images
UN
UN
ရာသီဥတုဖောက်ပြန်မှုကြောင့်ပြောင်းစိုက်ခင်းများပျက်စီး ပြန်လည်စိုက်ပျိုးရန်အတွက် မျိုးစေ့ဝယ်ယူမရဖြစ်နေ
ထက်မြက်(မန္တလေး) Saturday, 07 July 2018
ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ်ရှိ ပြောင်းစိုက်ခင်း များမိုးရွာသွန်းမှုပုံစံမှာ ပုံမှန်မဟုတ် ဘဲ ရွာသွန်းခဲ့ခြင်းကြောင့် စိုက်ခင်း များပျက်စီးခဲ့သဖြင့် တောင်သူများ ပြန်လည်စိုက်ပျိုးမှုလုပ်ဆောင်သော် လည်း မျိုးစေ့ဝယ်ယူမရသည့် အခြေအနေမျိုးဖြင့် ရင်ဆိုင်နေရ ကြောင်း၊ အဆိုပါမြို့နယ်ရှိ ပြောင်း စိုက်တောင်သူများအသင်းက သိရ သည်။
''မိုးကပုံမှန်မဟုတ်ဘဲရွာသွန်း ခဲ့တာကြောင့် စိုက်ခင်းတွေပျက်စီး ကုန်တယ်။ စိုက်ပျိုးမြေဧကက ခုနစ်သောင်းဝန်းကျင်လောက် ရှိ မယ်။ အဲဒီထဲက ရာခိုင်နှုန်း ၅ဝ နီးပါး ပျက်စီးသွားတယ်။ ပြန် လည်စိုက်ပျိုးဖို့ကျတော့လည်း မျိုးစေ့ဈေးတွေက ကြီးတဲ့အပြင် ကိုယ်ကြိုက်တဲ့မျိုးကိုမဝယ်ယူနိုင် တော့တာကြောင့် တော်တော်လေး အခက်အခဲဖြစ်နေပါတယ်'' ဟု အဆိုပါအသင်းရှိ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ပြောင်းကို ကနဦးစိုက်ပျိုး စဉ်တွင် မိုးခေါင်ခြင်းကြောင့် အပင်များဖြစ်ထွန်းမှုမရှိခဲ့ခြင်း၊ မိုးရွာသွန်းသော်လည်း စိုက်ပျိုးရန် အတွက် အဆင်ပြေသည့် ရွာသွန်း ခြင်းမဟုတ်ဘဲ များစွာရွာသွန်းခြင်း ကြောင့်အပင်များ ရေဖြင့်မျောပါ သွားသည့်အခြေအနေအထိဖြစ် ပေါ်ခဲ့ခြင်းနှင့် မိုးကြီးခြင်းကြောင့် ရေငွေ့ရိုက်ကာ အပင်များတွင် မှို ရောဂါဖြစ်ပွားပြီး ပျက်စီးမှုများ ဖြစ်ပေါ်လာခဲ့ခြင်းကြောင့် အပင် များ သိသာစွာပျက်စီးခဲ့ပြီး ယခု ကဲ့သို့ အခြေအနေမျိုးဖြင့် ရင်ဆိုင်ခဲ့ ရခြင်းဖြစ်ကြောင်း သိရသည်။
ပြောင်းမျိုးစေ့များအဖြစ်စိုက် ပျိုးမှုအများဆုံးဖြစ်သော ၈ဝ၁၊ ၆၂၁ မျိုးစေ့များမှာ ယခင်က ကျပ် ၃ဝဝဝဝ ဝန်းကျင်မှ ယခုအခါ ကျပ် ၃၅ဝဝဝ ဝန်းကျင်ရှိကာ ဝယ်ယူ၍မရသည့်အခြေအနေဖြစ် ပေါ်နေကြောင်း၊ စိုက်ပျိုးနည်း သောမျိုးစေ့များမှာ ယခင်က ကျပ် ၂ဝဝဝဝ ဝန်းကျင်မှ ယခုအခါ ၂၅ဝဝဝ ကျပ်ဝန်းကျင်အထိ ဈေး မြင့်တက်လျက်ရှိသည်။