images
UN
UN
ပြည်ပတင်ပို့မည့်နွားများ ထောက်ခံချက်တောင်းယူခြင်းနှင့် ပြန်လည်တင်ပြခြင်းတို့အတွက် ကြာမြင့်ချိန်အား လျှော့ချပေးရန်လို
အဖြူရောင် Monday, 09 July 2018
ပြည်ပတင်ပို့မည့် နွားများ ထောက်ခံချက်တောင်းယူခြင်းနှင့် ပြန်လည်တင်ပြခြင်းတို့အတွက် ကြာမြင့်ချိန်ကို လျှော့ချပေးရန် လိုအပ်နေကြောင်း မကွေးတိုင်း ဒေသကြီး ကုန်သည်များနှင့်စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးစိန်အေးမောင်က ပြော သည်။
ယခုလ၆ရက်တွင် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော် မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေနှင့် ပုဂ္ဂလိကလုပ်ငန်းရှင် များတွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ပြည်ပတင်ပို့မည့်နွားများ အတွက် တင်ပို့ခွင့်လျှောက်ထား ရာတွင် သက်ဆိုင်ရာဌာနမှကျန်း မာရေးကောင်းမွန်ကြောင်းထောက် ခံချက်နှင့် ကာကွယ်ဆေးထိုးပေး ကာ တင်ပို့မည့်နွားများအား မှတ် တမ်းတင်(နားကပ်) တပ်ဆင်ရပြီး ပြည်ပတင်ပို့ရန် တင်ပြထားသည့် အကောင်ရေပြည့်မီကြောင်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာနသို့ တင်ပြရ ကြောင်း၊ ထိုသို့ ထောက်ခံချက် တောင်းယူခြင်းနှင့် ပြန်လည်တင် ပြခြင်းတို့အတွက် အချိန်အားဖြင့် နှစ်လမှသုံးလ ကြာမြင့်နေကြောင်း သိရသည်။
ယခုကဲ့သို့ အချိန်ကာလကြာ မြင့်နေမှုကြောင့် စုဆောင်းထား သောနွားများအား နေ့စဉ်အစာ ကျွေးစရိတ်များပြားသည့်အတွက် ကြာမြင့်ချိန်ကို လျှော့ချပေးရန် လိုအပ်နေကြောင်း၊ ပြည်ပတင်ပို့ ခွင့်ရ၍တင်ပို့နိုင်ရန် ဒေသအာဏာ ပိုင်ထံသို့ တင်ဆောင်မည့်ကား နံပါတ်နှင့် မျှောစာရယူရာတွင် လည်း နေ့ချင်းပြီးမရ၍ မလို အပ်ဘဲ နေ့တွက်စရိတ်များထပ်မံ ကုန်ကျသည့် အခက်အခဲများကြုံ တွေ့နေရသောကြောင့် ကားနံပါတ် နှင့် မျှောစာကို တစ်ရက်အတွင်း နေ့ချင်းပြီးထုတ်ပေးရန် လိုအပ် ကြောင်း ၄င်းကပြောသည်။
လက်ရှိတွင် ပြည်ပမှနွားဝယ် ယူရန် ကမ်းလှမ်းမှုများရှိပြီး ဈေးကွက်တောင်းဆိုမှုများကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် နွား မွေးမြူတင်ပို့သည့် ကုမ္ပဏီများ အား နိုင်ငံခြားကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် အစိုးရ မှ G to G ညှိနှိုင်းမှုများ ချိတ်ဆက် ပေးသင့်ကြောင်း၊ နွားစားကျက် မြေနှင့် အစာမှာလည်းရှားပါး နေသည့်အတွက် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များတွင် မြေလွတ်မြေရိုင်းများအား မွေးမြူ ရေးဇုန်များ ပြုလုပ်ပေးသင့်ကြောင်း မကွေးတိုင်းဒေသကြီး ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များ အသင်းဥက္ကဋ္ဌ ဦးစိန်အေး မောင်က ပြောကြားခဲ့သည်။