images
UN
UN
ဧပြီလမှ ဇွန်လအတွင်းဖြစ်ပေါ် ခဲ့သော ကုန်သွယ်ရေးလိုငွေပြမှု ပြီးခဲ့သည့်ဘဏ္ဍာနှစ်ကာလတူ ပမာဏထက်ပိုများနေ
NG Monday, 09 July 2018
ဧပြီလမှ ဇွန်လကုန်အတွင်း ပြုလုပ်ခဲ့သောကုန်သွယ်မှုများအရ မြန်မာနိုင်ငံ၏ကုန်သွယ်ရေးလိုငွေ ပြမှုမှာအမေရိကန်ဒေါ်လာ ၁ဒသမ ၂ ဘီလီယံရှိခဲ့ကာပြီးခဲ့သည့်ဘဏ္ဍာ နှစ်ကာလတူအနေအထားတွင်ဖြစ် ပေါ်ခဲ့သောကုန်သွယ်ရေးလိုငွေပြမှု ပမာဏထက်မြင့်တက်လာခဲ့ကြောင်း ဆင်ဟွာသတင်းဌာနကဖော်ပြသည်။
အောက်တိုဘာလတွင်စတင်မည့် ဘဏ္ဍာနှစ်သစ်မတိုင်မီအသွင်ကူး ပြောင်းမှုကာလအဖြစ်သတ်မှတ်ထား သော ခြောက်လတာကာလ၏ ပထမသုံးလတာကာလအတွင်းဖြစ် ပေါ်ခဲ့သောကုန်သွယ်ရေးလိုငွေပြမှု မှာအမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံရှိခဲ့ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၏သတင်းထုတ်ပြန် ချက်များအရ အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။ ဧပြီလမှ ဇွန်လကုန် အထိဖြစ်ပေါ်ခဲ့သောကုန်သွယ်ရေး လိုငွေပြမှုမှာ ပြီးခဲ့သည့်ဘဏ္ဍာနှစ် ကာလတူအနေအထားတွင်ဖြစ်ပေါ် ခဲ့သောကုန်သွယ်ရေးလိုငွေပြမှုပမာ ဏထက် အမေရိကန်ဒေါ်လာသန်း ၅ဝ ပိုများခဲ့ခြင်းဖြစ်သည်။
သုံးလအတွင်း ဖြစ်ပေါ်ခဲ့သော ကုန်သွယ်မှုများထဲတွင် ပြည်တွင်း သို့တင်သွင်းခဲ့သည့်သွင်းကုန်ပမာဏ မှာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၇ ဘီလီယံရှိခဲ့ပြီး ပြည်ပသို့တင်ပို့ ခဲ့သည့်ပို့ကုန်ပမာဏမှာအမေရိကန် ဒေါ်လာ ၃ ဒသမ ၃၄ ဘီလီယံ ရှိခဲ့ခြင်းကြောင့်ကုန်သွယ်ရေးလိုငွေ ပြမှုမြင့်တက်လာခဲ့ခြင်းဖြစ်သည်။ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင်ဖြစ် ပေါ်ခဲ့သောကုန်သွယ်ရေးလိုငွေပြမှု ပမာဏမှာအမေရိကန်ဒေါ်လာ ၃ ဒသမ ၉၇ ဘီလီယံရှိခဲ့သည်။ စီး ပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ကုန်သွယ်ရေး လိုငွေပြမှု လျှော့ချနိုင်ရန် ကြိုးပမ်း လျက်ရှိရာတွင် ပို့ကုန်တိုးမြှင့်တင် ပို့နိုင်ရန်အထောက်အကူဖြစ်စေမည့် အခြေအနေများကို ပြည်တွင်းလုပ် ငန်းရှင်များအတွက်ဖန်တီးပေးခြင်း နှင့် ပြည်ပမှ ဇိမ်ခံပစ္စည်းများ တင် သွင်းခြင်းကို လျှော့ချခြင်းများ လုပ်ဆောင်လျက်ရှိကြောင်းလည်း သတင်းထုတ်ပြန်ထားသည်။