images
UN
UN
အိုဇုန်းလွှာကို ပျက်စီးစေမှု တိုးမြင့်လာခြင်း၏ အဓိကရင်းမြစ်သည် တရုတ်လျှပ်ကာဓာတုပစ္စည်းများကြောင့်ဖြစ်ဟုဆို
နောင်နောင် Monday, 09 July 2018
ဈေးပေါသည့် တရုတ်အိမ်သုံးလျှပ်ကာပစ္စည်းများသည် အိုဇုန်း လွှာကိုပျက်စီးစေသည့် ဓာတ်ငွေ့အမြောက်အမြားထုတ်လွှတ်မှုကို မြင့်တက်စေသည်ဟု ပြစ်တင်ဝေဖန်ခံနေရကြောင်း သိရသည်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအေဂျင်စီ(EIA) ကတရုတ်နိုင်ငံတွင်၂ဝ၁ဝပြည့်နှစ်ကတည်းကလုံးဝတားမြစ်ထားသည့် ထရိုင်ကလိုရိုဖလူရိုမီသိန်းဓာတ်ငွေ့ CFC-11 ကို ကျယ်ပြန့်စွာ သုံးစွဲ နေသည်ကို တွေ့ရှိခဲ့သည်ဟုသိရသည်။ ထူးဆန်းစွာ၎င်း ဓာတ်ငွေ့ ထုတ်လုပ်မှုမြင့်တက်လာခြင်းနှင့် ပတ်သက်ပြီး သိပ္ပံပညာရှင်များက ပဟေဠိဖြစ်နေကြခြင်းဖြစ်သည်။ သို့သော်လည်း (EIA) ၏ အစီရင်ခံ စာအရ အဓိကအကြောင်းအရင်းမှာ တရုတ်၏ လူနေအိမ်ဆောက် လုပ်မှုလုပ်ငန်းများကြောင့်ဖြစ်သည်ဟု အကြံပြုဖော်ပြထားကြောင်း သိရသည်။
လွန်ခဲ့သည့်နှစ်လခန့်တွင် သုတေသီများကလွန်ခဲ့သည့် ရှစ်နှစ် ကတည်းက လုံးဝတားမြစ်ပိတ်ပင်ထားသည့် CFC-11 အားသုံးစွဲ မှုလျော့ကျသည့်မျှော်မှန်းချက်သည် အခွန်နှေးကွေးသွားသည်ဟု ဖော်ပြခဲ့သည်။ ထို့ကြောင့် သုတေသီများက အရှေ့အာရှတစ်နေရာ တွင် သုံးစွဲမှုအသစ်များပြုလုပ်နေသည်ဟု သုတေသီများက သံသယ ဝင်ခဲ့ကြခြင်းဖြစ်သည်။ အချို့သော ကျွမ်းကျင်ပညာရှင်များက အဆိုပါဓာတုပစ္စည်းများကို နျူကလီးယားလက်နက်များတွင် အသုံး ပြုရေးအတွက် သန့်စင်ပြီးယူရေနီယံထုတ်လုပ်ရန်လျှို့ဝှက်စွာအသုံးပြု နေသည်ဟု စိုးရိမ်နေကြကြောင်း ကောလာဟလများလည်းထွက်ပေါ် နေလျက်ရှိသည်။EIA မှ သုတေသီများ၏ပြောကြားချက်အရ တရုတ် နိုင်ငံတစ်ဝန်းရှိ သီးခြားပြည်နယ် ၁ဝခုတွင် လျှပ်ကာပစ္စည်း ထုတ်လုပ်သည့် စက်ရုံပေါင်းများစွာတည်ရှိသည်ဟု သိရသည်။ တရုတ်ပြည်တွင်း ရောင်းရငွေ၏ ရာခိုင်နှုန်း၇ဝသည် CFC-11 ဓာတ်ငွေ့ရောင်းချရခြင်းမှဖြစ်ပြီး CFC-11 သည် အခြားသော အရာ များထက်ပိုမိုဈေးသက်သာကာ အရည်အသွေးပိုမိုကောင်းသည်ဟု သိရသည်။ Ref: BBC News