images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကား အွန်လိုင်းတွင် ပျံ့နှံ့မှုအပေါ် ဒါရိုက်တာ ခရစ္စတီးနားခီ တရားစွဲဆိုမည်ဟုဆို
ဒဂုံဝေလင်း Monday, 09 July 2018
အွန်လိုင်းတွင် ပျံ့နှံ့နေသော ''ဥပါယ်တံမျဉ်'' ရုပ်ရှင်ဇာတ် ကားကြီးအကြောင်းနှင့် ပတ်သက် ပြီး ဒါရိုက်တာခရစ္စတီးနားခီက အွန်လိုင်းတင်ခဲ့သူကိုဖော်ထုတ်ပြီး တရားစွဲဆိုသွားရန်အတွက် ဇူလိုင် ၇ရက် မွန်းလွဲ ၁နာရီက ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံလမ်း(အလယ်) ရှိ City Star Hotel တွင်စာနယ်ဇင်း သတင်းမီဒီယာများနှင့်တွေ့ဆုံရှင်း လင်းပွဲပြုလုပ်ခဲ့ကြောင်းသိရသည်။
''ကျွန်မတို့အနေနဲ့ ဒီဇာတ် ကားကြီး အွန်လိုင်းမှာပျံ့နှံ့နေ တယ်ဆိုတာကို ဇွန် ၃ဝ ရက် မှာစတင်တွေ့ရှိခဲ့ပါတယ်။ အဲလို တွေ့ရှိခဲ့ပြီးနောက်ပိုင်းဇူလိုင် ၃ ရက်မှာ နိုင်ငံပိုင်သတင်းစာတွေ မှာ ကြော်ငြာချက်တစ်စောင်ထုတ် ပြန်ခဲ့ပါတယ်။ ထုတ်ပြန်ခဲ့ပြီး နောက်ဇူလိုင် ၅ ရက်မှာ ရန်ကင်း အပိုင်မှာအမှုဖွင့်ထားတယ်။ အခု လိုဖွင့်ရတာကလည်း ကိုယ့်ရဲ့အနု ပညာကို စော်ကားသလိုမျိုးခံစား ရတာကြောင့်ပါ''ဟု ဒါရိုက်တာ ခရစ္စတီးနားခီက ပြောသည်။
''ဥပဒေအရအရေးယူသွား မှာပါ။ရုပ်ရှင်အစည်းအရုံးနဲ့လည်း ပူးပေါင်းလုပ်ကိုင်သွားမယ်။ပြီး ရင်လည်း အားလုံးရဲ့အကူအညီနဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာပါ။တစ်ရက်နှစ်ရက်အတွင်းမှာလည်း သတင်းစာရှင်းလင်းပွဲလုပ်ဖို့ရှိပါ တယ်''ဟု တရားလွှတ်တော်ရှေ့ နေ ဦးအောင်စိုးက ပြောသည်။
Central Base ရုပ်ရှင်ထုတ် လုပ်ရေးမှ ဒါရိုက်တာခရစ္စတီး နားခီရိုက်ကူးပြီး ဇဏ်ခီ၊ သက် မွန်မြင့်တို့ပါဝင်သရုပ်ဆောင်ထား သည့် ဥပါယ်တံမျဉ်ဇာတ်ကားကို ၂ဝ၁၇ ခုနှစ် ဇူလိုင် ၂၇ရက်တွင် ပြသခွင့်ရရှိခဲ့ပြီး မြန်မာနိုင်ငံအပါ အဝင်ပြည်တွင်းပြည်ပအသီးသီး၌ ရုံတင်ပြသလျက်ရှိကြောင်း၊ ယင်း ဇာတ်ကားကို ဗီဒီယိုရုပ်ရှင်၊ Digi-tal File အဖြစ် လည်းကောင်း၊ အွန်လိုင်းမီဒီယာများမှ တစ်ဆင့် ပြသခွင့်လုံးဝမပေးထားကြောင်း၊ ဥပါယ်တံမျဉ်ရုပ်ရှင်ဇာတ်ကားကို ခေတ်မီနည်းပညာများအသုံးပြု၍ အီလက်ထရွန်နစ် ဆက်သွယ်ရေး ဖြင့် မူပိုင်ခွင့်ချိုးဖောက်ကာတရား မဝင်ဆောင်ရွက်သူများကို တည် ဆဲဥပဒေအရ အရေးယူသွားမည် ဖြစ်ကြောင်းအဆိုပါကြေညာချက် တွင် ဖော်ပြထားသည်။
''ဥပါယ်တံမျဉ်ဇာတ်ကား HD (အကြည်)လိုင်းပေါ်မှာပျံ့နေ ပါပြီ။ ဈေးတချို့မှာလည်း အခွေ အနေနဲ့တောင် ရောင်းနေကြပြီ လို့လည်းကြားရပါတယ်။ ချစ်ခင် လေးစားရသောမိတ်ဆွေများ ပြောင်းလဲမှုကိုတကယ်လိုလားရင် မရှယ်ကြပါနဲ့။ မကြည့်ကြပါနဲ့။ ကျွန်တော်တို့အနေနဲ့တော့ လုပ် စရာရှိတာဆက်လုပ်သွားမှာပါ။ ဥပဒေတစ်ခုအစစ်အမှန်ပေါ်လာ ဖို့အကြောင်းတွေ ဖန်တီးလာပြီ ထင်တယ်''ဟု သရုပ်ဆောင် ဇဏ်ခီက လူမှုကွန်ရက်စာမျက်နှာ တွင် ရေးသားခဲ့သည်။