images
UN
UN
ရွှေဘိုမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီဝင် အဆိုပြုလွှာပေးအပ်ပွဲကျင်းပ ပါတီဗဟိုအလုပ်အမှုဆောင် တက်ရောက်အားပေး
သုတ Saturday, 07 July 2018
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရွှေဘိုမြို့ သီဟရာဇာခန်းမ၌ကျင်းပ ခဲ့ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း တက်ရောက်အားပေးချီးမြှင့်ခဲ့သည်။
အခမ်းအနားကို နိုင်ငံတော် အလံအား အလေးပြုဖွင့်လှစ်ပြီး နောက် ပါတီဗဟိုအလုပ်အမှု ဆောင် စစ်ကိုင်းတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းက ယနေ့တိုင်းပြည်၏ လတ်တလော ဖြစ်ပျက်လျက်ရှိသည့် တိုင်းပြည် အခြေအနေများ၊ နိုင်ငံတကာဖိအား ပေးနေမှုများ၊ ရခိုင်အရေးကိစ္စများ စသည့် အကြောင်းအရာများအပါ အဝင် အသစ်ဝင်ရောက်လာသော ပါတီဝင်အသစ်များအား ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြား၍ နွေးထွေးစွာ ကြိုဆိုခဲ့သည်။
ထို့နောက် အခမ်းအနားကို အစီအစဉ်အတိုင်းဆက်လက်ကျင်းပ ရာ တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း၊ တိုင်းဒေသ ကြီး ပါတီကော်မတီဝင် ဒေါ်သိင်္ဂီ ဝင်းရွှေ၊ဒေါ်ယဉ်မာဝင်းတို့ကအသစ် ဝင်ရောက်လာသော ပါတီဝင်များ ကို ရင်ထိုးတံဆိပ်များ တပ်ဆင် ပေးခဲ့သည်။
အခမ်းအနားသို့ပါတီဗဟိုအလုပ် အမှုဆောင် တိုင်းဒေသကြီး ပါတီ ဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းနှင့် အတူ တိုင်းဒေသကြီး ပါတီကော် မတီဝင်ဒေါ်သိင်္ဂီဝင်းရွှေနှင့်ဒေါ်ယဉ် မာဝင်း၊ ရွှေဘိုခရိုင် ပါတီဥက္ကဋ္ဌ ဦးစိုးအေး၊ ခရိုင်ပါတီကော်မတီ ဝင်များ၊ ရွှေဘိုမြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးဇော်ဇော်၊ မြို့နယ် ပါတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌများ၊ ပါတီ ဝင်သစ်များ စုစုပေါင်း ၃ဝဝ ကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ယနေ့ပြုလုပ်သည့်အခမ်းအနား တွင်စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘို ခရိုင်ရွှေဘိုမြို့နယ်အတွင်းရှိကျေးရွာ အုပ်စု ၂၁ အုပ်စုရှိ ကျေးရွာပေါင်း ၂၇ ရွာမှ ပါတီဝင်အဆိုပြုလွှာ စုစုပေါင်း ၅၁ဝ ၏ပါတီဝင်အဆို ပြုလွှာများအား စုပေါင်းပေးအပ်ခဲ့ ကြောင်း သိရသည်။