images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
သီတဂူဗုဒ္ဓတက္ကသိုလ် (သန်လျင်)၏ ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်ကျောင်းသားသစ် ကြိုဆိုပွဲကျင်းပ
သက်ခိုင်(သန်လျင်) Saturday, 07 July 2018
ရန်ကုန်တောင်ပိုင်းခရိုင်သန်လျင် မြို့နယ် ညောင်သုံးပင်ကျေးရွာ သီတဂူဗုဒ္ဓတက္ကသိုလ် (သန်လျင်) ၌ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ ၏အဓိပတိဖြစ်တော်မူသောသီတဂူ ဆရာတော် ဒေါက်တာအရှင်ဉာဏိ ဿရထံတော်မှ သြဝါဒခံယူပွဲနှင့် ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် ကျောင်းသားသစ်ကြိုဆိုပွဲ အခမ်း အနားကို ယနေ့နံနက်ပိုင်းက အဆိုပါ သီတဂူဗုဒ္ဓတက္ကသိုလ် (သန်လျင်)၌ ကျင်းပခဲ့သည်။
အစီအစဉ်အရ အခမ်းအနား အား နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး သီတဂူ ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဖြစ် တော်မူသော သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ ဆရာ တော်ကြီးအား တပည့်ကျောင်းသား ကျောင်းသူများက သြကာသကန် တော့ချိုးဖြင့် ကန်တော့ကြကာ ဆရာတော်ကြီးမှ ဆုချီးမြှင့်တရား တော်ဟောကြားသည်။
ဆက်လက်၍ သီတဂူဗုဒ္ဓ တက္ကသိုလ်(သန်လျင်)ကျောင်းအုပ် ဆရာတော် ဒေါက်တာသီဉာဏာ လင်္ကာရာဘိဝံသက သီတဂူဗုဒ္ဓ တက္ကသိုလ်(သန်လျင်)၏ ကျောင်း သား ကျောင်းသူစာရင်းနှင့် ဓမ္မဒီပ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ကျောင်းသားကျောင်းသူစာရင်းအား တင်ပြလျှောက်ထားသည်။
ထို့နောက် ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် ဒီပလိုမာအောင် ကျောင်းသားကျောင်းသူ ၆၆ ဦးတို့ အား သီတဂူဆရာတော်ဒေါက်တာ အရှင်ဉာဏိဿရမှအောင်လက်မှတ် များချီးမြှင့်ပေးပြီး ဆရာတော်ကြီး များအားသင်္ကန်းနှင့်လှူဖွယ်ပစ္စည်း များ ဆက်ကပ်လှူဒါန်းကြကာ သီတဂူဆရာတော်ကြီးထံမှသြဝါဒ ကထာနှင့် ရေစက်ချတရားတော် ဟောကြားတော်မူပြီး သီတဂူ အဓိဋ္ဌာန်ရွတ်ဆို၍အခမ်းအနားအား ရုပ်သိမ်းခဲ့ကာ ဆရာတော်ကြီး များအားနေ့ဆွမ်းဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။