images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
ရိုက်တာသတင်းထောက်နှစ်ဦးအား နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေပုဒ်မဖြင့် စွဲချက်တင်အမိန့်ချ
ထက်မြက်အောင် Monday, 09 July 2018
နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေ ပုဒ်မဖြင့် ဖမ်းဆီးထိန်းသိမ်းခံထား ရသော ရိုက်တာသတင်းထောက် နှစ်ဦးကိုယနေ့နံနက်ပိုင်းက ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံးတွင် ရုံး ထုတ်စစ်ဆေးခဲ့သည်။
ရိုက်တာသတင်းထောက် နှစ် ဦးအား ယနေ့ ၂၉ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခြင်းဖြစ်ပြီး ခရိုင် တရားသူကြီးကနိုင်ငံတော်လျှို့ဝှက် အက်ဥပဒေပုဒ်မ ၃(၁) (ဂ) ဖြင့် စွဲချက်တင်ကြောင်း အမိန့်ချမှတ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
''ဒီနေ့ ဆုံးဖြတ်ချက်ချတာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ က ဘာအပြစ်မှကျူးလွန်တဲ့သူတွေ မဟုတ်ပါဘူး။ ဒါပေမဲ့လို့ ဒီနေ့ စွဲချက်တင်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး တော့ ကျွန်တော်ပြောချင်တာက ကျွန်တော် လက်လျှော့မှာ မဟုတ် ပါဘူး။ ကျွန်တော်တို့မှာ ခုခံချေပ ခွင့်ရှိပါတယ်''ဟု ကို သက်ဦး မောင်(ခေါ်) ဝလုံးက မီဒီယာများ ကို ဖြေကြားခဲ့သည်။
ယနေ့ရုံးထုတ်တွင် ဖမ်းဆီးခံ ထားရသော သတင်းထောက်များ အား နိုင်ငံတော်လျှို့ဝှက်အက်ဥပ ဒေဖြင့် စွဲချက်တင်ရန် ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံးက အမိန့် ချခဲ့ပြီး နောက်တစ်ကြိမ်ရုံးချိန်းကို ယခုလ ၁၆ ရက်နှင့် ၁၇ ရက်သို့ ထပ်မံချိန်းဆိုခဲ့ကြောင်း သိရသည်။
ယခုလ ၂ ရက် ရုံးချိန်းတွင် ရိုက်တာသတင်းထောက်နှစ်ဦးအား စွဲဆိုထားသည့် ပုဒ်မများနှင့် စွဲချက် တင်သင့် မတင်သင့်ကို နှစ်ဖက် လျှောက်လဲချက်ပေးခဲ့သည်။
ရိုက်တာသတင်းထောက်နှစ် ဦးဖြစ်သည့်ကိုသက်ဦးမောင်(ခေါ်) ဝလုံးနှင့် ကိုကျော်စိုးဦး (ခေါ်) မိုး အောင်တို့ကိုရခိုင်ပြည်နယ်မြောက် ပိုင်းမောင်တောဒေသတွင်းအကြမ်း ဖက်မှုများနှင့်ပတ်သက်သည့် အစီ ရင်ခံစာ စာရွက်စာတမ်းများ လက် ဝယ်တွေ့ရှိသည်ဆိုကာ ပြီးခဲ့သည့် ၂ဝ၁၇ ဒီဇင်ဘာ ၁၂ ရက် ညပိုင်း တွင် မင်္ဂလာဒုံမြို့နယ်ထောက်ကြန့် ရဲစခန်းက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၄င်းတို့နှစ်ဦးအား မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်နယ်မြေရဲစခန်းတွင် (ပ)၁၂၉၈/ ၂ဝ၁၇၊ နိုင်ငံတော်လျှို့ ဝှက်အက်ဥပဒေပုဒ်မ၃(၁)(ဂ)ဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။