images
UN
UN
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မှုခင်းပညာပေးပြခန်းယာဉ်ဖြင့် မှုခင်းကျဆင်းရေးအသိပညာပေး
Saturday, 07 July 2018
ရန်ကုန်တိုင်းဒေသကြီး ရဲတပ် ဖွဲ့မှ မှုခင်းပညာပေးပြခန်းယာဉ်ဖြင့် မှုခင်းကြိုတင်ကာကွယ်ရေး အသိ ပညာပေးခြင်း လုပ်ငန်းများကို ဒဂုံ မြို့သစ်(မြောက်ပိုင်း)မြို့နယ် (၅၁) ရပ်ကွက် ရာဇသင်္ကြန်လမ်း ကြိုး တံတားအဆင်းတွင် ယမန်နေ့ မွန်းတည့် ၁၂နာရီက ဆောင်ရွက် ခဲ့ရာ ပြခန်းယာဉ်နှင့်အတူ ဒဂုံမြို့ သစ်(မြောက်ပိုင်း)မြို့နယ် ရဲတပ်ဖွဲ့ မှူး ရဲမှူးမျိုးခိုင်ဦး၊ ယာဉ်ထိန်း တပ်ဖွဲ့စု(၃ဝ)မှ ဒုရဲမှူးအောင်ဝင်း၊ ဒုတိယမြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူး သီတာဝင်း၊ ဒဂုံမြောက်မြို့မရဲစခန်း ခေတ္တစခန်းမှူးရဲအုပ်အောင်ကိုဝင်း၊ ထားဝယ်ချောင်နယ်မြေရဲကင်းစခန်း မှူး ဒုရဲအုပ်ယာချမ်းမြေ့အောင်၊ မူးယစ်တပ်ဖွဲ့စု(၄၂)မှ တပ်ကြပ် ထွန်းနိုင်၊ လူကုန်တားတပ်ဖွဲ့စု(၆)မှ ဒုရဲအုပ်သက်ထွန်းအောင်တို့ကပြည် သူများအား လူကုန်ကူးမှုတားဆီး ရေး၊ယာဉ်စည်းကမ်းလမ်းစည်းကမ်း အန္တရာယ်များ၊ မူးယစ်ဆေးဝါး အသိပညာပေးခြင်း၊မှုခင်းများမဖြစ် ပွားမီ ကြိုတင်ကာကွယ်ရေးနှင့် ပြစ်မှုပြစ်ဒဏ်များကို အသိပညာ ပေးဟောပြောခဲ့ပြီး မှုခင်းအသိ ပညာပေး လက်ကမ်းစာစောင်များ ဝေငှခဲ့ကြောင်း သိရသည်။