images
UN
UN
ကချင်ပြည်နယ် ကာမိုင်း-ဖားကန့်ကားလမ်းပေါ်တွင် ရေလျှံမှုကြောင့် ခရီးသွားမော်တော်ယာဉ်များခေတ္တရပ်နားခဲ့ရ
ကချင်မြေနဂါး Monday, 09 July 2018
ကချင်ပြည်နယ် ကာမိုင်း-ဖားကန့်သွား ကားလမ်းမကြီးပေါ် ရှိ ကာမိုင်းမြို့နှင့် မအူပင်ကျေးရွာ ကြား ခြောက်မိုင်ကားလမ်းပေါ် တွင် ယခုလ ၇ ရက် နံနက်ပိုင်းမှ စ၍ ရေကျော်နေမှုမှာ ရေအမြင့် သုံးပေကျော်ခန့်ရှိလာပြီးကားလမ်း အရှည်ပေ ၁ဝဝဝ ကျော်ခန့် ရေများ ဖုံးလွှမ်းလျက်ရှိပြီးရေများဆက်လက် မြင့်တက်လာနေသဖြင့် ခရီးသွား မော်တော်ယာဉ်များ သွားလာမှု ရပ်တန့်ထားရကြောင်း သိရသည်။
အဆိုပါ ရေကျော်မှုဖြစ်စဉ် ကြောင့် ယမန်နေ့နံနက် ၈ နာရီခန့် ကခြောက်ဘီးကုန်တင်ယာဉ်တစ်စီး လမ်းမှားမောင်းမိ၍ လမ်းချော် တိမ်းစောင်းသွားခဲ့ရပြီး ကာမိုင်း-ဖားကန့်ကားလမ်းမပေါ်သို့ ယခုလ ၄ ရက်မှစတင်၍ ရေများကျော် လာခဲ့သည်။ ထိုသို့ ရေများစတင် ကျော်သည့်နေ့က ရေအမြင့်တစ်ပေ ခန့်နှင့် လမ်းအရှည်ပေ ၂ဝဝ ကျော် ခန့်သာ ရေဖုံးလွှမ်းခဲ့ပြီး ခရီးသွား ယာဉ်များ အန္တရာယ်ကင်းစွာသွား လာနိုင်ခဲ့ကြသည်။
ယခုအခါ ရေကျော်မှုမြင့်တက် လာသဖြင့် ခရီးသွားမော်တော် ယာဉ်များ ဖြတ်သန်းသွားလာရန် အန္တရာယ်ရှိနေသဖြင့် ယခုလ ၇ ရက် နံနက် ၉ နာရီခွဲမှစ၍ ယာဉ် သွားလာမှုကို ခေတ္တရပ်တန့်ထား ကာ ခရီးသွားယာဉ်များ အန္တရာယ် ကင်းရှင်းရေးနှင့် လိုအပ်သည့်အကူ အညီဆောင်ရွက်ပေးနိုင်ရန်အတွက် ကာမိုင်းမြို့ နယ်မြေခံရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ကာမိုင်းမြို့ မီးသတ် စခန်းမှ တပ်ဖွဲ့ဝင်များ၊ ကာမိုင်းမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများက အချိန်ပြည့်အသင့် စောင့်ကြပ်ပေးလျက်ရှိကြသည်။
ဤကဲ့သို့ ကားလမ်းရေကျော် မှုမှာ နန့်ကောင်းချောင်း အထက် ပိုင်း မိုးများစွာရွာသွန်းမှုကြောင့် ချောင်းရေ မြင့်တက်လာသဖြင့် ကာမိုင်းမြို့ကားလမ်းတစ်လျှောက် တွင် ရေလျှံမှုများဖြစ်ပွားခဲ့ရပြီး လက်ရှိအခြေအနေအရ ရေလျော့ ကျနိုင်မည့်အခြေအနေ မရှိသေး ကြောင်းဒေသခံများ၏အတွေ့အကြုံ အရ ဟြေကြားခဲ့သည်။