images
UN
UN
မော်ကျွန်းတွင် ယာဉ်အန္တရာယ်ကင်းဝေးရေး ရေအိုင်ချိုင့်ခွက်များကို ပြုပြင်ပေးစေလို
Saturday, 07 July 2018
ဧရာဝတီတိုင်း ဒေသကြီး မော်လမြိုင်ကျွန်းမြို့အဝင်တပင်ရွှေ ထီးလမ်းမကြီးသည်အရေးပါသော လမ်းတစ်လမ်းဖြစ်ရာ တပင်ရွှေ ထီးအဝေးပြေးလမ်းမကြီးအတိုင်း နေ့စဉ်မော်တော်ယာဉ်ကြီးငယ်မျိုးစုံ မြို့တွင်းသို့ခေါက်ရေများစွာ ဖြတ် သန်းမောင်းနှင်ဝင်ရောက်လျက်ရှိ ရာ ယခုအခါ (၁၁)ရပ်ကွက် မအူ ပင်လမ်းမှ မဟာဗန္ဓုလ ၁လမ်း ထိပ်အထိ ကတ္တရာလမ်းမပေါ် နေရာအနှံ့အပြားတို့တွင် ရေအိုင် ချိုင့်ခွက်ကြီးများ ဖြစ်ပေါ်လျက် ရှိသည်။
ယင်းကတ္တရာလမ်းမှာ မော် တော်ယာဉ်ကြီး၊ ငယ်အသွား အလာများသဖြင့် ယခုမိုးရာသီ တွင် လမ်းစတင်ပျက်စီးလာရာ မော်တော်ယာဉ်မျိုးစုံတို့မှာ ရေ အိုင်ချိုင့်ခွက်များကိုရှောင်တိမ်း မောင်းနှင် နေရသောကြောင့် ဒေသခံပြည်သူများသွားလာရာတွင် ယာဉ်အန္တရာယ်ရှိနေသဖြင့် ဂရု ပြုသွားလာနေကြရသည်။
သို့ပါ၍ မော်လမြိုင်ကျွန်း မြို့ရှိ ဒေသခံပြည်သူများ ယာဉ် အန္တရာယ်ကင်းဝေးစေရေးအတွက် ပျက်စီးနေသော ကတ္တရာလမ်း ပေါ်ရှိ ရေအိုင်ချိုင့်ခွက် များကို သက်ဆိုင်ရာမှ အမြန်ဆုံးပြုပြင် ပေးပါရန် ဒေသခံပြည်သူများက လိုလားလျက်ရှိသည်။
ဒေသခံများ