images
UN
UN
စစ်တောင်းကမ်းပါး ပြိုကျနေမှုကြောင့် နေအိမ်များပြိုကျရန်ဖြစ်ပေါ်နေ
ဖြိုးကိုလင်း(ညောင်ဝိုင်း) Friday, 06 July 2018
ပဲခူးတိုင်းဒေသကြီး ကျောက် တံခါးမြို့နယ်တွင် ကွင်းချောင်းနှင့် စစ်တောင်းမြစ်တို့မှ ကမ်းပါးများ ပြိုကျနေမှူကြောင့် လူနေအိမ်များ ပြိုကျရန်နီးစပ်နေပြီး ဒေသခံများ ဒုက္ခရောက်ရှိနေကြသည်။
မိုးဦးကျကာလတွင်ကွင်းချောင်း အတွင်းသို့တောင်ကျချောင်းရေများ အရှိန်ပြင်းစွာ ကျဆင်းမှုကြောင့် ဖြတ်သန်းစီးဆင်းရာ ဖြူးမြို့နယ် ကျောက်တံခါးမြို့နယ်အတွင်းရှိ ချောင်းနံဘေးရှိ ကျေးရွာအုပ်စုများ သည်နှစ်စဉ်အမြဲ လူနေအိမ်များ ရွှေ့ပြောင်းရခြင်း၊ရေနည်းပါးသော နွေကာလတွင် ကမ်းပါးပြိုမှုဒဏ် ခံနိုင်ရန်အတွက် ရေကာများရိုက်ရ ခြင်း၊ ထပ်မံပြိုကျလာသဖြင့် ရွှေ့ ပြောင်းနေထိုင်ရန် ခြံမြေများမရှိ ခြင်း၊ခြံမြေဈေးများအဆမတန် မြင့် တက်ခြင်း၊သက်ဆိုင်ရာတာဝန်ရှိသူ များထံတင်ပြသော်လည်းအလေးပေး ဆောင်ရွက်ပေးမှုမရှိခြင်း စသည် တို့ကြောင့် ဒေသခံများ များစွာ အခက်အခဲများဖြစ်ပေါ်နေကြောင်း သိရသည်။
''ကျွန်တော်တို့ရွာကလည်း ပြို ရင်းပြောင်းရင်းနဲ့ပဲ ရွာတစ်ခြမ်းက ကုန်နေပြီ။ခုတော့ပြောင်းစရာလည်း နေရာမရှိတော့ဘူး။ ဒီစစ်တောင်းမြစ် က တစ်နှစ်တစ်နှစ်ပြိုနေတာက မြင်တဲ့အတိုင်း ဘယ်သူကမှလည်း အဖက်လုပ်ပြီးလာမကြည့်ကြဘူး။ နိုင်ငံပိုင်သတင်းစာရော ရေဒီယိုမှာ ရော မနှစ်ကပါတယ်။ ဘယ်သူမှ လာမကြည့်ဘူး။ ရှင်းနေရောပဲ ခု လည်းမြင်တဲ့အတိုင်းပဲ ဘယ်နေ့ပြို မလဲ။လက်ပိုက်ကြည့်နေရတဲ့အဆင့် ပဲ။ ကျွန်တော်တို့ပြည်သူကတော့ နေစရာတောင်မဲ့ရတော့မယ့်ဘဝတွေ ဖြစ်နေပြီ''ဟုအအန်းဘော်ကျေးရွာ စစ်တောင်းမြစ်ကမ်းပါးအနီးနေထိုင် သူ ဒေသခံတစ်ဦးက ပြောကြားခဲ့ သည်။
အဆိုပါကွင်းချောင်းနှင့်စစ်တောင်း မြစ်ကမ်းပါး နှစ်စဉ်ပြိုကျမှုကြောင့် ယခုနှစ်တွင် လူနေအိမ်နှင့်အခြား အဆောက်အအုံ၁၅လုံးထက်မနည်း ပြိုကျဖွယ်ရှိနေပြီး သက်ဆိုင်ရာ တာဝန်ရှိသူများမှာ ယာယီမြေထိန်း နံရံတည်ဆောက်ခြင်း ရေစီးလမ်း ကြောင်းပြောင်းခြင်း၊ ရေကာတာ များရိုက်ခြင်း စသည်တို့ကို အချိန်မီ ကွင်းဆင်းကြည့်ရှုစစ်ဆေးဆောင် ရွှက်ရန် လိုအပ်လျက်ရှိသည်။