images
UN
UN
ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ
သန်းထိုက်(ရေဦး) Monday, 09 July 2018
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘို ခရိုင်ဝက်လက်မြို့နယ်တွင်ဇွန်လက မိုးသည်းထန်စွာရွာသွန်းပြီး လယ် ယာမြေ ဧကလေးထောင် ကျော်မှ နွေသီးနှံများ ရေဝင်နစ်မြုပ်ပျက်စီး ခဲ့ရာအစားထိုးပြန်လည်စိုက် ပျိုးနိုင် ရေးအတွက်ထွန်ယက်ခြင်းလုပ်ငန်း များဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီးစက်မှုလယ်ယာဦးစီး မှူး ဦးခင်မောင်ဇင်သည် ယခုလ ၇ ရက် နံနက် ၉နာရီက ရေဦးမြို့ နယ်စက်မှုလယ်ယာဦးစီးဌာန အမှတ် (၂၁)စက်မှုလယ်ယာစခန်း သို့ရောက်ရှိခဲ့ရာ ထွန်ယက်ရေး သွားမည့် လယ်ထွန်စက်များ ကြံ့ခိုင်မှုရှိမရှိ ကွင်းဆင်းကြည့်ရှုစစ် ဆေးပြီး ဝန်ထမ်းများယာဉ်မောင်း များနှင့် တွေဆုံ၍အားပေးစကား များပြောကြားခဲ့သည်။
ထို့နောက်မြို့နယ်စက်မှု လယ် ယာဦးစီးမှူး ဦးမောင်မောင်လွင် က တောင်သူလယ်သမားများနှင့် ပေါင်းစပ်ညှိနှိုင်းကာ ထွန်းယက် စိုက်ပျိုးပြီးသည်အထိ အခကြေး ငွေမယူဘဲ စေတနာအပြည့်အဝ ထား လုပ်ကိုင်ဆောင်ရွက်ပေးရန်၊ ဝက်လက်မြို့နယ်ရေနစ်မြုပ်ခဲ့သော လယ်ယာမြေများအချိန်မီထွန်ယက် စိုက်ပျိုးနိုင်ရန်အတွက် စစ်ကိုင်း တိုင်းဒေသကြီးအတွင်းမှ လယ် ထွန်စက် အစီး ၆ဝ နှင့်အတူ လူအား စက်အားအပြည့်အဝဖြင့် ကူညီလုပ်ကိုင်ပေးမည်ဖြစ်ရာအသိ သတိဖြင့်လုပ်ကိုင်သွားကြရန် မှာ ကြားခဲ့သည်။ ထို့ပြင် ထွန်ယက် ရေးလိုအပ်ပါက လယ်ထွန်စက် များထပ်မံစေလွှတ်နိုင်ရန် စီစဉ် ထားရှိကြောင်း သိရသည်။
ထို့နောက်ရေဦးမြို့နယ် အမှတ် (၂၁)စက်မှုလယ်ယာစခန်း ဒုဦးစီး မှူး ဦးဇော်မျိုးထက် ဦးဆောင်သော ထွန်ယက်ရေးလုပ်ငန်းအဖွဲ့က ထွန်စက်၁ဝစီးနှင့်အတူ ယာဉ်မောင်း များသည် ယခုလ ၇ ရက်နံနက် အစောပိုင်းက ရွှေဘိုခရိုင် ဝက် လက်မြို့နယ်သို့ သွားရောက်ကူညီ လုပ်ကိုင်ပေးရန် ထွက်ခွာခဲ့ကြ ကြောင်း သိရသည်။