images
UN
UN
ဓနုဖြူတွင် အခွန်ကောက်ပညာပေးဆွေးနွေး
အောင်သူဟိဏ်း(ဓနုဖြူ) Saturday, 07 July 2018
ပြည်သူများ အခွန်နှင့်ပတ်သက်သည်များသိရှိနားလည်စေရန် ဓနုဖြူ မြို့ (၇)ရပ်ကွက်ရှိ အခွန်ဦးစီးဌာနရုံးတွင် ယမန်နေ့ မွန်းလွဲ ၃ နာရီက အသိပညာပေးဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ်ဦစီးမှူးဒေါ်မိုးမိုးအေးက ၂ဝ၁၈ခုနှစ် ပြည်ထောင်စု အခွန်ကောက် ဥပဒေနှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားပြီး ဒုတိယမြို့နယ်ဦးစီးမှူး ဦးနေမျိုးအောင်က ရွှေဆိုင်၊ စားသောက်ဆိုင်၊ တည်းခိုခန်း စသည့်လုပ်ငန်းများမှ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရေးနှင့် ပြည်သူများကလည်း အခွန်တံဆိပ်ခေါင်းမကပ်သည့်ဆိုင်များကို တိုင်ကြား ပေးရေး စသည့်များအား အသိပညာပေးဆွေးနွေးခဲ့သည်။ ယင်း အသိ ပညာပေးဆွေးနွေးပွဲသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးများနှင့် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်းသိရသည်။