images
UN
UN
SME ကိစ္စများကို အလေးထားမဆောင်ရွက်ပါက နိုင်ငံ၏စီးပွားရေးထိခိုက်နိုင်ဟု ဒုတိယသမ္မတဦးမြင့်ဆွေပြောကြား
Friday, 06 July 2018
နိုင်ငံတော်ဒုတိယသမ္မတ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ဆွေက ပုဂ္ဂလိကကဏ္ဍကိုယ်စားလှယ်များနှင့် (၁၈)ကြိမ်မြောက် တွေ့ဆုံပွဲတွင် ၉၉ ရာခိုင်နှုန်းခန့်ရှိသော SME များ၏ကိစ္စအား အလေးထားမဆောင်ရွက်ပါက နိုင်ငံ၏စီးပွားရေးထိခိုက်နိုင်ကြောင်း ပြောကြားခဲ့သည်။
နိုင်ငံတော်ဒုတိယသမ္မတ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌဦးမြင့်ဆွေနှင့် ပုဂ္ဂလိကကဏ္ဍကိုယ်စားလှယ်များ(၁၈)ကြိမ်မြောက် တွေ့ဆုံပွဲအား ရန်ကုန်မြို့ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တွင် ယနေ့ပြုလုပ်ခဲ့သည်။
လက်ရှိတွင် ပြည်တွင်းအလတ်စားနှင့် အသေးစားလုပ်ငန်းများအနေ ဖြင့် ပြည်ပမှတရားမဝင် ဝင်ရောက်လာသောကုန်ပစ္စည်းများကြောင့် အခက်အခဲများဖြစ်ပေါ်နေကြောင်း တင်ပြချက်များရှိပြီး နိုင်ငံတော်အနေ ဖြင့် မှောင်ခိုလုပ်ငန်းများအား တားဆီးနှိမ်နင်းနေ၍ ထိုက်သင့်သလောက် တားဆီးနိုင်သော်လည်း တားဆီးမှုများအား ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဝင်းကပြောသည်။
''SME တွေက နိုင်ငံမှာ ၉၉ ရာခိုင်နှုန်းလောက်ရှိပါတယ်။ ဒီ ၉၉ ရာခိုင်နှုန်းရှိတဲ့ SME ကိစ္စကိုအလေးထားမလုပ်ရင် အများကြီး စီးပွားရေး ကိုထိခိုက်နစ်နာသွားမယ့်အနေအထားလေးတွေရှိပါတယ်။ ဒါတွေကို အလေးအနက်ထားပြီးဆောင်ရွက်မှာဖြစ်ပါတယ်''ဟု နိုင်ငံတော်ဒုတိယ သမ္မတဦးမြင့်ဆွေက ပြောသည်။
တရားမဝင်ကုန်သွယ်မှုများနှင့်ပတ်သက်၍ အများဆုံးဖြစ်ပွားသော ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီ တိုင်းဒေသကြီး စသည့်ဒေသများတွင် အထူးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက် မည်ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်တွင် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အထိ ပြည်တွင်းကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ၃၃ ဒသမ ၅၂ဘီလီယံရှိခဲ့ပြီး ပုဂ္ဂလိကကဏ္ဍမှ ၂၇ ဒသမ ၂၄ ဘီလီယံဆောင်ရွက်နိုင်ခဲ့ရာ ပုဂ္ဂလိကကဏ္ဍမှပါဝင်မှု ရာခိုင် နှုန်းမှာ ၈၁ ရာခိုင်နှုန်းရှိကြောင်း၊ ယခုနှစ် ဇွန် ၂၂ ရက် အထိပြည်တွင်း ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၇ ဒသမ ၉၈၃ ဘီလီယံ ရရှိထားပြီး ယခင်နှစ်အလားတူကာလထက် အမေရိကန်ဒေါ်လာ ၉၇၇ သန်းပိုမိုကုန်သွယ်နိုင်ကြောင်း၊ ပုဂ္ဂလိကကဏ္ဍမှ ၆ ဒသမ ၉၂၄ ဘီလီယံ ပါဝင်သည့်အတွက် ပုဂ္ဂလိကကဏ္ဍမှ ၈၇ ရာခိုင်နှုန်းထိ ပါဝင်မှုရှိကြောင်း သိရသည်။
နိုင်ငံတော်ဒုတိယသမ္မတ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌဦးမြင့်ဆွေနှင့်ပုဂ္ဂလိကကဏ္ဍကိုယ်စားလှယ်များ (၁၇)ကြိမ်မြောက် တွေ့ဆုံပွဲအထိလုပ်ငန်းရှင်များ၏ အခက်အခဲနှင့်အကြံပြုချက်စုစုပေါင်း အချက် ၂၅ဝခန့်ရှိပြီး ယနေ့တွင်လည်း မြန်မာနိုင်ငံလက်လီရောင်းချသူ များအသင်း၊ မကွေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ် ငန်းရှင်များအသင်း မြန်မာနိုင်ငံလက်မှုအနုပညာအသင်း B4B Insights Forum မှအကြံပြုချက်များတင်ပြခြင်း၊ ကုန်သည်စက်မှုအသင်းချုပ် အခွန် အကောက်ခွန်နှင့် စံချိန်စံညွှန်းပိုင်းဆိုင်ရာအစီအစဉ်များသည် ပြည်တွင်း ထုတ်လုပ်သူလုပ်ငန်းများအတွက် အခက်အခဲများဖြစ်ပေါ်နေသည့်အတွက် ပြင်ဆင်သုံးသပ်ပေးနိုင်ရန် အကြံပြုတင်ပြခြင်းတို့ကို ကုန်သည်စက်မှု အသင်းချုပ်မှ ဆွေးနွေးတင်ပြမည်ဖြစ်ကြောင်း သိရသည်။ ရွှေရောင