images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ကျန်းမာရေးအသိပညာပေးဟောပြော
ပြည့်စန္ဒီမြင့် Friday, 06 July 2018
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် ကွန်ဟိန်းမြို့နယ် အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်း ပညာသင်တန်းကျောင်း တွင် ဌာနဆိုင်ရာများ ပူးပေါင်း၍ ယမန်နေ့ နံနက် ၉နာရီက လူကုန် ကူးမှု တားဆီးကာကွယ်ရေးနှင့် ကျန်းမာရေးအသိပညာပေး ဟော ပြောပွဲ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ် ချုပ်ရေးမှူး ဦးစိုးဝင်းက အဖွင့် အမှာစကားပြောကြားပြီး မြို့နယ် ဥပဒေအရာရှိ ဦးထွန်းမင်းသိန်းက လူကုန်ကူးမှုအန္တရာယ်အကြောင်းသိ ကောင်းစရာများကိုလည်းကောင်း၊ မြို့နယ်တိုင်းရင်းဆေးမှူး ဦးလှိုင် မျိုးထွန်းက မီးဖိုချောင်သုံးပစ္စည်း များအသုံးဝင်ပုံကို လည်းကောင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှကျန်း မာရေးမှူးဒေါ်နန်းလောဝ်းက သား အိမ်ခေါင်းကင်ဆာရောဂါအကြောင်း ကိုလည်းကောင်း၊ မြို့နယ်ရဲတပ် ဖွဲ့မှ ဒုစခန်းမှူးရဲအုပ်သန်းနိုင်ညိုက ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးအကြောင်းအရာများ ကိုလည်းကောင်း အသီးသီးဟော ပြောခဲ့ကြသည်။
အဆိုပါဟောပြောပွဲသို့ ဌာန ဆိုင်ရာများ၊ ဖိတ်ကြားထားသူများ သင်တန်းနည်းပြများနှင့်သင်တန်း သူများ စုစုပေါင်း ၇ဝတက်ရောက် ခဲ့ကြကြောင်း သိရသည်။