images
UN
UN
လူငယ်ဘောလုံးအသင်းဝင်များအား၂၄ နာရီအတွင်း လိုဏ်ဂူအတွင်းမှ ခေါ်ထုတ်လာနိုင်ဖွယ်ရှိဟုဆို
မောင်စိန်ဝင်း Sunday, 08 July 2018
ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် မယ် ဆိုင်မြို့ ပုံဖာရပ်ကွက် ဒွိုင်းနန်းနွန်း တောင်ခြေရှိ ထမ့်လုံခွန်နမ့်လိုဏ်ဂူ အတွင်း၌ရှိသော လူငယ်ဘောလုံး အသင်းဝင်၁၂ဦးနှင့် နည်းပြတို့အား အမြန်ဆုံး ခေါ်ထုတ်နိုင်ရန်အတွက် ကယ်ဆယ်ရေးအဖွဲ့ဝင်များမှဆောင် ရွက်လျက်ရှိရာနိုင်ငံတကာမှရေတပ် တပ်ဖွဲ့ဝင်ငါးဦးနှင့်ရေငုပ်ကျွမ်းကျင် သူ ၁၃ ဦးပါဝင်သည့်အဖွဲ့များမှာ လူငယ်များအား ကယ်ထုတ်ရန် အတွက် ယနေ့ဒေသစံတော်ချိန် နံနက်၁ဝနာရီခန့်ကလိုဏ်ဂူအတွင်း စတင်ဝင်ရောက်သွားပြီဖြစ်ကြောင်း နှင့် ကယ်ဆယ်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေသည့် အမှတ် အသားဓာတ်ပုံများကို ယနေ့ ဒေသ စံတော်ချိန်နံနက် ၁ဝနာရီ ၄၁မိနစ် က ထိုင်းနိုင်ငံရေတပ်တပ်ဖွဲ့၏ လူ မှုကွန်ရက်စာမျက်နှာ၌ ဖော်ပြထား ကြောင်း သိရသည်။
လူငယ်ဘောလုံးအသင်းဝင်များ ထွက်လာပါကသွားလာရေးအဆင် ပြေ လွယ်ကူချောမွေ့စေရန်အတွက် ချင်းရိုင်ခရိုင် ပရာချာနူခွန်ဆေးရုံ အနီးဝန်းကျင်လမ်းများတွင်လည်း ယနေ့ နံနက်ပိုင်းက ယာဉ်ကြော များရှင်းလင်းထားကြောင်းသိရပြီး လမ်းပိုင်းအချို့ကိုလည်းယာဉ်သွား လာခွင့်ပိတ်ထားကြောင်းသိရသည်။ ပရာချာနူခွန်ဆေးရုံ၌ အထူးကြပ် မတ်ကုသဆောင်ကို ပြင်ဆင်ထား ရှိပြီးအဆင်သင့်ပြင်ဆင်စောင့်ဆိုင်း နေကြကြောင်းသိရပြီး ထိုဆေးရုံ သည်ကယ်ဆယ်ရေးလုပ်ငန်းဆောင် ရွက်နေသည့်လိုဏ်ဂူနှင့်၃၅မိုင်အကွာ တွင်တည်ရှိနေကြောင်း သိရသည်။
ထမ့်လုံခွန်နမ့် လိုဏ်ဂူအနီးရှိ မာဖီတောင်ပေါ်မှပြန်အဆင်း၌ကယ် ဆယ်ရေးအဖွဲ့ မောင်းနှင်လာသည့် ယာဉ်မှာ ယမန်နေ့ ဒေသစံတော် ချိန်ည ၇ နာရီဝန်းကျင်က မတော် တဆ လမ်းချော်ပြီး ပေ ၆ဝ အနက်ရှိချောက်ထဲ ပြုတ်ကျသွား သောကြောင့် ကယ်ဆယ်ရေး အဖွဲ့မှ လေးဦးပြင်းထန်စွာဒဏ်ရာ ရရှိခဲ့ပြီး ၄င်းတို့အနက်တစ်ဦးမှာ မယ်ဆိုင်ပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ်ဆေးဝါးကုသမှုများခံယူ လျက်ရှိနေကြောင်းနှင့် ယာဉ်တိမ်း မှောက်မှုမှဒဏ်ရာရသူတစ်ဦးသေ ဆုံးသွားသည်ဟုဆိုသည့် သတင်း များကို ထိုင်းမီဒီယာများ ထုတ်ပြန် ခြင်းမှာ မှားယွင်းမှုများသာဖြစ် နေကြောင်း၊ လူငယ်ဘောလုံး အသင်းဝင်များအားလုံးကိုလည်း ၂၄ နာရီအတွင်း လိုဏ်ဂူအတွင်းမှ ခေါ်ထုတ်လာနိုင်ဖွယ်ရှိကြောင်း နှင့် လိုဏ်ဂူအတွင်းရှိရေများလျော့ နည်းလာမှုမှာလည်း အားရကျေနပ် ဖွယ်ရာရှိနေကြောင်း အများပြည်သူ သိရှိစေရန်အတွက် လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့်စဉ်ဆက်မပြတ် တိုက်ရိုက်သတင်း တင်ဆက်နေ သော ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရှိ ဦးစည်သူမောင်၏ပြောချက်အရ သိရသည်။