images
UN
UN
ကိုးကွယ်မှု
မောင်သန်းဆွေ (ထားဝယ်) Saturday, 07 July 2018
ကိုးကွယ်မှုဆိုသည်မှာ လူတို့၏ အားထားရာ၊ သဘာဝသဘောတရား တစ်ခုပင်ဖြစ်၏။ လောကတွင်မည်သည့် သတ္တဝါမျိုးမှ ကိုးကွယ်ခြင်းတည်းဟူ သော အားထားမှု၊ကိုးစားမှု၊ယုံကြည်မှု တို့မှကင်း၍နေနိုင်ကြလိမ့်မည်မဟုတ်ပေ။
ဦးချိုရှိသောသတ္တဝါသည် မိမိ၏ ဦးချိုကိုသာလျှင် အထူးသဖြင့် အားကိုး ရ၏။ အစွယ်နှင့်တကွ အဆိပ်ရှိသော သတ္တဝါသည် မိမိတို့၏ အစွယ်နှင့် အဆိပ်ကိုသာလျှင် အားကိုးရ၏။ ကုတ် ခြစ်တတ်သော သတ္တဝါသည် မိမိတို့၌ ရှိသော ထက်မြက်စူးရှသည့် ခြေသည်း၊ လက်သည်းကိုပင် အားကိုးကြ၏။ စစ် သည်တော်တို့သည် လက်နက်ကို အား ကိုးကြရ၏။ ပညာရှိတို့သည် စာပေကျမ်း ဂန်ကို အားကိုးရ၏။ တွင်းအောင်း သတ္တဝါသည် တွင်းကိုသာအားကိုးရ၏။ ခွန်အားဗလနှင့်ပြည့်စုံသောသတ္တဝါသည် မိမိ၏ ကြီးမားသောခွန်အားဗလကို အားကိုးကြရ၏။ ပျံသန်းတတ်သော သတ္တဝါသည် မိမိအတောင်နှင့် ကောင်း ကင်ကိုသာအားကိုးကြရ၏။ ရေသတ္တဝါ တို့သည်လည်း ရေကိုသာအားကိုးကြ ရဘိသကဲ့သို့ လောက၌ရှိရှိသမျှသော သတ္တဝါတို့သည်လည်း မိမိတတ်သိထား သောစက်မှုလက်မှုအတတ်ပညာကိုလည်း ကောင်း၊စာပေကျမ်းဂန်အတတ်ကိုလည်း ကောင်း၊ တစ်ဆယ့်ရှစ်ရပ်သောပညာတို့ တွင် တစ်ပါးတစ်ပါးကိုလည်းကောင်း၊ နှစ်ပါးသုံးပါးကိုလည်းကောင်း၊ တတ် ကျွမ်းထားပါမူကား ထိုကိုယ်ပိုင်အတတ် ပညာတို့ကိုသာ အားကိုးရာအားကိုး ကြောင်း၊ ကိုးကွယ်ရာကိုးကွယ်ကြောင်း ပြုကြရမြဲဖြစ်ပေ၏။ ထိုသို့ကိုယ်ပိုင် ပစ္စည်းဟု ဆိုအပ်သောအထောက်အပံ့ လက်နက်၊ ကင်းပပါမူကား ဖော်ပြ ပါပစ္စည်းလက်နက်တို့ဖြင့် ပြည့်စုံသော သူတို့အား ကိုးကွယ်ကြမြဲဖြစ်သည့် အတွက် မိမိမှတစ်ဆင့် တခြားသူများကို ကိုးကွယ်စမြဲဖြစ်သည်မှာ သက်ရှိသတ္တဝါ တို့တွင် များစွာပင်ရှိပေ၏။
ထို့ကြောင့် သက်ရှိသတ္တဝါမှန်သမျှ တို့သည် လောကဓံအခက်အခဲကို မိမိ၏ စွမ်းရည်ဖြင့်သာ မခုခံနိုင်ခဲ့ပါမူ ဘုန်းရှင် ကံရှင်ပညာရှင်တို့ကိုလည်းကောင်း၊ သူရ သတ္တိနှင့် ပြည့်စုံသူတို့ကိုလည်းကောင်း ကိုးကွယ်မှုကိုပြုကြရသည်ကား ဓမ္မတာ ပင်ဖြစ်ပေ၏။ ထိုတွင် ပါဠိကျမ်းဂန်များ၌ ကိုးကွယ်ရာဟူသောအနက်ကို 'နာထ'ဟူ သောပုဒ်ဖြင့်ပြသည်မှာ...လောကနာထ= လူအပေါင်းတို့၏ ကိုးကွယ်ရာဖြစ်သော မြတ်စွာဘုရား။ ဂဇနထ= ဆင်တို့၏ ကိုးကွယ်ရာဖြစ်သော မဟာပိန္နဲနတ်မင်း။ ဂေါရီနာထ= စန္ဒီနတ်သမီး၏ ကိုးကွယ် ရာဖြစ်သော ပရမီသွာနတ်မင်း။ ဥစ္စနာ ထော= မြတ်သောသူတို့၏ ကိုးကွယ်ရာ ဖြစ်သော မင်းကြီးဟူ၍ရှိလေ၏။ ဤသို့ စသည်တို့ကား သူတစ်ပါးတို့အား ကိုး ကွယ်ရမှုပေတည်း။ ထိုတွင် ရှေးကျ လှသော အိန္ဒိယအမျိုးသားတို့၏ ကျမ်း များအနက် ဗြဟ္မဏဘာသာဟိန္ဒူလူမျိုး တို့၏ ကျမ်းဂန်များမှ ထုတ်နုတ်ရှာဖွေ လျှင် သတ္တဝါတို့၏ ကိုးကွယ်မှုကြီး အဆင့်ဆင့်ဖြစ်ပေါ်လာပုံကို တွေ့ရှိနိုင် ကြပေမည်။
ဗြဟ္မဏတို့၏ ယူဆချက်အရ ဖော် ပြရလျှင် ကျွန်ုပ်တို့၏ သုံးလူ့ထွတ်ထား ရှင်တော်ဘုရားမပွင့်မီ နှစ်ပေါင်းများစွာ ခန့်က ဤကမ္ဘာပေါ်သို့ ဗြဟ္မာ့ဘုံမှ ဗြဟ္မာများ စုတိမနေ ဗြဟ္မာသက်ကြွေ၍ ရောက်ရှိလာရာတွင်၎င်းတို့သည်တောတောင် ရေမြေ၊ သမုဒ္ဒရာအဖြာဖြာတို့ကို ရှုမြင်ရ သည်ရှိသော် တောကားညို့ညို့မှိုင်းမှိုင်း၊ ဆို့ဆို့ဆိုင်းဆိုင်းနှင့် ရှုတိုင်းတင့်တယ်လှပါ ပေ၏။ တောတောင်တို့သည်ကား မြင့် မြင့်မားမား၊ နိမ့်မြင့်အားဖြင့် ထင်ရှားစွာ တည်နေကြသဖြင့်လည်း ရှုကြည့်၍တင့် တယ်ပါပေ၏။ သမုဒ္ဒရာရေပြင်အတင် တင်တို့မှာလည်း တသွင်သွင်စီးဆင်းနေ ကြသဖြင့် ရှုကြည့်မနှေးချမ်းအေးလှပါ ပေ၏။
မြေပြင်အထိုထို အဟိုကျယ်ပြော သော ဤကမ္ဘာလောကကြီးသည်လည်း အတောမသတ်အောင် ချီးမွမ်းအပ်လှပါ ပေ၏ စသည်ဖြင့်လည်းကောင်း အဂ္ဂနိ မည်သော မီးနတ်၊ ဣန္ဒမည်သော မိုး တိမ်နတ်၊ သူရိယမည်သော နေနတ်၊ ဝရုဏမည်သောကောင်းကင်နတ်၊ ဝါတ မည်သောလေမုန်တိုင်းနတ် အစရှိသည်တို့ ကိုလည်းကောင်း ပူဇော်ရန် ဂါထာအရေ အတွက်များပြားစွာ ၁ဝ၁၇ ပုဒ်တို့နှင့် သီဆိုပူဇော်ကြပေ၏။ဤသို့ပူဇော်ကြသည် မှာ ဘုရားမပွင့်မီနှစ်ပေါင်းတစ်ထောင် ခန့်မျှဖြစ်လေရာ ထိုခေတ်ထိုချိန်အခါကို သက္ကတဘာသာအားဖြင့် 'ရိဂ်ဝေဒ' ခေတ်ဟု မှတ်သားထားရမည်ဖြစ်ပေ၏။ စင်စစ်အားဖြင့် ထိုအချိန်အခါ၌ လောဘ၊ ဒေါသ၊ မောဟဟူသော တရားတို့ ထူ ပြောခြင်းမရှိသေးသောကြောင့် အဆိုပါ နည်းအတိုင်း ဂါထာတို့ဖြင့် သီဆို ဖွဲ့နွဲ့ကာ တောတောင်၊ရေမြေ၊ သမုဒ္ဒရာ နှင့် မီး၊မိုး၊တိမ်၊နေ၊ကောင်းကင်၊လေမုန် တိုင်းတို့အား ပူဇော်ခြင်းကိုပင်လျှင် 'နာ ထ'ပုဒ်အရ အားကိုးရာရှာ၍ ကိုးကွယ် ခြင်းဟု မှတ်သားအပ်ပေသည်။
ထို့နောက် အဆိုပါကမ္ဘာဦးသူတို့ သည် 'ရိဂ်ဝေဒ'ခေတ်ကုန်ခါနီးသောအ ခါ၌ ဖော်ပြခဲ့သော တောတောင်၊ရေမြေ စသည်တို့မှာ အစောင့်အရှောက်နတ် စသည်တို့ အထူးပိုမို၍ ရှိသည်ဟု ထင် မှတ်ပြီးလျှင် ဤအစောင့်အရှောက်နတ် တို့ကို ဂါထာရိုးရိုးနှင့်သာ ရွတ်ဖတ်ပူ ဇော်နေပါမူ ကြိုက်နှစ်သက်မည်မဟုတ် ပေ။ တန်ဖိုးရှိသော အရာဝတ္ထုဖြင့် ပူဇော် ပသမှသာလျှင် ကျေနပ်တော်မူကြပေမည် ဟု ထင်မှတ်ယူဆလာကြလေ၏။ သော မမည်သော နွယ်ပင်တစ်မျိုးမှရသည့် နို့ ရည်ကိုပြုလုပ်အပ်သော သောက်ဖွယ်ဖြင့် အဆိုပါနတ်တို့အား ပူဇော်ကြပြီးလျှင် ရိဂ် ဝေဒမှလာရှိသော ဂါထာအချို့တို့ကို ထပ် မံဖြည့်စွက်၍ ပူဇော်ကြပေ၏။ ထိုသို့ သောမမည်သောနွယ်ပင်မှ ရရှိသည့်နို့ ရည်ဖြင့် ပူဇော်၍နေကြသည်မှာ နှစ် ပေါင်းတစ်ထောင်ကာလခန့်ပင် ကြာရှိ သွားခဲ့၏။ထိုခေတ်ကို သောမဝေဒခေတ် ဟု ခေါ်ဆိုလေတော့သတည်း။
ထို့နောက် ကမ္ဘာဦးသူတို့မှာလောဘ၊ ဒေါသ၊ မောဟတရားများ တစ်စထက် တစ်စ ပိုမိုများပြားလာခြင်းဖြင့် မကောင်း မှုများ များပြားလာ၏။ ထို့ကြောင့် ငါတို့ ယခု ပူဇော်နေကြသော နွယ်ရည်၊ နွယ်နို့ ဖြင့်လည်း အဆိုပါနတ်တို့မှာ ကျေနပ်လိမ့် မည်မဟုတ်။ ထိုထက်တန်ဖိုးရှိသည့်အရာ နှင့်ပူဇော်ပသမှလျှင် ကျေနပ်ကြမည်ဟု ယူဆလာကြပြန်၏။ ထို့ကြောင့် ထိုနွယ် ရည်၊ နွယ်နို့ထက်တန်ဖိုးရှိသောအရာကို ရှာကြရာ လောကတွင်တန်ဖိုးအရှိဆုံးအ ရာမှာ အခြားမဟုတ် သတ္တဝါတို့၏အ သက်ပင်ဖြစ်၏ဟု ဆိုလာကြပြန်လေ၏။ ထို့ကြောင့် ဤတန်ဖိုးရှိသော သတ္တဝါတို့ ၏အသက်ကိုသတ်၍လည်ချောင်းသွေးဖြင့် နတ်မင်းတို့အား ပူဇော်အံ့ဟု စီစဉ်ပြီးလျှင် ဣသျှူဗေဒင်၏ နဝမအခန်း၌ပါရှိသော သောမ မည်သောနွယ်ပင်၏ ဂုဏ်ကျေး ဇူးတို့ကို ချီးကျူးထောမနာပြုကာ ဂါထာ များဖြင့် ချီးကျူး၍ ပူဇော်ကြလေသည်။
အထူးမှတ်ရန်မှာ ထိုသို့ အိန္ဒိယနိုင်ငံ ၌ တတိယမြောက်ဖြစ်သော ယဇ်နတ် ပူဇော်သည့်ဓလေ့သည် ကမ္ဘာပေါ်ရှိ တိုင်းပြည်၊ မြို့နယ်အရပ်ရပ်သို့လည်း ပျံ့ နှံ့၍သွားလေတော့၏။ တရုတ်ပြည်နှင့် တကွ မက္ကဆီကိုပြည်အထိ ပျံ့နှံ့သွားဟန် ရှိ၏။ အေသင်လူမျိုး၊ စပါးတန်လူမျိုးတို့ နေထိုင်ရာဖြစ်သော ဒေသများသို့လည်း ရောက်ရှိသွားပေ၏။ယခုအခါ မက္ကဆီကို နယ်တွင် ပြတိုက်တစ်ခု၏ အတွင်း၌ရှိ သောယဇ်ပလ္လင်တစ်ခုမှာ သန်းပေါင်းများ စွာသော သတ္တဝါတို့၏ အသက်ကို သတ် ၍ ပူဇော်ခဲ့သော ယဇ်ပလ္လင်ဖြစ်ပေ၏။
ကိုလံဘီယာဟူသော ဂရိတ်စကားသည် လေးနှစ်တစ်ကြိမ်ဟူသော ဘာသာပြန် စကားဖြစ်၍ ထိုတောင်ပေါ်ရှိ ဒီယပ်(စ) ပီတာ ခေါ် ကမ္ဘာပေါ်တွင် အလှဆုံးဖြစ် သော ရွှေရုပ်နတ်ကြီးအား ရှေးအခါက ယဇ်ပူဇော်ခြင်း၊ ရထားပြိုင်ပွဲ၊ စက်ပြိုင် ပွဲ၊ မြင်းစီးပြိုင်ပွဲစသော အားကစားအမျိုး မျိုးတို့ဖြင့် ပူဇော်ပသကြသော ပွဲကြီးတစ် ရပ်ပင် ဖြစ်လေတော့သည်။ ပါဠိကျမ်း ဂန်များ၌ကား ဥက္ကာကရာဇ်မင်းလက် ထက်၌ မိစ္ဆာပုဏ္ဏားတို့သည် ယခင်အခါ ကရှိသော သင်္ဂဟတရားလေးပါးတို့ကို မိမိတို့ထင်တိုင်းပြင်ဆင်၍ (၁) အဿမေ ဓ၊ (၂) ပုရိသမေဓ၊ (၃) သမ္မာပါသ၊ (၄) ဝါဇပေယျ၊ (၅) နိရဂ္ဂဠဟူ၍ ယဇ် ကြီးငါးပါးကို စီရင်ကြောင်းဖြင့် ဗြဟ္မဏ ဓမ္မိကသုတ်တွင် ဖော်ပြထားပေ၏။
ထိုတွင် (၁)အချက်မှာ အဆင်းငါးပါးရှိ သောမြင်းကို သတ်ခြင်း၊ ပုဏ္ဏားတို့အား ပေးလှူခြင်းသည် အဿမေဓမည်၏ဟူ၍ လည်းကောင်း၊ (၂)အချက်မှာ ယောက်ျား ကို သတ်ပုတ်ညှဉ်းဆဲရာ သတ်ပုတ်ညှဉ်း ဆဲကြောင်းပြုလုပ်၍ ပုဏ္ဏားတို့အား ပေး လှူကြောင်းအမှုသည် ပုရိသမေဓမည်၏ ဟူ၍ လည်းကောင်း၊ (၃)အချက်မှာ ထမ်း ပိုးကျည်းကိုချွတ်၍ သူရဿဒီမြစ်ညာကို ဆန်လျက်ပစ်ခတ်၍ ထမ်းပိုးကျည်းကျ ရာ၌ ယဇ်တိုင်ကိုစိုက်ကာ ယဇ်ပူဇော် ကြောင်းအမှုသည် သမ္မပါသမည်၏ဟူ၍ လည်းကောင်း (၄)အချက်မှာ ပုဏ္ဏားတို့ အား ထောပတ်ပျားစသည်တို့ကို ပေး ကမ်းလှူဒါန်းခြင်းသည် ဝါဇပေယျမည် ၏ဟူ၍လည်းကောင်း၊ (၅)အချက်မှာ အလုံးစုံသော မိမိ၏ဥစ္စာကို မလျှို့ဝှက်မူ ၍ အကြွင်းအကျန်မရှိသော ဥစ္စာဖြင့် ပုဏ္ဏားတို့အား ပေးလှူအပ်သည်ဖြစ်သော ကြောင့် မပိတ်သောတံခါးရွက် ရှိရာရှိ ကြောင်းအမှုသည် နိရဂ္ဂဠမည်၏ဟူ၍ လည်းကောင်း အသီးသီးစီရင်ကြသည်ဟု လာရှိပေ၏။ ဤတွင် ကျွဲနွားများကို သတ်ပုတ်ရန် ပုဏ္ဏားများ၏ကိုယ်၌ အရွှေ၊ အဖြူ၊ အနီ၊ ကမ္ဗလာတို့ကို ရုံကုန်လျက်၊ သတ်ပုတ်ညှဉ်းဆဲကြသဖြင့် ထိုကာလမှ စ၍ သင်္ကန်းရုံကုန်သော ရဟန်းတို့ကို မြင်ကြလျှင် ကျွဲနွားတို့က ကြောက်လန့် ကုန်ကြ၏ဟူ၍ သုတ္တနိပါတ်အဋ္ဌကထာ၌ ပါရှိလေသည်။
ထိုသို့ ယဇ်နတ်များကို ပူဇော်ကြ သည့် အချိန်ကာလများမှာလည်း ဖော် ပြခဲ့သည့်အတိုင်း နှစ်ပေါင်းတစ်ထောင် ကျော်မျှပင် ကြာရှိလေ၏။ ထိုခေတ် ထိုအချိန်ကာလကို ယဇုဝေဒခေတ် သို့ မဟုတ် ယဇ်နတ်ပူဇော်သောခေတ်ဟု မှတ် သားအပ်ပေ၏။
ထိုသို့အားဖြင့် ဗေဒင်လေးပုံ၏ အခြေ အနေကိုကြည့်လျှင် ထိုဗြဟ္မဏဘာသာဝင် တို့၏ကိုးကွယ်မှုပင်ဖြစ်ကြောင်းကို တွေ့ရှိ နိုင်မည်ဖြစ်ပေ၏။