images
UN
UN
ယာဉ်အန္တရာယ်ကင်းရှင်းရေးအသိပညာပေးဟောပြော
အောင်ထက်(မင်္ဂလာဒုံ) Friday, 06 July 2018
ရန်ကုန်တိုင်းဒေသကြီးမြောက် ပိုင်းခရိုင် မှော်ဘီမြို့နယ် နည်း ပညာတက္ကသိုလ်(မှော်ဘီ)အစည်း အဝေးခန်းမတွင် မူးယစ်ဆေးဝါး အန္တရာယ်နှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ပါမောက္ခ ဒေါက်တာကေသီလွင်က အဖွင့် အမှာစကားပြောကြားခဲ့ပြီး မှော်ဘီ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုတိယမြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးသိန်းတိုးက မူး ယစ်ဆေးဝါးအန္တရာယ်အကြောင်း ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် အမှတ်(၆၅) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုရဲမှူးကျော်ဆန်းက ယာဉ်စည်း ကမ်းလမ်းစည်းကမ်းများကိုအသေး စိတ်ရှင်းလင်းပြောကြားခဲ့ပြီး တက် ရောက်လာသူများက သိရှိလိုသည် များကိုမေးမြန်းကာ အခမ်းအနား ကို အောင်မြင်စွာရုပ်သိမ်းခဲ့သည်။