images
UN
UN
ချမ်းမြသာစည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အလံသစ်တင်ပွဲကျင်းပ
သုတ Sunday, 08 July 2018
မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင် ချမ်းမြသာစည်မြို့ နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ပါတီအလံ တော်သစ်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီ က မြို့နယ်ပါတီရုံး ရှေ့နေရာတွင် ကျင်းပခဲ့သည်။
''နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံတော်အလံဆိုတာ အထွတ် အမြတ်ထားရာ ဂုဏ်အင်္ဂါရပ်တစ်ခုပါ။အဲဒီလိုပါပဲ ကျွန်တော် တို့ပါတီမှာလည်း ပါတီအလံတော်ဟာ အင်မတန်အရေးပါတဲ့ အခန်းကဏ္ဍမှာပါပါတယ်။ ပါတီအလံတော်အောက်ကနေ ကျွန်တော်တို့ပါတီဝင်အားလုံးဟာ စည်းလုံးညီညွတ်စွာ စည်းရုံး ရေးလုပ်ငန်းတွေကို အောင်မြင်စွာဆောင်ရွက်ပြီး ပြည်သူ့အကျိုး ကိုသယ်ပိုးထမ်းရွက်လို့ အောင်လံလွှင့်နိုင်အောင် ကြိုးစား ဆောင်ရွက်သွားမှာပါ''ဟု ချမ်းမြသာစည်မြို့နယ် ပါတီ အတွင်းရေးမှူးဦးကျော်သက်ထွန်းက ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ မန္တလေးခရိုင် ပြည်ခိုင်ဖြိုးပါတီ ခရိုင်ဥက္ကဋ္ဌ ဦးဘိုသင်း၊ ခရိုင်အတွင်းရေးမှူး ဒေါ်ဝါဝါလှိုင်၊ ခရိုင်ကော်မတီဝင်များဖြစ်ကြသော ဦးတင်မြင့်၊ ဦးဝင်းလှိုင်ငြိမ်း နှင့်ဦးညီညီမင်း၊ ချမ်းမြသာစည်မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကိုကိုဦး၊ မြို့နယ်အတွင်းရေးမှူး ဦးကျော်သက်ထွန်း၊ မြို့နယ်ဘဏ္ဍာ ရေးမှူးဦးတင့်သောင်နှင့်မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ ကျေးပါတီဥက္ကဋ္ဌများနှင့် ပါတီဝင်များအပါအဝင် စုစုပေါင်း အင်အား ၅ဝ ကျော်တက်ရောက်ခဲ့ကြောင်း သိရသည်။