images
UN
UN
မယ်စဲ့မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်
ဝတ်ရည်(မယ်စဲ့) Saturday, 07 July 2018
ကယားပြည်နယ် ဘောလခဲ ခရိုင် မယ်စဲ့မြို့နယ်တွင် ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှ ခြင်ကြောင့် ကူးစက်တတ် သောရောဂါများ၊သွေးလွန်တုပ် ကွေးရောဂါများမဖြစ်ပွားစေရေး အတွက် ကြိုတင်ကာကွယ်ရေးနှင့် နှိမ်နင်းရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈နာရီခွဲက အဆိုပါ လုပ်ငန်းများကို လိုက်လံဆောင် ရွက်ခဲ့ကြောင်းသိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ အောင်ဇော်ထွန်းနှင့်ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်အမျိုးသ မီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ ပါဝင်သောအဖွဲ့သည် မယ်စဲ့မြို့ မြောက်ပိုင်းရပ်ကွက်နှင့် တောင် ပိုင်းရပ်ကွက်ရှိ ရုံးဌာနအဆောက် အအုံများ၊ နေအိမ်များရှိ ရေတွင်း၊ ရေကန်၊ရေစည်၊ရေအိုးများ၊ကား တာယာအဟောင်း၊ ဘုရားပန်းအိုး နှင့်ပုံးခွံအလွတ်တို့တွင် ပိုးလောက် လမ်းရှိမရှိစစ်ဆေးခြင်း၊ ဖုံး၊သွန်၊ လဲ၊ စစ်ဆောင်ရွက်ခြင်း၊အဘိတ် ဆေးခတ်ခြင်းနှင့်သွေးလွန်တုပ် ကွေးရောဂါ ဖြစ်ပွားရခြင်းအ ကြောင်းရင်းများကို ပြည်သူများ အား အသိပညာပေးခြင်းလုပ်ငန်း များကို တစ်ပြိုင်တည်းဆောင် ရွက်ခဲ့ကြောင်း သိရသည်။