images
UN
UN
မြန်မာနိုင်ငံ၏ငွေရေးကြေးရေးကဏ္ဍမှာ အရှေ့တောင်အာရှတွင် ဖွံ့ဖြိုးမှုအနိမ့်ဆုံးဖြစ်နေ
ရွှေရောင် Sunday, 08 July 2018
မြန်မာနိုင်ငံ၏ငွေရေးကြေးရေး ကဏ္ဍမှာ အရှေ့တောင်အာရှတွင် ဖွံ့ဖြိုးမှုအနိမ့်ဆုံးဖြစ်နေကြောင်း ယမန်နေ့တွင် ပြုလုပ်ခဲ့သည့်To wards Banking Sector De- velopment ဆွေးနွေးပွဲတွင် ဘဏ် လုပ်ငန်းပညာရှင်ဆရာကြီးဦးကျော် မြင့်က ပြောသည်။
ပြည်တွင်းစီးပွားရေးဖွံ့ဖြိုးတိုး တက်ရာတွင် ဘဏ်လုပ်ငန်းကဏ္ဍ နှင့်ဆက်စပ်နေမှုမှာ အဓိကအရေး ပါပြီး ဘဏ်လုပ်ငန်းကဏ္ဍဖွံ့ဖြိုး တိုးတက်မှသာ ပုဂ္ဂလိကကဏ္ဍမှာ လိုအပ်သောငွေကြေးလိုအပ်ချက် များဖြည့်ဆည်းနိုင်မည်ဖြစ်ကြောင်း လက်ရှိတွင် ဘဏ်လုပ်ငန်းကဏ္ဍ အနေဖြင့် ပုဂ္ဂလိကကဏ္ဍ ငွေကြေး လိုအပ်ချက်ကို ပြည့်ဝစွာ ဖြည့် ဆည်းပေးနိုင်မှု မရှိသေးကြောင်း သိရသည်။
''မြန်မာနိုင်ငံအခြေအနေကို ကြည့်ရင် အသေးစားနဲ့အလတ်စား စီးပွားရေးလုပ်ငန်းတွေရဲ့ ပါဝင်မှု က စီးပွားရေးတိုးတက်ဖို့တွန်းအား တစ်ရပ်ပါ။ သူတို့တိုးတက်မှ တိုင်း ပြည်စီးပွားရေးတက်မယ်။ ဒါပေမဲ့ လက်ရှိအနေအထားကို ကြည့်ရင် စီးပွားရေးလုပ်ငန်းတွေအတွက် ငွေရေးကြေးရေးဝန်ဆောင်မှုနဲ့ ချေး ငွေရရှိမှုဟာ အကန့်အသတ်ကြီး များဖြစ်နေတယ်။ အရှေ့တောင် အာရှမှာဆို မြန်မာနိုင်ငံရဲ့ ငွေရေး ကြေးရေးကဏ္ဍဟာ ဖွံ့ဖြိုးမှုအနိမ့် ဆုံးဖြစ်နေတယ်''ဟု ဘဏ်ပညာ ရှင်ဆရာကြီးဦးကျော်မြင့်က ပြော သည်။
ပြည်တွင်းငွေရေးကြေးရေးကဏ္ဍ မှာဖွံ့ဖြိုးမှုနိမ့်ကျနေသောကြောင့် ကြားခံငွေရေးကြေးရေး ဖြည့်ဆည်း မှုမှာလည်းလုံလောက်စွာ ဖြည့် ဆည်းမပေးနိုင်ကြောင်း၊ ဖွံ့ဖြိုးမှု နိမ့်ကျနေသောကြောင့် ပြည်ပ နိုင်ငံများအနေဖြင့် ပြည်တွင်းသို့ဝင် ရောက်လုပ်ကိုင်လိုကြကြောင်း၊ ဘဏ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် ပြုပြင်ပြောင်းလဲမှုများ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုများ ပြည်သူများ၏ယုံကြည်မှုများစသည် တို့ကို ထိရောက်စွာကွပ်ကဲဆောင် ရွက်သွားရမည်ဖြစ်ကြောင်း သိရ သည်။
Towards Banking Sector Development ခေါင်းစဉ်ဖြင့်Pinal Discussionတွင်လည်း မြန်မာနိုင်ငံ၏ဘဏ်လုပ်ငန်းကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာရန် ဝါရင့် ပညာရှင်ကြီးများ၏ ရှုထောင့် ပေါင်းစုံမှ ဆွေးနွေးသုံးသပ်ချက် ချကြခြင်းဖြစ်ပြီးဆွေးနွေးပွဲတွင် ဆရာကြီးဦးကျော်မြင့်၊ ဆရာမကြီး ဒေါ်ယဉ်ယဉ်မြ၊ ဆရာကြီး ဦးစံ သိန်း၊ ဆရာမကြီး Professor ဒေါက်တာ ဒေါ်ခင်နိုင်ဦးတို့က ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။