images
UN
UN
'လူ့အခွင့်အရေး'ဆိုသောစကားလုံးသည် ဗုံးမဟုတ်ပါ
Monday, 09 July 2018
နယ်ချဲ့ပါးစပ်ဖျားမှ လူ့အခွင့်အရေးစွပ်စွဲခံရသောနိုင်ငံတိုင်း ခေါင်းငုံ့မခံကြပေ
======================================
လက်ရှိအမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် တစ်ကမ္ဘာလုံးနှင့် တစ်ယောက်ရန်ဖြစ်ရဲသူဖြစ် သည်။ ကောင်းတာမကောင်းတာအပထား သတ္တိ ပြောင်သည်ပြောရမလား။ မိုက်ကန်းလွန်းသည် ပြောရမလားမသိပေ။ သူတက်လာပြီးကတည်းက အမေရိကန်ပြည်တွင်းမှာပင် ဒေါ်နယ်ထရန့် ဆန့်ကျင်ရေးဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည်။ ယနေ့ ဥတုရာသီပြောင်းလဲဖောက်ပြန်ရာ၌ တစ်ကမ္ဘာ လုံး အပူလွန်ဒဏ်၊ အအေးလွန်ဒဏ်၊ မုန်တိုင်းမျိုး စုံဒဏ်၊ မိုးခေါင်ဒဏ်၊ မိုးများရေကြီးပြီး မြေပြို ဒဏ်၊ မြို့ရွာများရေလွှမ်းဒဏ်များလှိမ့်ခံနေကြရ ရာ အမေရိကန်နိုင်ငံရှိ အမေရိကန်ပြည်သူများ လည်း မလွတ်ပေ။ ထို့ကြောင့် ဒီမိုကရက်တစ် ပါတီဝင်သမ္မတဘေလ်ကလင်တန်က နိုင်ငံတကာ ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ညီလာခံ၌ စက်ရုံများမှ ကာဗွန်ဓာတ်ထုတ်လွှင့် မှုလျှော့ချရေး ကျိုတိုသဘောတူစာချုပ်လက်မှတ် ရေးထိုးခဲ့သည်။ နောက်တက်လာသောရီပတ် ဘလီကင်ပါတီဝင်သမ္မတ ဂျော့ဒဗလျူဘုရှ် (ဂျူနီ ယာ)က ကျိုတိုသဘောတူစာချုပ်မှ နုတ်ထွက် လိုက်သည်။ ဂျူနီယာဘုရှ်၏ဖခင်ဖြစ်သူ စီနီယာ ဘုရှ်(ဂျော့ဒဗလျူအိပ်ခ်ျဘုရှ်)သမ္မတဖြစ်စဉ်က လည်း ဥရုဂွေးနိုင်ငံတွင် ရာသီဥတုထိန်းသိမ်းရေး သဘောတူစာချုပ်တွင် စက်မှုထွန်းကားသောနိုင်ငံ ကြီးများက စက်ရုံများမှ ထုတ်လွှတ်နေသော ကာဗွန်ဓာတ်လျှော့ချရေးကို ခါးခါးသီးငြင်းဆန်ခဲ့ သည်။ အမေရိကန်စက်မှုစီးပွားနည်းနည်းမျှ အလျော့ပါးမခံနိုင်ဟုဆိုသည်။

ဒီမိုကရက်တစ်သမ္မတဘားရက်အိုဘားမား က ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ကျင်းပသော ကမ္ဘာ့ ရာသီဥတုဖောက်ပြန်မှုထိန်းညှိရေးညီလာခံ၌ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးအတွက် ပါရီ သဘောတူစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုး ခဲ့သည်။ ယခု ရီပတ်ဘလီကင်ပါတီသမ္မတ ဒေါ်နယ်ထရန့်က သူတက်လာပြီးမကြာချက်ချင်း ပင် ပါရီသဘောတူစာချုပ်မှ နုတ်ထွက်လိုက်ပြန် သည်။ အီရန်နျူကလီးယားအရေးနှင့်ပတ်သက် ၍ အမေရိကန်၊ အီးယူ၊ အင်္ဂလိပ်အပါအဝင် နိုင်ငံ ကြီးများသဘောတူညီချက်အဖွဲ့မှလည်း ဒေါ် နယ်ထရန့်ထွက်လိုက်ပြန်ပေပြီ။
အမေရိကန်တွင် အမေရိကန်သာပထမ(အရာ ရာအမေရိကန်ထိပ်ဆုံးမှာသာရှိရမည်)ဟူသော နိုင်ငံတော်မူဝါဒကို ရီပတ်ဘလီကင်ပါတီနှင့် ဒီမိုကရက်တစ်ပါတီနှစ်ခုစလုံးက ခံယူယုံကြည် လက်ခံကြသည်။ ပြည်သူကလည်း ထိုနှစ်ပါတီ ကိုသာ တစ်လှည့်စီမဲပေးရွေးချယ်နေကြရပေ သည်။ ဝါဒအပြိုင်ဖြစ်သောဆိုရှယ်လစ်၊ ကွန်မြူ နစ်စသည့်တို့အဝင်မခံကြပေ။ ဒီမိုကရက်တစ် သမ္မတတက်လာလျှင် လုပ်နည်းလုပ်ဟန်ပျော့ ပျောင်းသယောင်ထင်ရသော်လည်း သူတစ်ပါး နိုင်ငံတစ်ခု၊ နှစ်ခုလောက်တော့အကြောင်းတစ်ခုခု ပြ၍ ကျူးကျော်တိုက်ခိုက်သည်။ ရီပတ်ဘလီ ကင် သမ္မတတက်လျှင်လည်း နိုင်ငံတစ်နိုင်ငံ၊ နှစ်နိုင်ငံ အနည်းဆုံးကျူးကျော်သည်။ အမေရိကန် အကျိုးဖြစ်ထွန်းစေရန် နိုင်ငံတကာပြည်တွင်းရေး ဝင်စွက်ဖက်ရာ၌လည်း နှစ်ပါတီဟူသည်ဒီမိုက ရက်သမ္မတက ပျော့ပျော့နှင့်နံသောကြောင်ချေး၊ ရီပက်ဘလီကင်သမ္မတက ဘီလူးထွက် ထွက် တတ်သည်။
ဒီမိုကရက်တစ်သမ္မတများလည်း သမ္မတ ဂျင်မီကာတာလက်ထက်မှစ၍ အိုးဘားမား လက်ထက်အထိ လူ့အခွင့်အရေးအကြောင်းပြချက် ဖြင့် နိုင်ငံများစွာကို ရန်လိုသည်။ ပြည်တွင်းရေး ဝင်စွက်သည်။ မလိုလျှင် မလိုသလို နိုင်ငံများ ကို စီးပွားရေး၊ ပိတ်ဆို့အရေးယူတတ်သည်။ ရီပတ်ဘလီကင်သမ္မတများဖြစ်သောစီနီယာဘုရှ် ရော်နယ်ရီကင်၊ ဂျူနီယာဘုရှ်တို့လည်း အလားတူ ကျူးကျော်စွက်ဖက်သည်။ ဂျူနီယာဘုရှ်လက် ထက်တွင် လူ့အခွင့်အရေး အကြောင်းပြချက်သာ မက အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ မိစ္ဆာနိုင်ငံများ အားဖြိုချရေး၊ ရန်သူက ကိုယ့်ဆီလာမတိုက်ခင် ကိုယ်က လက်ဦးမှုရယူပြီး ဦးစွာ သွားရောက် တိုက်ခိုက်ရေးစစ်ပွဲ(Preemptie war) ဟု တွင်လာ သည်။ နိုင်ငံများစွာကို လူ့အခွင့်အရေး၊ ဒီမို ကရေစီစွပ်စွဲချက်များ၊ ဘာသာရေးပိတ်ပင်မှု၊ လူ အစုအပြုံလိုက်သေစေသော လက်နက်များထုတ် လုပ်လာမှု (နျူကလီးယားလက်နက်၊ ဓာတုအဆိပ် လက်နက်၊ ဇီဝရောဂါပိုးမွှားလက်နက်စသည် များ)စွပ်စွဲကာ ကုလသမဂ္ဂကတစ်လုံးမှ ဝင်မပြော နိုင်အောင်လုပ်ပြီး ကျူးကျော်နေကြပေသည်။

ယခုရီပတ်ဘလီကင်သမ္မတ ဒေါ်နယ်ထရန့် ကား ယခင်ရီပတ်ဘလီကင်သမ္မတ၊ ဒီမိုကရက် တစ်သမ္မတတို့ထက်လက်စောင်းထက်စွာ ကမ္ဘာ တစ်ခွင် ဗိုလ်ကျစိုးမိုးလာပေသည်။ ကမ္ဘာဖိုး တုတ်ဘွဲ့ပင်ပေးရတော့မည်ဖြစ်သည်။ နေ့စဉ်နှင့် အမျှ နိုင်ငံငယ်၊ နိုင်ငံလတ်၊ နိုင်ငံကြီးများကို ရန်လိုသည်။ ရန်စသည်၊ ထိပ်တိုက်ရင်ဆိုင်လုပ် လာသည်။ နိုင်ငံများစွာကို အသားလွတ်စီးပွား ရေးပိတ်ဆို့အရေးယူခြင်း၊ အခြားခရီးသွားခွင့်၊ လက်နက်ဝယ်ခွင့် စသည်တို့ကိုပါ ပိတ်ဆို့သည်။ ပုဂ္ဂိုလ်တစ်ဦးချင်းအပေါ်လည်း ပိတ်ဆို့အရေးယူ သည်။ မနေ့က အရေးယူပိတ်ဆို့ပြီး နိုင်ငံတစ်ခု ကို ယနေ့ထပ်မံပိတ်ဆို့သည်။ နောက်တစ်နေ့ထပ် မံပိတ်ဆို့ရန်လည်း ဝန်မလေးပေ။
ယခုတလော ဆီးရီးယားကိုအပေါင်းပါနယ်ချဲ့ အုပ်စုဝင် အင်္ဂလိပ်၊ ပြင်သစ်တို့နှင့်အတူ အမေရိ ကန်က ဒုံးလက်နက်များဖြင့် ကျူးကျော်တိုက် ခိုက်သည်။ ဆီးရီးယားလက်ရှိ သမ္မတ အာဆဒ် အစိုးရတပ်များက ဆီးရီးယားပြည်သူများကို ဓာတုလက်နက်များဖြင့် တိုက်ခိုက်သောကြောင့် ဟု စွပ်စွဲသည်။ ဆီးရီးယားအစိုးရက သူတို့ထံ တွင် ဓာတုလက်နက်လည်းမရှိ၊ သုံးလည်းမသုံး ဟု ငြင်းသည်။ ရုရှားက အမေရိကန်အနေဖြင့် သက်သေပြပါဟုဆိုသည်။ နိုင်ငံတကာဓာတု လက်နက်ပိတ်ပင်တားဆီးရေးအဖွဲ့ကလည်း သူတို့ ဝင်စစ်ပြီးပြီ၊ ဓာတုလက်နက်သုံးသော အထောက် အထားသက်သေခံပစ္စည်းမတွေ့ရဟုဆိုသည်။
ဒေါ်နယ်ထရန့်အပါအဝင် ယခင်အမေရိကန် သမ္မတများကလည်း ဆီးရီးယားမှ တရားဝင် အစိုးရခေါင်းဆောင်အာဆဒ်ကိုမကြိုက် ထွက်ပေး ရမည်။ ထွက်မပေးလျှင် တိုက်ပြီးဖြုတ်ချမည်ဆို သောစကားပြောကြသည်။ အာဆဒ်အားကြိုက် မကြိုက်မှာ ဆီးရီးယားပြည်သူ၏ဆန္ဒသဘော ထားသာဖြစ်ရပေမည်။ အမေရိကန်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဆော်ဒီအာရေဗျနိုင်ငံတို့နှင့် မဆိုင်ပေ။ ဆီးရီးယားနိုင်ငံသည် အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်သောကြောင့်ပင်တည်း။ အာဆဒ်ကို မကြိုက်လျှင် ဆီးရီးယားပြည်သူတို့ကသာ ဖြုတ်ချ ခွင့်ရှိပေသည်။ အီရတ်သမ္မတဆက်ဒမ်ဟူစိန်ကို လည်း အမေရိကန်၊ စီအိုင်အေတို့က ရင်းရင်းနှီးနှီး ဆက်ဆံနေခဲ့ကြသည်။ အီရတ်ပြည်သူတို့က ဆက်ဒမ်ဟူစိန်ကို ခုနစ်နှစ်သက်တမ်းအတွက် မဲ ပေးရွေးခဲ့သည်မှာပင် နှစ်ကြိမ်ရှိနေပေပြီ။ အီရတ် ၏မြေအောက်ရေနံသိုက်ပမာဏမှာ ကမ္ဘာတွင် ဒုတိယအကြီးဆုံးသိုက်ဖြစ်၍ အမေရိကန်က လိုချင်နေခဲ့သည်။
ထို့ကြောင့် သမ္မတဂျူနီယာဘုရှ်သည် ဒုသမ္မတဒစ်ချေနီ ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက် သော ဟယ်လီဘာတန်ရေနံကုမ္ပဏီအား အီရတ် ကိုမတိုက်မီ ခြောက်လကြို၍ ကန်ထရိုက်ပေးပြီး မှ ဆက်ဒမ်ဟူစိန်သည် နျူကလီးယားလက်နက်၊ ဓာတုအဆိပ်လက်နက်၊ ဇီဝရောဂါပိုးမွှားလက်နက် များလုပ်နေပြီ။ မကြာမီအမေရိကန်ကို တိုက်တော့ မည်။ ကမ္ဘာကိုလည်း တိုက်တော့မည်ဟု စွပ်စွဲ သည်။ ရန်သူက ကိုယ့်ဆီလာမတိုက်မီ ကိုယ်က လက်ဦးမှုယူပြီး သူ့ဆီသွားတိုက်မည်ဟု ကြေညာ ကာ ၂ဝဝ၃ခုနှစ် မတ်လ ၁၉ရက်ညမှစပြီး အီ ရတ်ကိုဗုံးကြဲသည်။ ကုလသမဂ္ဂကတားသည်။ ၁၉၉၁ခုနှစ်မှစပြီး ယနေ့တိုင် အမေရိကန်တို့စွပ်စွဲ သည့်အတွက် အီရတ်တွင် ထိုလက်နက်မျိုးရှိ မရှိ၊ နိုင်ငံစုံမှ လက်နက်ပညာရှင်များအဖွဲ့ကို ယနေ့ အထိ အကြိမ်ကြိမ်စေလွှတ်ရှာဖွေခဲ့သည်။ လုံးဝ ရှာမတွေ့ပါ။ သမ္မတအိမ်တော်၊ ဝန်ကြီးရုံးများ၊ အိမ်များအကြား အကြိမ်ကြိမ်ရှာခဲ့ပြီးပါပြီ။ မတွေ့ ပါ။ အမေရိကန်ကျေနပ်အောင် ထပ်ပြီးရှာပါဦး မည်။ တစ်လလောက်တော့ စောင့်ကြည့်ပါဦးဟု တားသည့်ကြားမှ ကုလသမဂ္ဂက တွေ့အောင်မရှာ နိုင်၊ မိမိတို့တွေ့အောင်ရှာပြမည်ဟု အမေရိကန် သမ္မတ ဂျုနီယာဘုရှ်ကပြောပြီး ဝင်တိုက်သည်။ တိုက်ပြီး ရှာမတွေ့တော့မှ အီရတ်ကို ဒီမိုကရေစီ သွတ်သွင်းပေးပြီး အရှေ့အလယ်ပိုင်းမွတ်စလင်၊ အာရပ်နိုင်ငံများကို ဒီမိုကရေစီသွတ်သွင်းပေးဖို့ဟု လေသံပြောင်းသည်။
အရှေ့အလယ်ပိုင်းတွင် အီရတ်သည် လူထုက မဲနှင့် ရွေးကောက်သောဒီမိုကရေစီနိုင်ငံတွင် ဆက် ဒမ်ဟူစိန်သည် လူထုရွေးသည့်သမ္မတဖြစ်သည်။ အီရတ်ပြည်သူများက ဆက်ဒမ်ဟူစိန်ကို ကြည်ညို ကြသဖြင့် ရွေးကောက်ပွဲ မဲလက်မှတ်ထုတ်ယူရာ မှာပင် မင်ပါသောဖောင်တိန်၊ ဘောလ်ပင်ဖြင့် လက်မှတ်မထိုး၊ မိမိတို့လက်မကို ဘလိတ်ဓားဖြင့် လှီးကာ ထွက်လာသောသွေးကိုမင်အဖြစ် လက်မ လက်ဗွေပုံစံခတ်နှိပ်ကာ မဲပေးသည်။ ထို့ကြောင့် ပင် ထိုလုပ်ရပ်ကို အညိုရောင်(သွေးရောင်)တော် လှန်ရေးဟုဆိုသည်။ ဆီးရီးယားပြည်သူတို့က အာ ဆဒ်ကိုထောက်ခံသည်။ အတိုက်အခံများက မိမိ တို့အာဏာရအောင် အမေရိကန်အားကိုးဖြင့် ဆန္ဒ ပြသည်။ အမေရိကန် စီအိုင်အေက ထိုအတိုက် အခံများကို လက်နက်တပ်ဆင်ပေးလိုက်သော အခါ ပြည်တွင်းစစ်ဖြစ်သည်။
၁၈၊၁၉၊၂ဝရာစုအထိ အင်္ဂလိပ်၊ ပြင်သစ်၊ ဒတ်ခ်ျ၊ နော်ဝေ၊ ပေါ်တူဂီ၊ စပိန်၊ ဘယ်လ်ဂျီယံ၊ ဆွီဒင်၊ ဂျာမနီ၊ အီတလီ၊ အမေရိကန်၊ ဂျပန်၊ သြစတြေးလျ၊ နယူးဇီလန်တို့သည် နယ်ချဲ့ကာ ကမ္ဘာ့နိုင်ငံများနှင့် လူသားများကို ကျွန်ပြုသွေး စုပ်ခဲ့ကြသည်။ ကျွန်ပြုမည့်နိုင်ငံကို အပြီးသိမ်း ပိုက်ရန် သူတို့နယ်ချဲ့အရင်းရှင်အစိုးရပါလီမန် (သူတို့အခေါ် ပါလီမန်ဒီမိုကရေစီနိုင်ငံ)တို့၏ ဆုံး ဖြတ်ချက်၊ အမိန့်အရ ကျူးကျော်တိုက်ခိုက် သိမ်း ပိုက်ကျွန်ပြုကြသည်။ ထိုနယ်ချဲ့နိုင်ငံတို့ပါးစပ် ဖျားမှ ဒီမိုကရေစီစကားလုံးဖြင့် ကမ္ဘာ့နိုင်ငံ တစ်ရာကျော် ကျွန်ဖြစ်ခဲ့ရသည်။