images
UN
UN
ပါရဂူဘွဲ့ပညာသင်ဆုများ Website မှတစ်ဆင့်လျှောက်ထားနိုင်
ခိုင်မာ Friday, 06 July 2018
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိGraduate School of Public Administration, National Institute of Development Administration တွင် ၂ဝ၁၈ ပညာသင်နှစ်အတွက် ဖွင့်လှစ်မည့် Organization and Human Resource Governance နှင့် Public Policy and Development ပါရဂူဘွဲ့ပညာသင်ဆုများသို့ အရည် အချင်းပြည့်မီသူများ Website မှတစ်ဆင့်ယှဉ်ပြိုင်လျှောက်ထား နိုင်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သိရသည်။
လျှောက်ထားသူသည် အဆိုပါပညာရပ်တွင် မဟာဘွဲ့ရရှိထား သူဖြစ်ပြီးပညာသင်ဆုများသို့ သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီသောအသင်းချုပ် CEC/EC များ၊ ဝန်ထမ်းများ၊ ညီနောင် အသင်းများမှဝန်ထမ်းများ၊ ကုန်သည်စက်မှုအသင်းချုပ်အသင်းဝင် ကုမ္ပဏီများ၏အဖွဲ့ဝင်များ သို့မဟုတ် ဝန်ထမ်းများ လျှောက်ထား နိုင်သည်။
အသေးစိတ်အချက်အလက်များကို Website: http://gspa.nida.ac.th or www. nida.ac.th သို့ ဝင်ရောက်လေ့လာ နိုင်ပြီး အသင်းချုပ်၏ခွင့်ပြုချက်ဖြင့်လျှောက်ထားရမည်ဖြစ်သည်။
ခွင့်ပြုချက်ရယူလိုပါက အသင်းချုပ်၊ အမှုဆောင်အရာရှိချုပ်ထံ လိပ်မူ၍ကိုယ်တိုင်ရေးလျှောက်လွှာတစ်စောင်၊ ဓာတ်ပုံ၊ အသင်း ဝင်ကတ်မိတ္တူ၊ မှတ်ပုံတင်မိတ္တူတို့ကိုပူးတွဲ၍ အသင်းချုပ်နှင့် ညီနောင်အသင်းများမှ အမှုဆောင်/ဝန်ထမ်း၊ အသင်းချုပ်၊ အသင်းဝင်ကုမ္ပဏီများမှ အဖွဲ့ဝင် သို့မဟုတ် ဝန်ထမ်းဖြစ်ကြောင်း ထောက်ခံစာတို့နှင့်အတူ ယခုလ ၁၁ ရက် နောက်ဆုံးထားပြီး လျှောက်ထားရမည်ဖြစ်ကြောင်း ကြေညာထားသည်။