images
UN
UN
ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး
Monday, 09 July 2018
ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးသည် လူ ၁ဝဝ ခန့်သေဆုံးခဲ့ပြီးဖြစ်သော နိုင်ငံအနောက် ပိုင်းတွင် ဖြစ်ပွားနေသည့်ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ပယ်ဖျက်ခဲ့ကြောင်း ရိုက်တာသတင်းဌာနကဖော်ပြသည်။
ရှင်ဇိုအာဘေးသည် ဘယ်လ်ဂျီယံ၊ ပြင် သစ်၊ ဆော်ဒီ၊ အီဂျစ်နိုင်ငံများသို့ သွားရောက် မည့်ခရီးစဉ်များကို ပယ်ဖျက်ခဲ့ခြင်းဖြစ်သည်။ ရှင်ဇိုအာဘေး၏ပါတီဖြစ်သော လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ၏ အထွေထွေအတွင်းရေး မှူးတိုရှီဟီရိုနီကိုင်းက ရှောင်လွှဲမရနိုင်သော သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာမှုကြောင့် ထိခိုက်ဆုံးရှုံးမှုများ ကြုံတွေ့လာခြင်းကို ထိထိ ရောက်ရောက်ကိုင်တွယ်ရန်အတွက် ဝန်ကြီး ချုပ်သည် ပြည်ပခရီးစဉ်များအား ရပ်ဆိုင်းခဲ့ ခြင်းဖြစ်ကြောင်း ပြောသည်။ ထို့အပြင် ရှင်ဇို အာဘေးသည် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ အားလုံးမှ အကူအညီပေးရန်နှင့် ပူးပေါင်း ဆောင်ရွက်ရန်အမိန့်ပေးခဲ့ကြောင်း ဂျပန် ဝန်ကြီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။ လက်ရှိအချိန်၌ သေဆုံးသူအနည်းဆုံး ၁ဝဝ ခန့်ရှိကြောင်း အတည်ပြုခဲ့ပြီးဖြစ်သည်။ ထို့ အပြင် ပျောက်ဆုံးနေသူ ၅ဝ ခန့်ကို ရှာဖွေ ရန်အတွက် ကယ်ဆယ်ရေးအဖွဲ့များနှင့် ဂျပန် စစ်တပ်က အင်အားသုံးဆောင်ရွက်လျက်ရှိ ကြောင်းလည်း ဂျပန်ဝန်ကြီးချုပ်ရုံးက သတင်း ထုတ်ပြန်ခဲ့သည်။
NG(Ref;Reuters)