images
UN
UN
အရေးကြီးဆုံးက စိတ်ဓာတ်ပါ
Monday, 09 July 2018
ဗိုလ်ချုပ်အောင်ဆန်းရုပ်တုနဲ့ပတ်သက် ပြီး သတင်းတွေကြားရတယ်။ ကယား ပြည်နယ်မှာ ဗိုလ်ချုပ်ရုပ်တု စိုက်ထူတာ ကန့်ကွက်လို့တဲ့။ ကျွန်တော်တို့ဆီမှာ ဗိုလ် ချုပ်နဲ့ပတ်သက်ပြီး ပြဿနာလို့ ဆိုရ မလား။ရောဂါလို့ဆိုရမလား ဘာမှန်းမသိ တာတွေကို ဖြစ်နေလေရဲ့။ ပထမဦးဆုံး သတိပြုခဲ့မိတာက မွန်ပြည်နယ်မှာ ဘီလူး ကျွန်း-ချောင်းဆုံတံတားကို ဗိုလ်ချုပ် အောင်ဆန်းတံတားလို့ အမည်ပေးတာ နဲ့ပတ်သက်ပြီး ပူညံပူညံဖြစ်တယ်။ မွန် ပြည်နယ်ဝန်ကြီးချုပ် နုတ်ထွက်တဲ့ကိစ္စ မှာတောင် အဲဒါလည်း တစ်နည်းတစ်ဖုံ ပတ်သက်နေသလို သတင်းသိုးသိုးသန့် သန့် ကြားမိတယ်။
တောင်ဥက္ကလာပမြို့နယ်က ပန်းခြံ တစ်ခုမှာ ဗိုလ်ချုပ်ရုပ်တုနှစ်ခုရှိနေတယ်။ ဗိုလ်ချုပ် ရုပ်တုက ပုံစံအမျိုးမျိုးရှိပါ တယ်။ မတ်တတ်ရပ်နေတဲ့ပုံ၊ မြင်းစီးနေ တဲ့ပုံစသဖြင့်ပေါ့။ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တု များပြားတာနဲ့ပတ်သက်ပြီး ဟာသ ကလေးတစ်ခုကို ဖတ်လိုက်မိတယ်။ ဖတ်ကြည့်ပါဦး။
''ရည်းစားဦးနဲ့ ကွဲခဲ့ပုံလေး ပြောပြ ပါရစေ။ သူက သူ့ကိုလာခိုးခိုင်းတယ်။ ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ စောင့်နေပါတဲ့။ အဲဒါနဲ့ သွားစောင့်တာပေါ့။ ဒါပေမဲ့ ကျွန်တော်သွားစောင့်တာကမတ်တတ်ရပ် တဲ့ရုပ်တုရှေ့မှာဖြစ်ပြီး သူစောင့်နေတာ က မြင်းစီးတဲ့ဗိုလ်ချုပ်ရုပ်တုရှေ့မှာ ဖြစ် နေတယ်။ အဲဒါနဲ့ လွဲခဲ့ကြတယ်''တဲ့။
တချို့တချို့ ဗိုလ်ချုပ်ရုပ်တုတွေက လည်း မည်ကာမတ္တ ဗိုလ်ချုပ်ရုပ်တုဖြစ် နေလေရဲ့။ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံနဲ့ မတူဘဲ ပုံပျက်ပန်းပျက်ဖြစ်နေပါတယ်။ တစ်ယောက်ကဆိုပါတယ်။ ''လယ်ထဲ က စာခြောက်ရုပ်ကြီးအတိုင်းပဲ''တဲ့။ အဲဒီလိုတော့ မဖြစ်သင့်ပါဘူး။ ဗိုလ်ချုပ် ရုပ်တု စိုက်ထူမယ်ဆိုရင် သေသေချာချာ ကျွမ်းကျင်ထူးချွန်တဲ့ ပန်းပုဆရာနဲ့ပဲ ပြု လုပ်သင့်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ ဗိုလ်ချုပ်ကို ကြည်ညိုလေးစားရာမရောက် ဘဲ စော်ကားသလိုဖြစ်နေပါလိမ့်မယ်။
ဗိုလ်ချုပ်ရုပ်တုတွေကို ဘာလို့ ဖော ဖောသီသီ စိုက်ထူနေကြတာလဲ။ ဗိုလ်ချုပ် ကို အမှန်တကယ် လေးစားမြတ်နိုးလို့ လား၊ ဒါမှမဟုတ် ခေတ်နဲ့အညီ ပေါ်ပင် လုပ်နေတာလား၊ ဒါမှမဟုတ် ဗိုလ်ချုပ် ရုပ်တုကို ခုတုံးလုပ်အသုံးချနေတာလား။အဲဒါတွေကိုတော့ သက်ဆိုင်တဲ့ သူတွေပဲ သိနိုင်ပါတယ်။

အမှန်တကယ်တော့ ဗိုလ်ချုပ်အောင် ဆန်းကို လူတိုင်းလိုလို လေးစားကြပါ တယ်။ မြန်မာပြည်မှာ သူ့လိုလူမျိုးနောက် တစ်ယောက်ပေါ်ပေါက်ဖို့ခဲယဉ်းတယ်ဆို တာကို သိထားကြတာကိုး၊ ဗိုလ်ချုပ် အောင်ဆန်းကို လေးစားတယ်ဆိုရင် ဗိုလ် ချုပ်လိုစိတ်ဓာတ်မျိုးရှိအောင် ကြိုးစား သင့်ပါတယ်။ ရိုးသားတာ၊ ဖြူစင်တာ၊ ဖြောင့်မတ်တာ၊ တည်ကြည်တာ၊ ကိုယ် ကျိုးစွန့်အနစ်နာခံတာတွေဟာ ဗိုလ်ချုပ် အောင်ဆန်းရဲ့ ထင်ရှားတဲ့ ဝိသေသအရည် အချင်းတွေဖြစ်ကြပါတယ်။ အဲဒါမျိုးတွေ ကိုယ့်မှာရှိအောင် ကြိုးစားလုပ်ဆောင်သင့် တယ်လို့ ထင်မြင်ယူဆမိပါတယ်။
ကျွန်တော်အလုပ်လုပ်နေတဲ့ စက်ရုံ နဲ့ ပတ်သက်ဆက်နွယ်နေတဲ့သူတစ်ဦးရှိ တယ်။ သူ့နာမည်က ကိုအောင်ဆန်းတဲ့၊ အသက်လေးငါးဆယ်ပတ်ဝန်းကျင်ပေါ့၊ သူရဲ့မိဘက ဗိုလ်ချုပ်အောင်ဆန်းကို ရည် စူးပြီး သူ့ရဲ့နာမည်ကို မောင်အောင်ဆန်း လို့ မှည့်ခေါ်ခဲ့ပုံရပါတယ်။ သူက ကျွန် တော်တို့စက်ရုံကို ကုန်ကြမ်းပစ္စည်းသွင်း တယ်။ အလုပ်သဘောအရသူနဲ့ ကျွန် တော် ဆက်ဆံပြောဆိုရတယ်။ အဲဒီမှာ စိတ်တိုင်းမကျဖြစ်စရာတွေကို မကြာခဏ ကြုံတွေ့ရတယ်။ ဒီနေ့ပစ္စည်းလာပို့မယ် ပြောပြီး ရောက်ချင်မှရောက်လာတယ်။ ဖုန်းဆက်ပြီးမေးမြန်းတော့ ဆင်ခြေ ဆင် လက်တွေပေးပြီး နောက်နေ့လာမယ်လို့ ဆိုပြန်တယ်။ နောက်နေ့ကျပြန်တော့ လည်း ရောက်မလာပြန်ဘူး။ အဲဒီလို တွေတွေ့ကြုံရတာများတော့ သူ့ကို ကျွန်တော်ပြောမိတယ်။
''ခင်ဗျားနာမည်ကိုပြောင်းလိုက်ပါ လား''
''ခင်ဗျားနာမည်က ဦးအောင်ဆန်း ဖြစ်နေလို့''
''အဲဒါဘာဖြစ်လို့လဲဗျာ''
''ဘာဖြစ်ရမလဲဗျ၊ ခင်ဗျားက ဒီနေ့ လာမယ်ဆိုပြီးမလာ၊ ဖုန်းဆက်မေးတော့ နောက်နေ့ချိန်း၊ နောက်နေ့ကျပြန်တော့ လည်း ဟိုပြော ဒီပြော၊ ဟိုအကြောင်း ပြ ဒီအကြောင်းပြနဲ့ မလာဆိုတော့ ဘာမျှ မတိကျ မရေရာနဲ့ ခင်ဗျားနာမည်ကို အားနာပါဦး၊ ဗိုလ်ချုပ်အောင်ဆန်းနာမည် ကို ယူထားပြီးတော့၊ အောင်ဆန်းဆိုတဲ့ နာမည်ကိုမဖျက်ပါနဲ့ဗျာ''
အဲဒီတော့လည်း သူကရယ်ကျဲကျဲနဲ့ ''ကျွန်တော့်မှာလည်း အခက်အခဲတွေနဲ့မို့ ပါဗျာ''လို့ ဆိုပါတယ်။ ကျွန်တော်က ''တိတိကျကျတော့ဆိုပေါ့ဗျာ။ဗိုလ်ချုပ် အောင်ဆန်းက တိကျတယ်ဗျ။နောက်ဆုံး သူမသေခင် ပြောသွားတဲ့တစ်နှစ်အတွင်း လွတ်လပ်ရေးရစေရမယ်ဆိုတဲ့စကားကို တောင် တည်အောင်ပြောသွားခဲ့တာ''
သူလည်းဘာမှပြန်မပြောတော့ပါဘူး။
ဗိုလ်ချုပ်အောင်ဆန်းက ခေါင်းဆောင် ပီသပါတယ်။ ကျွန်တော်လေ့လာဖတ်ရှု ဖူးတဲ့အောက်ပါခေါင်းဆောင်အင်္ဂါဆယ် ရပ်နဲ့ ညီတာကိုတွေ့ရတယ်။

(၁) သိလိုစိတ်ပြင်းပြမှု၊
(၂) ဆန်းသစ်မှု၊
(၃) ဆက်သွယ်ဆောင်ရွက်မှု၊
(၄) အကျင့်စာရိတ္တကောင်းမွန်မှု၊
(၅) သတ္တိရှိမှု၊
(၆) အပြစ်ဖြစ်ရင် ခံယူရဲတဲ့သတ္တိရှိမှု၊
(၇) လူအများနှင့်ချစ်ခင်လေးစားနိုင်မှု၊
(၈) ကျွမ်းကျင်လိမ္မာမှု၊
(၉) လက်တွေ့ကျကျတွေးတတ်မှု၊
(၁ဝ) အကျဉ်းအကျပ်ကနေ ဖောက်ထွင်း နိုင်မှု။
အဲဒီအရည်အချင်းတွေက ကျွန်တော် တို့လေးစားရမယ့်အရည်အချင်းအင်္ဂါရပ် တွေဖြစ်သလို ကျွန်တော်တို့ကိုယ်တိုင် လည်း ရရှိအောင်ကြိုးပမ်းဆောင်ရွက်ရ မယ့်အရည်အချင်းတွေဖြစ်တယ်။
ဗိုလ်ချုပ်အောင်ဆန်းရဲ့အမူအကျင့် တွေကို လေ့လာကြည့်တဲ့အခါ သူတစ်ပါး ကို မသိစိတ်ကနေ မနာလိုဝန်တိုမှုမရှိ တာကို တွေ့ရတယ်။ ရှေ့မှာ မြှောက်ပြီး ကွယ်ရာမှာ မကောင်းပြောတာမျိုးမရှိဘူး။ တစ်ခုခုနဲ့ပတ်သက်ရင် ကိုယ့်အတွက်ပဲ ကြည့်ပြီး သူတစ်ပါးရဲ့ခံစားချက်ကို လျစ် လျူရှုတာမျိုးမရှိဘူး။ ကိုယ့်ထက်သာမှာ ကို စိုးရိမ်နေတာမျိုးလည်း မရှိပါဘူး။