images
UN
UN
မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
Dawei Watch Monday, 09 July 2018
မွန်ပြည်နယ် ပေါင်မြို့နယ်တွင် မုတ္တမတိုက်နယ်ဆေးရုံထဲ ရေဝင် သည့်အတွက် ဆေးရုံတွင် တက် ရောက်ဆေးကုနေသည့် လူနာများ ကိုဘေးလွတ်ရာသို့ အရေးပေါ် ပြောင်းရွှေ့ခဲ့ရကြောင်း မုတ္တမ တိုက်နယ်ဆေးရုံ တာဝန်ခံထံမှ သိရသည်။
ယခုလ ၇ ရက်က ရွာသွန်းခဲ့ သည့်မိုးကြောင့် ဆေးရုံဝင်းထဲ ရေဝင်ကာ ည ၇ နာရီခန့်တွင် ဆေးရုံရှိ လူနာနှင့်လူများကို မုတ္တမ ရှိ မြစေတီနန်းဦး စာသင်တိုက်သို့ အရေးပေါ်ပြောင်းရွှေ့ခဲ့ရပြီး ထိုမှ တစ်ဆင့် လူနာ ၃၁ ဦးကို မော် လမြိုင်ဆေးရုံကြီး၊ ကလေးဆေးရုံ နှင့် သားဖွားဆေးရုံသို့ ပို့ဆောင်ခဲ့ ရသည်။
''အားလုံး လူနာ ၃၂ ဦး ရှိတယ်။ ၃၁ ဦးကို မော်လမြိုင် ဆေးရုံပို့ဆောင်ထားတယ်။တစ်ဦး ကို ဆေးရုံဆင်းခိုင်းလိုက်တယ်။ လောလောဆယ် လူနာတွေမထား သေးဘူး။နောက်ထပ်ရေဝင်လာမှာ ကိုစောင့်ကြည့်နေတယ်။ ဖြစ်တဲ့ အကြောင်းအရင်းကို ရှာပြီးတော့မှ ထားမယ်လို့ ယာယီသတ်မှတ်ထား တာပေါ့နော်''ဟု မုတ္တမတိုက်နယ် ဆေးရုံတာဝန်ခံ ဒေါက်တာဇာနည် အောင်ကပြောသည်။
ယခုလ ၇ ရက် ညက ဆေးရုံ အဆောက်အအုံအပြင် ဘက်ဆေးရုံ ဝင်းထဲတွင်ရေနှစ်ပေခန့်ထိဝင်ရောက် ခဲ့ကြောင်းတိုက်နယ်ဆေးရုံတာဝန်ခံ က ဆက်လက်ပြောကြားသည်။
မုတ္တမဆေးရုံ ရေမြုပ်သည်မှာ ယခုအကြိမ်သည် ဒုတိယအကြိမ် ဖြစ်ပြီး ပြီးခဲ့သည့် ဇွန် ၁၇ ရက် ကလည်း ဆေးရုံထဲသို့ ရေခြောက် ပေခန့်ထိ ဝင်ရောက်သည့်အတွက် လူနာနှင့်ဆေးရုံရှိလူများကို ဘေး လွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရသည်။
ရွာသည့်မိုးသည် ပုံမှန်ရွာသည့် မိုးသာဖြစ်ပြီး တောင်ပေါ်မှကျလာ သည့် ရေများစီးဆင်းမည့် လမ်း ကြောင်းမရှိသည့်အတွက် မော် တော်ကားလမ်းကိုကျော်ပြီး အနိမ့် ပိုင်းတွင်ရှိနေသည့် မုတ္တမဆေးရုံထဲ ရေများအကုန်လုံးလှိမ့်ဝင်လာသည့် အနေအထားဖြစ်သည်။
''မနှစ်ကမိုးက ဒီ့ထက်ပိုများ တယ် ရေမဝင်ဘူး။ ဒီနှစ်က အခု ဆိုရင် နှစ်ကြိမ်ရှိပြီး အဓိကက ရေစီးဆင်းတဲ့လမ်းကြောင်း မရှိ တာ မရှိတော့ ရေကအနိမ့်ပိုင်းမှာ ရှိနေတဲ့ ဆေးရုံထဲကိုဝင်တာ''ဟု မုတ္တမဒေသခံတစ်ဦးကပြောသည်။
မွန်ပြည်နယ်တွင် ဇွန် ၁၇ ရက်ကလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မုတ္တမအပါအဝင် မြို့နယ် ခုနစ်မြို့နယ် ရေကြီးနစ်မြုပ် မှုဖြစ်ပွားခဲ့ပြီး လူ သုံးဦးသေဆုံးမှု ရှိခဲ့ကာ ဒေသခံ ၇ဝဝဝ ကျော် ဘေးလွတ်ရာပြောင်းရွှေ့ခဲ့ရသည်။
မွန်ပြည်နယ်တွင်နေရာကွက်၍ မိုးကြီးနိုင်ကြောင်းနှင့် နောက်နှစ် ရက်အတွက်မိုးပိုနေမည်ဟု မိုးလေ ဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီး ဌာန၏ ယမန်နေ့ ထုတ်ပြန်ချက် အရ သိရသည်။