images
UN
UN
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေး တရုတ်ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်အတွင်းရေးမှူးချုပ်ရုံး အတွင်းရေးမှူးနှင့်ဗဟိုကော်မတီ၏ပြန်ကြားရေးဌာနဝန်ကြီးအား လက်ခံတွေ့ဆုံ
Monday, 09 July 2018
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေး သည် တရုတ်ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရိုအဖွဲ့ဝင် အတွင်း ရေးမှူးချုပ်ရုံး အတွင်းရေး မှူးနှင့် ဗဟိုကော်မတီ၏ ပြန် ကြားရေးဌာနဝန်ကြီး H.E. Mr.Huang Kunming အား ယနေ့ညနေ ၄ နာရီတွင် နေပြည်တော် ပါတီဌာနချုပ် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံ ချစ်ကြည်ရေး၊ နှစ်နိုင်ငံဆက်ဆံ ရေးနှင့် နှစ်ပါတီဆက်ဆံရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်မှု အခြေအနေများအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြ သည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေး၊ ဗဟိုအလုပ်အမှု ဆောင်များဖြစ်ကြသည့် ဦးခင်ရီနှင့်ဦးဝဏ္ဏမောင်လွင်၊ ဗဟိုကော် မတီဝင်များဖြစ်ကြသည့် ဦးတင်ဦးလွင်နှင့် ဒေါက်တာနန္ဒာလှမြင့် တို့တက်ရောက်ခဲ့ကြပြီး တရုတ်ကွန်မြုနစ်ပါတီ ဗဟိုကော်မတီ၏ ပြန်ကြားရေးဌာနဝန်ကြီး H.E. Mr.Huang Kunming နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E.Mr.Hong Liangနှင့်အဖွဲ့ဝင် ၁၆ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။