images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
ဝန်းသိုတွင် ဝက်မွေးမြူရေးဆိုင်ရာ ပညာပေးဟောပြော လက်ကမ်းစာစောင်ဖြန့်ဝေ
မင်းမြင့်မိုရ်(ငါန်းဇွန်) Thursday, 05 July 2018
စစ်ကိုင်းတိုင်းဒေသကြီးကသာ ခရိုင်ဝန်းသိုမြို့နယ်တွင် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တို့ပူးပေါင်း၍ဝက်မွေးမြူရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း ကို ယမန်နေ့က မြစိမ်းရောင်ကျေး ရွာစီမံကိန်းဝင် ဂျိုးတောင်ရွာမ ကျေးရွာ၊ ထန်းတပင်ကျေးရွာတို့၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်း က ဝန်းသိုမြို့နယ်အတွင်း ကျေးရွာ ပေါင်း ၁၈ဝ ရှိပြီး ကျေးရွာ ၁၂၄ ရွာခန့်တွင် ယခုအခါ ဝက်နားရွက် ပြာရောဂါဖြစ်ပွားနေကြောင်း၊လက်ရှိ ဖြစ်ပွားနေသော ဝက်ရောဂါများ သည် ကုသဆေးမရှိသေးဟု သိရ ကြောင်း၊ မြစိမ်းရောင်ကျေးရွာစီမံ ကိန်းဆောင်ရွက်နေသည့် ကျေးရွာ များသည် ဝက်မွေးမြူရေးလုပ်ငန်း ကို အဓိကထားလုပ်ကိုင်ဆောင် ရွက်သဖြင့် ရောဂါမဖြစ်ပွားသေး ပါက ကြိုတင်ကာကွယ်ဆေးထိုး နိုင်ရန်အသိပညာပေးဟောပြောပွဲ ကို လာရောက်ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ မြို့နယ်မွေးမြူ ရေးနှင့်ကုသရေးဦးစီးဌာနမှဒုတိယ ဦးစီးမှူး ဒေါက်တာအောင်သူရိန် က ဝက်မွေးမြူရေးဆိုင်ရာ သိ ကောင်းစရာများ၊ ဝက်များတွင်ဖြစ် တတ်သောရောဂါများ၊ ဝက်နား ရွက်ပြာရောဂါများ၊ ကူးစက်နိုင် သောလမ်းကြောင်းများ စသည်တို့ ကို ရှင်းလင်းပြောကြားပြီး ဝက် မွေးမြူရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဟော ပြောပွဲတက်ရောက်သူများထံ ဖြန့် ဝေပေးခဲ့သည်။
ထို့နောက် မြို့နယ်မွေးမြူရေး နှင့် ကုသရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါက်တာ ဇာနည်ဇော်၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန မြို့နယ်ဦးစီး မှူး ဦးမြတ်မျိုးထွန်းနှင့် တာဝန်ရှိ သူများသည်အဆိုပါကျေးရွာမြစိမ်း ရောင်ကော်မတီဝင်များနှင့်အတူ ပိုးသတ်ဆေးဖျန်းပေးခြင်းလုပ်ငန်း ကို ဝက်ခြံများအတွင်း၌ ဆောင် ရွက်ခဲ့ကြောင်း သိရသည်။