images
UN
UN
မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွား
လွှမ်းသီဟ(ဝါးခယ်မ) Friday, 06 July 2018
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် ဟင်္သာဒုံးကျေးရွာအုပ်စု ရွာမကျေးရွာ၌ ယနေ့မွန်းလွဲ ၁နာရီ မိနစ် ၂ဝ တွင် ရွှေလောင်းမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှု ဖြစ်ပွားခဲ့သည်။
ယင်းသို့ မြစ်ရေတိုက်စားမှုကြောင့် အလျား ၅၅ပေ၊ အနံ ၂၅ ပေခန့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက် သေဆုံးမှုမရှိကြောင်း၊ တာဝန်ရှိသူများက အနီးပတ်ဝန်းကျင်ရှိပြည်သူ များအား ဘေးလွတ်ရာသို့ ခေတ္တပြောင်းရွှေ့ထားကြောင်း သိရသည်။
''အခု ကမ်းပါးပြိုကျတဲ့နေရာက မြေအလွတ်ပါ။ လူရော အိမ်တွေရော ထိခိုက်မှုမရှိပါဘူး။ အနားမှာ ကျေးရွာချင်းဆက် တံတားတော့ရှိတယ်။ တံတားထိခိုက်မှုမရှိအောင် ဆက်ပြီး ကမ်း မပြိုအောင် ကမ်းဆယ်တာမျိုး ဆောင်ရွက်သွားဖို့ရှိပါတယ်'' ဟု ဟင်္သာဒုံးကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။