images
UN
UN
ဝန်ကြီးများရုံးအား အာဇာနည်နေ့မှစ၍ သုံးရက်ကြာ ဖွင့်လှစ်ပေးမည်
ခိုင်မာ Sunday, 08 July 2018
ယခုနှစ်တွင် ဝန်ကြီးများရုံးအား အကြီးစားပြင်ဆင်မှုများပြုလုပ် နေခြင်းကြောင့် အာဇာနည်နေ့မှစ၍ သုံးရက်ကြာ နံနက် ၉ နာရီမှ ညနေ ၄နာရီအထိ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ ယနေ့သိရသည်။
ဇူလိုင် ၁၉ ရက် (၇၁)နှစ်မြောက် အာဇာနည် နေ့တွင် အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်(ရန်ကုန်)၊ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြ တိုက်(နတ်မောက်)နှင့်ဝန်ကြီးများရုံး (ယခင်အတွင်း ဝန်ရုံး)တို့ကို အများပြည်သူများ ကြည့်ရှုလေ့လာနိုင် ရန်အတွက် ဖွင့်လှစ်ပြသသွားမည်ဖြစ်သည်။
အဆိုပါနေ့တွင် အာဇာနည်ဗိမာန်ကို မွန်းတည့် ၁၂ နာရီမှ ညနေ ၆ နာရီအထိလည်းကောင်း၊ ဗိုလ် ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)နှင့် ဗိုလ်ချုပ် အောင်ဆန်းနေအိမ်ပြတိုက်(နတ်မောက်)တို့ကို နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိလည်းကောင်း၊ ဝန်ကြီးများရုံး(ယခင်အတွင်းဝန်ရုံး)ကိုနံနက်၈ နာရီမှ ညနေ ၆ နာရီအထိလည်းကောင်းဖွင့်လှစ်ထားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်(ရန်ကုန်)၊ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြ တိုက် (နတ်မောက်)နှင့် ဝန်ကြီးများရုံး(ယခင်အတွင်း ဝန်ရုံး)တို့ကို အများပြည်သူများကြည့်ရှုလေ့လာနိုင် ရန် ယခုလ ၁၉ ရက်အပြင် ယခုလ ၂ဝရက်မှ ၂၁ ရက် အထိ နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဆက်လက်ဖွင့်လှစ်ပြသသွားမည်ဖြစ်ကြောင်းလည်း ကြေညာထားသည်။