကောင်း၊ အသံအားဖြင့် လည်းကောင်း သိဒ္ဓတ္ထမင်းသား၏အာရုံ တို့သည် ကျေနပ်နှစ်သိမ့်ဖွယ်ခံစားနေမိ လေသည်။
ဥယျာဉ်တော်တွင်တစ်ပင်အောက်ဝင် တစ်ထောက်နား တော၏အလှကိုခံစားရှု မျှော်နေဆဲမှာပင် နန်းတော်ကြီးမှ တမန် တော်တို့ရောက်ရှိသတင်းပို့ကြလေသည်။
''အရှင်မြတ်ဘုရား ကပိလဝတ်ပြည် နန်းတော်ကြီးတွင်ကား ကြင်ယာတော် ယသော်ဓရာဒေဝီမိဖုရားသည် သားတော် ကို ဖွားမြင်ပါ၏ဘုရား''ဟူ၍ လျှောက် ထားကြကုန်၏။
သားတော်ဦးလေးပါကလား။ ထို သားလေးက မိမိကိုနန်းတွင်းသူမူပိုပိုတို့ ထက်ပို၍ ဆွဲဆောင်နေတော့မည်ဟူ၍ တွေးနေမိတော့သည်။
သိဒ္ဓတ္ထမင်းသားသည် ဖွားဖက် တော် မောင်ဆန်အား ''နန်းတော်သို့ ပြန် ကြစို့''ဟူ၍ မိန့်တော်မူလိုက်၏။
မောင်ဆန်က ကဏ္ဍကမြင်းဆွဲသည့် ယာဉ်ဖြင့် မင်းသားအားတင်ဆောင်ခဲ့၏။ ရံရွေတော်များဆိုင်ရာ ယာဉ်များကိုစီး ကာ နောက်မှပါလာကြသည်။ မင်းသား နှင့်မောင်ဆန်သည် ဘာတစ်ခွန်းမှမပြော ကြဘဲ မြင်းကိုသာနှင်ပြီး ကပ္ပိလရွှေနန်း တွင်းသို့ရောက်ခဲ့ကြလေသတည်း။
ညသန်းခေါင်သို့ ရောက်ခဲ့ပေပြီ။
သိဒ္ဓတ္ထမင်းသားသည် စက်တော် ဆောင်မှ နိုးထပြီး မောင်ဆန်ကို နှိုး၏။ မြင်းပြင်ခိုင်း၏။ ပြီးသော် ယသော်ဓရာ ၏ အဆောင်သို့ဝင်ခဲ့လေသည်။
ဖွားသစ် စသားတော်လေး၏ ခေါင်းတွင်လက်ဝါး လေးအုပ်ပြီး စက်ပျော်နေသော ယသော် ဓရာကိုတွေ့ရ၏။ သားတော်လေးကို တစ်ရှိုက်လောက်နမ်းလိုက်ချင်၏။သို့သော် ယသော်ဓရာနိုးမှာစိုးသောကြောင့် နမ်း ချင်သည့်စိတ်ကိုချုပ်တည်းကာ အဆောင် တော်အပြင်သို့ ထွက်ခဲ့ပြီး မြင်းဇောင်း သို့တစ်ဆက်တည်းဝင်ခဲ့တော့သည်။
မင်းသားသည် မြင်းပေါ်တက်လိုက် ၏။ မောင်ဆန်ကနောက်ကလိုက်ရသည်။ မြင်းခွာသံမကြားစေရန်မြင်းကို အသာက လေး ဖြည်းဖြည်းနှေးနှေးသွားစေလိုက် သည်။ မြို့တံခါးကြီးသည် သုဒ္ဓေါဒန မင်းကြီးအမိန့်ဖြင့် ပိတ်ထားပြီးဖြစ်လေ သည်။ သို့ပါသော်လည်း သိဒ္ဓတ္ထမင်း သား၏ ရှေးဘုန်းကံပါရမီတို့ကြောင့် တံခါးကြီးပွင့်လျက် တွေ့ရလေသည်။ မင်းသားနှင့် မောင်ဆန်တို့သည် မြင်းကို ဇက်ကုန်တို့ကာ ကပိလဝတ်ပြည်တော် ကြီးနှင့်ဝေး၍ဝေး၍ ခရီးတာတွေဆီ ရောက်ခဲ့တော့၏။
သို့သွားကြရင်းဖြင့်ပင် အနော်မာမြစ် ဆိပ်ကမ်းသို့ရောက်ခဲ့တော့သည်။ အနော် မာမြစ်ကမ်းသို့ရောက်သောအခါ သိဒ္ဓတ္ထ မင်းသားသည် သူ၏ခါးမှ သန်လျက်ကို ကိုင်၏။ လက်ဝဲလက်နှင့် ဆံတော်ကိုစု ကိုင်ပြီး ဖြတ်လိုက်၏။ ဖြတ်ပြီးသော် ဆံတော်များကို ကောင်းကင်သို့ပစ်လိုက် ၏။ ဤသို့ပစ်တင်ရာတွင် သိဒ္ဓတ္ထမင်း မင်းသားက-
''ငါသည် အကယ်စင်စစ်ဘုရားဖြစ် မည့်သူမှန်အံ့၊ ဤဆံထုံးတော်သည် ကောင်းကင်၌ တည်စေသတည်း''ဟူ၍ အဓိဋ္ဌာန်ပြုရွတ်ဆို၏။ ထိုအခါတွင်ကား ဆံထုံးတော်နှင့်တကွ ဆောင်းထားသည့် မကိုဋ်တော်ပါအထက်သို့ တစ်ယူဇနာ တိုင်မြင့်တက်သွားတော့၏။

ထိုအခါတွင် နတ်တို့သနင်း သိကြား မင်းသည် နတ်တို့၏မျက်စိဖြင့် မြင်လေ သော် ရတနာပန်းတောင်းဖြင့် မကိုဋ်နှင့် တကွ ဆံတော်ကို ခံယူပြီး သိကြားမင်း စံရာ တာဝတိံသာနတ်ပြည်တွင် ရတနာ ၇-ပါးမွမ်းမံစီခြယ်အပ်သော သုံးယူဇနာ ဥာဏ်တော်အမြင့်ရှိသော စူဠာမဏိ စေ တီကိုတည်ထားကိုးကွယ်ပူဇော်လာ၏။
သိဒ္ဓတ္ထမင်းသားသည် ငါ၏ဝတ်လဲ တော်တို့ကား အဖိုးများစွာထိုက်တန်၏။ ရဟန်းဝတ်မည့်သူနှင့်မလျော်ဟူ၍ ဆင် ခြင်တော်မူစဉ်တွင် ကဿပဘုရားရှင် လက်ထက်က မိတ်ဆွေရင်းဖြစ်ခဲ့သော ဃဋိကာရဗြဟ္မာကြီးသည် ငါ၏မိတ်ရင်း ဖြစ်ခဲ့သောမင်းသားသည် ဇာတိစသော ဘေးတို့ကိုကြောက်သောကြောင့် ယနေ့ မဟာဘိနိက္ခမနခေါ် မြတ်သောတော ထွက်ခြင်းဖြင့် တောထွက်လာချေပြီ။ အလောင်းတော်မင်းအတွက် ရဟန်း ပရိက္ခရာများငါယူသွားအံ့ဟုကြံစည်ကာ နှစ်ထပ်သင်္ကန်းကြီး၊ဧကစ္စိယခေါ် အပေါ် ရုံသင်္ကန်း ခါးဝတ်သင်းပိုင် ခါးပန်းကြိုး စသည့် ကိုယ်နှင့်ကပ်နေသော ပရိက္ခရာ လေးမျိုး၊ အပ်နှင့်အပ်ခြည်၊ ပဲကွပ် (ဒန် ပူသပ်စရာ)အိတ်နှင့်တကွသော သပိတ်၊ ရေစစ်လေးမျိုး ပရိက္ခရာရှစ်မျိုး တို့ကို ယူဆောင်ကာ အလောင်းတော်မင်းသား ထံ ဆက်ကပ်လှူဒါန်းလေ၏။
အလောင်းတော်မင်းသားသည်ဗြဟ္မာ ကြီးလှူဒါန်းသည့် ပရိက္ခရာများကို သေသပ်စွာဝတ်ဆင်၏။ ရဟန်းအသွင်ကို ဆင်၏။ သူ၏မင်းဝတ်တန်ဆာများကို ကောင်းကင်သို့ မြှောက်လိုက်ပြန်၏။ ဗြဟ္မာကြီးက အလောင်းတော်သူမြတ် ၏ဝတ်လဲတော်များကိုယူကာ ဗြဟ္မာပြည် တွင် တစ်ဆယ့်နှစ်ယူဇနာမြင့်သော စေတီတော်ကိုတည်ပြီး ဝတ်လဲတော်များ ကို ဌာပနာထားကိုးကွယ်၏။ ဒုဿစေတီ ဟူ၍ ဘွဲ့တော်ဖြစ်ပေသည်။
သိဒ္ဓတ္ထမင်းသားသည် ရဟန်းဝတ် တော်မူပြီးသော် မောင်ဆန်ကို ''အမောင် ဆန္ဒ သင်သည်ငါမှာလိုက်သောစကား ဖြင့် (မိထွေးတော်ဂေါတမီ) မယ်တော် ခမည်းတော်တို့အား ငါအနာရောဂါကင်း ရှင်းကြောင်း လျှောက်ထားလေဟုပြောဆို ကာ နန်းတော်ကြီးသို့ပြန်ခိုင်းလိုက်လေ ၏။ ကဏ္ဍကမြင်းမှာ ဘဝများစွာကပင် အလောင်းတော်မင်းသားနှင့် အတူနေခဲ့ရ ကား ယခုကဲ့သို့ရဟန်းဝတ်ပြီးတောထွက် တော်မူသောအခါ အလောင်းတော်မင်း သားနှင့်ခွဲခွာရသည့်အတွက် ကွယ်လွန်ခဲ့ လေ၏။
ကဏ္ဍကမြင်းသည်ဘုရားအလောင်း တော်မင်းသား ဘုရားဖြစ်ရန်ကျင့်ကြံအား ထုတ်ရေးအတွက် တောထွက်ရဟန်းဝတ် မည်ဟုသိသော သဒ္ဓါစိတ်ကြောင့် သခင် နှင့်ခွဲပြီးသွားရသည့်အတွက် ကြေကွဲဝမ်း နည်းစွာ အနော်မာမြစ်ကမ်းတွင် ကွယ် လွန်ခဲ့၏။ နတ်ပြည်တွင် နတ်သားဖြစ် ကြောင်း ဘုရားဖြစ်ရန်ဟူသော သဒ္ဓါ ကြည်ညိုစိတ်ကြောင့် နတ်ဖြစ်သည်ဟူ၍ ဝိမာနဝတ္ထုအဌကထာ စာ-၂၉၃တွင် ဖွင့်ပြထား၏။
အလောင်းတော်မင်းသားသည် ရဟန်းဝတ်ပြီးသော် အနီးတွင်ရှိသော အနုပီယသရက်တောတွင် ခုနစ်ရက်ပတ် လုံး ရဟန်းချမ်းသာဖြင့် အချိန်ကုန်ခဲ့၏။ ထိုမှ လွန်သော် တစ်ရက်တည်းမှာပင် အနုပီယသရက်ဥယျာဉ်နှင့် ယူဇနာ ၃ဝ ရှိသောခရီးကို ခြေကျင်ကြွတော်မူခဲ့၏။